ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

23 October 2012

မန်ရှန်တွင်KIA နှင့်တိုက်ပွဲဖြစ် အစိုးရတပ် ၆ ဦးသေ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနား-ဆတုံး-ကန်ပိုင် တီလမ်းရှိ လုဂျီ (Lu Ji) နှင့် လဖိုင် (La Hpai) ကြားရှိ မန်ရှန် (Mang Shang) ရွာအနီးတွင် အောက်တိုဘာ၂၁ ရက် တနင်္ဂနွေနေ့ ည ၈ နာရီအချိန်ခန့်က မြန်မာအစိုးရ တပ်မ (၈၈)

မှ အင်အား ၃၀ ကျော်အား ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၅) လက်အော်ခံ တပ်ရင်း (၃) အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

"လဖိုင်ရွာကနေ အဖွဲ့လိုက် ဆင်းလာကြတာ ကျနော်တို့ ကွက်တိစောင့်ပြီး ပစ်လိုက်တာ" ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

မြန်မာအစိုးရတပ်သားများသည် ၎င်းတပ်ရင်း (၃) နယ်မြေအတွင်း လမ်းမကြီးတလျှောက် တပ်ချ၍ လှုပ်ရှားနေကြသော တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

အလားတူ တပ်မဟာ (၅) နယ်မြေ ဒေါ့ဖုန်းယန် (Dawhpumyang) ရှိ လုံဂျာကောင် (Lung Ja Kawng) တွင်လည်း မြန်မာအစိုးရတပ်ဖွဲ့ (ခမရ ၃၂၀) အင်အား ၃၀ ကျော်အား တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) မှ တနင်္ဂနွေညတွင် ပြောက်ကျား စနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ကျဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရှိရကြောင်းပြောသည်။

စစ်ဘေးရှောင် ဒေသခံများသည် KIO ဗဟိုဌာနချုပ် လိုင်ဇာဒုက္ခသည်စခန်းတွင် ခိုလှုံနေသော်လည်း အချို့မှာ စပါး ရိတ်သိမ်းချိန်ဖြစ်၍ ရွာသို့ ခေတ္တ ပြန်လာခဲ့ရာ အစိုးရတပ်မှ ၎င်းတို့ပိုင် ကျွဲ၊ နွား၊ ၀က် စသည့် တိရိစ္ဆာန်များအား သတ်ဖြတ် စားသောက်ထားသည်ကို တွေ့ရကြောင်း ပြောဆိုသည်။

လောလောဆယ် အစိုးရတပ်မှ အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေသလို KIA တပ် စခန်းများအား ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အောက်တိုဘာလ ၁၉ ရက် သောကြာနေ့ ည ၁၀ နာရီကျော်တွင် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နယ်မြေအတွင်းရှိ ကောင်ရာ (Kawng Ra) တပ်စခန်းတခုကို မြန်မာအစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၅၈၊ ၅၇) စုပေါင်းတပ် အင်အား ၁၀၀ ကျော်ဖြင့် လာရောက်တိုက် ခိုက်ခဲ့ရာ KIA စခန်းကို နောက်ဆုတ်လိုက်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးပြောသည်။

"မိနစ်ပိုင်း ပစ်ခတ်ကြပြီးတော့ ကျနော်တို့နောက်ဆုတ်လိုက်တယ်။ ကျနော်တို့ဘာမှ မဖြစ်ဘူး။"

၎င်းတပ်စခန်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များ ခဏတစ်ဖြုတ်လာ၍အခြေချထားသော တပ်စခန်းလည်းဖြစ်ပြီး မြန်မာအစိုးရတပ်သည် ၎င်းတပ်စခန်းကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ယခုချိန် ၎င်းတပ်စခန်းတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြန်လည်နေရာယူထားကြောင်း KIA အရာရှိတစ်ဦး ဆိုသည်။

လောလောဆယ် KIA တပ်မဟာ (၅) ထိန်းချုပ်ဒေသဖြစ်သည့် တပ်ရင်း (၃) နယ်မြေ ဆတုံး ကန်ပိုင်တီလမ်း တွင် မြန်မာအစိုးရတပ် တပ်ရင်း ၁၀ ရင်းကျော် အင်အား ၁၀၀၀ ကျော်ဖြင့် နေ့စဉ်လှုပ်ရှား၍ထိုးစစ်ဆင် နေကြောင်းသိရသည်။

ကချင်သတင်းဌာန

ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည

ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်နေကြသူများအနက် အလုပ်လုပ်ခွင့် လက်မှတ်(work permit) မရှိသည့် အလုပ်သမားများအား ယခုနှစ်ကုန်ပိုင်း တွင် ဖမ်းဆီးတော့မည်ဖြစ်၍ အလုပ်လုပ် ခွင့် လက်မှတ် အမြန်ဆုံးပြုလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များကအသိပေးထားကြောင်း သိရသည်။

မဲဆောက်အခြေစိုက်အလုပ်သမားအရေးကိုကူညီ ဆောင်ရွက်ပေးနသည့် ရောင်ခြည်ဦး အလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က "ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ Work Permit လုပ်ရမယ်။

မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။အခြား ဘာလက်မှတ် ကိုင်ဆောင်ထားပါစေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်"ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအနေဖြင့် ယခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံးသက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုး မိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်နေ့အထိ နောက်ဆုံးထားကာ ထိုင်းအစိုးရက ဖမ်းဆီးအရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ကိုထွေးနိုင်ကဆိုသည်။

ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေပုဒ်မ(ဘီအီး၂၅၂၂) အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ (ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု သိရသည်။

မဲဆောက်တွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက"အရင်က အထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်ပေါင်းမနည်းတော့ဘူး။ အခုကအဲဒီဟာတွေနဲ့ မရတော့ဘူးဆိုတော့ သူတို့(ထိုင်းအစိုးရ)ပြောသလို လုပ်ရတော့မှာပေါ့" ဟု ပြောသည်။

၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာပွဲစားများမှတဆင့် ပြုလုပ်သူများဖြစ်၍ အကုန်အကျပိုများပြီး သတ်မှတ်ချက်အရ ၆လစာ သက်တမ်း အတွက် ဘတ်ငွေ ၁,၀၀၀(တစ်ထောင်)နှင့် ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်ငွေ ၁,၉၀၀(တစ်ထောင့်ကိုးရာ) ကုန်ကျမည်ဟု ရောင်ခြည်ဦးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့ကပြောဆိုသည်။

တဆက်တည်းမှာပင်Work permit ပြုလုပ်ရာတွင်ထိုင်းနိုင်ငံအတွင်း နေထိုင်ကြောင်း ထောက်ခံစာ၊ဆေးရုံ တစ်ခုခုထောက်ခံပေးသော ဆေးထောက်ခံစာနှင့်အတူ အလုပ်ရှင်၏ထောက်ခံချက်များ မဖြစ်မနေပါရှိရမည် ဖြစ်သည်ဟုလည်း ကိုထွေးနိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ်(Work permit) ကိုင်ဆောင်၍ ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ထား သူများအနေဖြင့် ပုံမှန် ရက် ၉၀ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁,၀၀၀မှ ၅၀၀၀ အထိ ပေးဆောင်ရနိုင်သည်ဟု သိရသည်။

ကေအိုင်စီသတင်း

မြောက်ဦးနှင့်မင်းပြား ရခိုင်-ဘင်္ဂလီအရေးအခင်းကြောင့် ရခိုင်များ သေဆုံး(ယနေ့ နောက်ဆုံးသတင်းပေးချက်)


မင်းပြားနှင့် မြောက်ဦး ကျေးရွာများတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းများ ဖြစ်ပွါး လျက်ရှိရာ ရခိုင်အမျိုးသားများမှာ သေနတ်ဖြင့် တိုက်ခိုက်မှုများကို ကြုံတွေ့နေရကြောင်း သိရှိရသည်။

သေနတ်ပစ်ခံရသူများထဲတွင် ဖြူမောင်ထွီး (၂၉) နှစ်၊ အဘ ဦးတောလူချေနှင့် မင်းပြားမြို့နယ်၊ ဆင်ဖြူတောင် ကျေးရွာနေ မောင်ခိုင်ဦး အသက် (၃၂) နှစ်၊ အဘ ဦးမောင်သိန်း တို့ဖြစ်သည်။

ဖြူမောင်ထွီးမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုနေကြပြီး မောင်ခိုင်ဦးမှာ ဦးခေါင်းတွင် ကျည်ဆံ ထိမှန်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

မင်းပြားမြို့နယ် နှင့် မြောက်ဦးမြို့နယ် အရေးအခင်းတွင် ဘင်္ဂလီကုလားများ ရန်ကို ခုခံယင်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အရေးပေါ်လူနာ (၃) ယောက်ကို မြောက်ဦး ပြည့်သူ့ဆေးရုံးမှ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ သယ်ယူလာပါသည်။

ထိုလူနာများ၏ ဒဏ်ရာ အခြေအနေကို အရေးပေါ် ဆေးကုသနိုင်ရန်အတွက် ၀ံလက်ဖောင်ဒေးရှင်းမှ အရေးပေါ်အလှူငွေ (၁) သိန်း (၃)သောင်းကျပ်ကို စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံးသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

ထိုလူနာ (၃)ယောက်မှာ (၁)ဦးစိန်သာအောင် ၊ အသက် (၆၀)နှစ်၊ အောက်ပိုင်းတွင် လှံဒဏ်ရာဖြင့် အပြင်းအထန်း ဒဏ်ရာရရှိထားပြီး အခြေအနေမှာ စိုးရိမ်းရပါသည်။ (၂) မောင်မောင်နိုင် (ဘ) ဦးမောင်စောနု ၊ မောင်သာကုန်ကျေးရွာ၊ အသက် (၃၀) နှစ် (၃) မောင်ထွီးစိန် ၊ အသက် (၃၀)နှစ်၊ ကျောင်းတောင်ကျေးရွာမှ ဖြစ်ကြပါသည်။ အရေးပေါ် အခြေအနေကြောင်း စစ်တွေမြို့ ပြည်သူ့ ဆေးရုံးတွင် တင် ထားရပါသည်။

Coral Arakan News

မြောက်ဦးနှင့်မင်းပြားရခိုင်-ဘင်္ဂလီအရေးအခင်းကြောင့် ရခိုင်များ သေဆုံး


မင်းပြားနှင့် မြောက်ဦးကျေးရွာများတွင်ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းများဖြစ်ပွါးလျက်ရှိရာ ရခိုင်အမျိုးသားများမှာ သေနတ်ဖြင့် တိုက်ခိုက်မှုများကို ကြုံတွေ့နေရကြောင်းသိရှိရသည်။ သေနတ်ပစ်ခံရသူများထဲတွင်ဖြူမောင်ထွီး(၂၉) နှစ်၊အဘ ဦးတောလူချေနှင့်မင်းပြားမြို့နယ်၊ ဆင်ဖြူတောင် ကျေးရွာနေ မောင်ခိုင်ဦးအသက် (၃၂) နှစ်၊အဘ ဦးမောင်သိန်းတို့ဖြစ်သည်။ ဖြူမောင်ထွီးမှာ လုံခြုံရေးစစ်တပ်မှပစ်ခတ်ခံရခြင်း ဖြစ်သည်ဟုပြောဆိုနေကြပြီးမောင်ခိုင်ဦးမှာ ဦးခေါင်းတွင်ကျည်ဆံ ထိမှန်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်းသိရှိရသည်။

မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ် အရေးအခင်းတွင် ဘင်္ဂလီကုလားများရန်ကို ခုခံယင်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အရေးပေါ်လူနာ (၃) ယောက်ကိုမြောက်ဦး ပြည့်သူ့ဆေးရုံးမှစစ်တွေမြို့ပြည်သူ့ဆေးရုံးသို့ သယ်ယူလာပါသည်။ ထိုလူနာများ၏ ဒဏ်ရာ အခြေအနေကို အေ ရးပေါ်ဆေးကုသနိုင်ရန်အတွက်ဝံလက်ဖောင်ဒေးရှ င်းမှ အရေးပေါ်အလှူငွေ (၁) သိန်း (၃)သောင်းကျပ်ကိုစစ်တွေမြို့ရှိပြည်သူ့ဆေးရုံးသ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုလူနာ (၃)ယောက်မှာ (၁)ဦးစိန်သာအောင်၊ အသက် (၆၀)နှစ်၊ အောက်ပိုင်းတွင်လှံဒဏ်ရာဖြင့် အပြင်းအထန်း ဒဏ်ရာရရှိထားပြီးအခြေအနေမှာ စိုးရိမ်းရပါသည်။ (၂) မောင်မောင်နိုင်(ဘ) ဦးမောင်စောနု၊ မောင်သာကုန်ကျေးရွာ၊အသက်(၃၀) နှစ် (၃) မောင်ထွီးစိန် ၊အသက်(၃၀)နှစ်၊ ကျောင်းတောင်ကျေးရွာမှဖြစ်ကြပါသည်။ အရေးပေါ်အခြေအနေကြောင်း စစ်တွေမြို့ပြည်သူ့ ဆေးရုံးတွင်တင်ထားရပါသည်။       
face book မှ

facebook မှကြည့် ချင်ရင် like လုပ်ပါ