ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 November 2012

ရည်ရွယ်ချက်မရှိသော်လည်း မလုပ်သင့်တဲ့ အနေအထားနဲ့ ရိုက်ခဲ့တဲ့ဓာတ်ပုံကြောင့် အလုပ်ထုတ်ခံရသူ


အမေရိကန်ပြည်ထောင်စု၊ မန်ဆက်ချူးဆက်ပြည်နယ်နေ လင်ဇီစတုန်းဆိုသူ အမျိုးသမီးသည် သူ၏ ဖွဘွတ် စာမျက်နှာတွင် အာလင်တန် နိုင်ငံတော် စစ်သင်္ချိုင်းတွင် လက်ခ လယ်ထောင် ၍ ပြက်ရယ်ပြောင်သော အပြု အမူ ပါ သည့် ယခုဓာတ်ပုံကိုဝေမျှခဲ့သည့်အတွက် သူနှင့် ယင်းဓာတ်ပုံကို ရိုက်ပေးခဲ့ သည့် သူငယ် ချင်းဖြစ် သူ တို့ နှစ်ဦးစလုံး အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ဝ ရက်က သူတို့နှစ်ဦးသည် နိုင်ငံတော် စစ်သင်္ချိုင်းတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ကို ဝေမျှခဲ့ပြီး ယင်းပုံကိုအရင်းပြု၍ နေ့တွင်းချင်း မှာပင် တစ်မုဟုတ်ချင်း ဖွဘွတ်တွင် မှတ်ချက်ပေးသူများ အကြား အုတ်ေ အ်ာသောင်းတင်း ဖြစ်သွားခဲ့ပါတယ်။ လင်ဇီသည် ဓာတ်ပုံကို ဝေမျှပြီး မကြာမီအချိန် အတွင်း မှာပဲ ဓာတ်ပုံ ကို ဖျက်လိုက်သော်လည်း နှောင်းလွန် သွားခဲ့ပါပြီ။

စင်ကာပူမှာလည်း ကမ္ဘာကျော် Psy လာဖျော်ဖြေမယ်


Gangnam Style ဆိုတဲ့ သီချင်းနဲ့ ကမ္ဘာတလွှားအကျော်ကြားဆုံးတဦး ဖြစ်တဲ့ ကိုရီယား အဆိုတော် Psy ဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စင်ကာပူနိုင်ငံ မှာ လာရောက်ဖျော်ဖြေ မှာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံ Marina Bay Sands Event Plaza မှာ ၁ နာရီကြာ အခမဲ့ ဖျော်ဖြေပွဲ တခုကို Psy က Marina Bay Sands ရှိ အနုပညာ စင်တာက လူငယ်တွေအတွက် ဖျော်ဖြေပွဲကို ပါဝင်မှာဖြစ်ပါတယ်။

အရွယ်မတိုင်ခင် လက်ထပ်ကြတဲ့ ၁၂ နှစ်အရွယ်သတို့သမီးနဲ့ ၁၉ နှစ် သတို့သား


၁၂ နှစ်အရွယ် သတို့သမီးနှင့် ၁၉ နှစ်အရွယ် သတို့သား တို့ရဲ့ မင်္ဂလာ အခမ်းအနားကို သတို့ သမီး ဖခင်နှင့် အစ္စလာမ်အဖွဲ့မှ ခွင့်ပြုခဲ့ပြီးနောက် မလေးရှားနိုင်ငံ မြောက်ပိုင်း Kedah ပြည်နယ်မှာ  ပြီးခဲ့သည့် အပတ်က ကျင်းပ ခဲ့ ပါသည်။

မဟုတ်ကဟုတ်က တွေလျှောက်လုပ်နေတာနဲ့စာရင် သူတို့ကို ပေးစားလိုက်တာက ပိုကောင်း ပါတယ်လို့ သတို့ သမီး ဖခင်ဖြစ်သူ Saad Mustafa က ဆိုပါတယ်။

သို့သော်လည်း မလေးရှားလူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးများအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ Ratna Osman ကတော့ ဒီလိုငယ်ရွယ်တဲ့ စုံတွဲရဲ့ လက်ထပ်ခြင်းဟာ အင်မတန်အံ့သြသင့်စရာပါ။ မလေးရှား လိုနိုင် ငံ မျိုးမှာ ဒါမျိုးကို ဘာကြောင့် ခွင့်ပြုပေးတယ်ဆိုတာ ကျွန်မ နားမလည်ဘူး။ ကျွန်မတို့ နိုင်ငံဟာ ဖွံ့ဖြိုးပြီး နိုင် ငံ တစ်နိုင်ငံ ဖြစ်နေပါပြီ၊ ဘယ်မိဘမှ ဒါမျိုး မလုပ်သင့်ပါဘူး လို့ AFP သတင်းကို ပြောခဲ့ ပါ တယ်။

လူဦးရေရ ၂၉ သန်းမှာ  ၆၀ ရာခိုင်နှုန်းမွတ်ဆလင် ရှိနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကလေး အရွယ် လက်ထပ်ခြင်းဟာ သိပ်ထူးခြားတဲ့ ကိစ္စမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကလည်း ၁၄ နှစ်သမီး မွတ်ဆ လင် မလေးနဲ့ ၂၃ နှစ်အရွယ် ကျောင်းဆရာ တစ်ယောက်လဲ လက်ထပ်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အော က် မိန်း ကလေးတွေဟာ မွတ်ဆလင်များ တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ လက်ထပ်နိုင်ပါတယ်။

ကဲချင်..ဘာချင်သော သမီးမိန်းကလေးများကို မလေးရှားမှာ ကျောင်းထားဖို့ ကြံမယ်ဆိုရင်တော့...

ဗိုလ်မှူးယူနီဖောင်းဖြင့် အယောင်ဆောင် လိမ်လည်သူများ ဖမ်းမိ


၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်း နား လမ်းရှိ ““အောင်”” အမိန့်ရအပေါင်ဆိုင်သို့ ယာဉ်အမှတ် လ/xxxx တိုယိုတာမတ်တူး အဖြူရောင် ယာဉ် သည် ဆိုင်ရှေ့ထိုးရပ်လာပြီး လူတစ်ဦးဆင်းလာကာ ဆိုင်ပိုင်ရှင် ဦးတင့်ဆွေ (၆၄)နှစ်အား ““ဗိုလ်မှူး က ရွှေပေါင်ချင်လို့””ဟု ပြောဆိုခဲ့သည်။ 
 
ထို့နောက် ယာဉ်ပေါ်မှ ဗိုလ်မှူး ၀တ်စုံဖြင့် လူတစ်ဦးဆင်းလာပြီး ““တပ်ပြောင်းရွှေ့ ရမည်ဖြစ် သဖြင့် ငွေ လိုကြောင်း၊ ရွှေ ဟန်းချိန်း ၁ ကုံးအား ငွေကျပ် ၁၈ သိန်းဖြင့် ပေါင်လိုကြောင်း”” ပြော သဖြင့် ဦးတင့်ဆွေ

ငလျင် ဒဏ်ကြောင့် ပျက်စီး ခဲ့သော စေတီ ပုထိုးများနှင့် သာသ နိက အဆောက် အအုံများ ဒေသ ခံ ပြည်သူများနှင့် တပ်မတော် သားများ ပူးပေါင်း၍ ပြန်လည် ပြုပြင်




အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလွင်နှင့် တာဝန် ရှိသူ တို့သည် နိုဝင်ဘ
ာ ၂၄ ရက် က ရွှေဘိုမြို့ မောဓော မြင်သာ မြို့ထောင့် စေတီ၌ စိန်ဖူးတော် အသစ်အား ဖူးမြော် ကြည်ညိုပြီး နယ်မြေခံ တပ် မတော် သားများမှ ဘုရားထီး တော်တင်ရန် ဝါးငြမ်း ဆင်ခြင်း၊ သစ်သား လှေကား တပ်ဆင်ခြင်း၊ ယာယီ စံကျောင်းတော် ဆောက်လုပ်ခြင်း၊ ပန်းရ ထား တပ်ဆင်ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက် နေမှုတို့အား ကြည့်ရှု အား ပေးသည်။

ALD စည်းရုံးရေးခရီးစဉ်တွင် ရခိုင်ပြည်နယ်ရှိ ဒေသခံများနှင့် အခြေအနေအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း






Arakanနိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ၂၆ ရက်နေ့ထိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရခိုင်ပြည်အတွင်း မြို့နယ်၊ ကျေးရွာများရှိ ဒေသခံများနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ပါတီ၏စည်းရုံးရေးခရီးစဉ်တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များတွင်ရှိသော မြို့နယ်၊ ကျေးရွာများမှ ရခိုင်ပြည်သူများနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ပါတီ၏

နိုင်ငံ၏အမည်ကိုပြောင်းလဲနိုင်ရန် မက္ကစီကိုသမ္မတကြိုးပမ်းနေ



မက္ကစီကိုသမ္မတ ဖိလစ် ကောဒရွန်သည် မက္ကစီကိုနိုင်ငံ၏အမည်ကိုပြောင်းလဲရန်ကြိုးပမ်းနေကြောင်း သိရသည်။
မက္ကစီကိုပြည်ထောင်စုဆိုသည့်အမည်ကိုစပိန်ထံမှလွတ်လပ်ရေးရရှိပြီး
နောက် ၁၈၂၄ခုနှစ်တွင် စတင်အတည်ပြုခဲ့သော်လည်း မက္ကစီကိုအစိုးရမှတ်တမ်းများ၊ငွေကြေးစသည်တို့တွင် ၄င်းအမည်ကို သုံးစွဲလေ့သိပ်မရှိခဲ့ကြောင်း သိရသည်။
မက္ကစီကိုပြည်ထောင်စုဆိုသည့်အမည်သည်အမေရိကန်ပြည်ထောင်စု၏အမည်နှင့်နီးစပ်နေသဖြင့် မက္ကစီကိုဟု ရိုးရှင်းစွာခေါ်လိုကြောင်း သမ္မတဖိလစ် ကောဒရွန်က ကြာသပတေးနေ့တွင်

ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံမှုများပြားလာ သဖြင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်သူများ ဖြစ်စေရေးသင်ကြားပေး Good Governance ဖြစ်ရန် စာသင်ကျောင်းများကစတင်၊ မြို့မိမြို့ဖများက ဝိုင်းဝန်းကူညီ



နေပြည်တော်     နိုဝင်ဘာ    ၂၅ 
ပြည်ထောင်စု သမ္မတ
မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ် များဖြင့် စစ်ကိုင်းမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် စစ်ကိုင်းမြို့တွင် လာမည့် ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်မည့် စစ်ကိုင်း

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာများ ပေးပို့ခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၈/၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး
အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက
ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာများ ပေးပို့ခြင်း


၁။      နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံး အဖွဲ့ဝင်များသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့် ပြုပါရန် ၃၁-၈-၂ဝ၁၂ ရက်စွဲပါ တင်ပြစာများဖြင့်

သမ္မတဦးသိန်းစိန် ကမ္ဘာ့ထိပ်တန်း တွေးခေါ်မြော်မြင်သူများစာရင်းတွင် ပူးတွဲ ပထမ ရရှိ


 
ကမ္ဘာကျော် FP (Foregin Policy) မဂ္ဂဇင်းကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း တွေးခေါ်မျှော်မြင်သူ လူ ၁ဝဝ စာရင်းကို နိုဝင်ဘာ

နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ICG ၏ ငြိမ်းချမ်းရေးဆုကို မြန်မာသမ္မတဦးသိန်းစိန်ရရှိ ၂၀၁၃ ဧပြီတွင်ဆုလက်ခံရမည်




(Crisis Group ၏ In Pursuit of Peace ဆုတံဆိပ် ချီးမြှင့်ပွဲနှင့် ညစာစားပွဲ (29 October 2012 ရက်စွဲပါ
International Crisis Group၏ In Pursuit of Peace award dinner- Peace, prosperity and the
presidency ကိုဘာသာ ပြန်ပါသည်။)


International Crisis Group သည် ၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် နယူးယောက်မြို့၌ In

ကြေးနီစီမံကိန်း ဆန္ဒပြသူ ၆ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေထဲက ၆ ဦးကို ပန်းဘဲတန်းမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။
မနေ့က ဆန္ဒပြသူတွေထဲက ခေါင်းဆောင် ၁၀ ဦးကို ရဲစခန်းက ပုဒ်မ ၁၈ ဖြစ်တဲ့ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတဲ့အပေါ် လာရောက်ရှင်းလင်းပါလို့ ဆင့်ခေါ်ရာမှာ သွားရောက်ရှင်းလင်းသူ ၆ ဦးကို ကျောက်တံတားရဲစခန်းနဲ့ ပန်းဘဲတန်း ရဲစခန်းတွေမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ခံဝန်ထိုးခိုင်းပြီး ပန်းဘဲတန်းတရားရုံးကို ထပ်မံခေါ်ဆောင်ပြီး တရားစွဲဆိုလိုက်တာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က ပြောပါတယ်။

အသည်းရောင်အသားဝါ ကာကွယ်ကုသရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်


မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါရောဂါ ကာကွယ် ကုသရေးတွေနဲ့ ပတ်သက်ပြီး အသည်းရောင် အသားဝါရောဂါ (ဘီပိုး)နဲ့ (စီပိုး) ကုသမှု ပံ့ပိုးကူညီပေးရေး အဖွဲ့ က ဒေါက်တာ ဇာနည်ဇင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးကူးစက်ပျံ့နှံ့မှုက ဆရာတို့အမြင် ပျံ့ နှံ့ မှု အခြေအနေ ဘယ်လောက်တောင်ဆိုးနေပြီလို့ ပြောလို့ ရပါသလဲ။
“ဘီ  ဆိုရင် ၁၀ ယောက်မှာ ၁ ယောက်။ စီ ဆိုရင် ၁၂ ယောက်မှာ ၁ ယောက်ပေါ့။ ဒါတွေက စာရင်းအတိအကျမဟုတ်ဘူး။ အရှေ့တောင်အာရှအနေနဲ့ ပြောတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း ဒီလောက်ပါပဲ။ ကျနော်တို့တွေ့ကြုံမှုအရ ဒီထက် များဖို့တောင် ရှိတယ်။”

ပါလက်စတိုင်းခေါင်းဆောင် သေဆုံးမှု ပြန်စစ်ရန် ရုပ်အလောင်း တူးဖော်


ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ် သေဆုံးတာကို စစ်ဆေးဖို့အတွက် မြှုပ်နှံထားတဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်လိုက်ပြီ ဖြစ်ပါတယ်။
အခုလို ပြန်လည်တူးဖော်တာတွေ မလုပ်ဆောင်မီ ဆွီဒင်၊ ပြင်သစ်၊ ရုရှား ကျွမ်းကျင်သူတွေက အာရာဖတ်ဟာ အဆိပ်မိ သေဆုံးတာ ဟုတ်မဟုတ် ဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းထားတဲ့ သဲလွန်စတွေကို ပေးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အသက် ၇၅ နှစ်မှာ အာရာဖတ်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ယာဆာအာရာဖတ်
ပြင်သစ်နိုင်ငံက ဩဂုတ်လမှာ စုံစမ်းစစ် ဆေးတာတွေကို စတင်ခဲ့ပြီးတော့ ဆွီဒင်က

ဒီဇင်ဘာလမှာလည်း မိုးရွာသွန်းနိုင်ဟု မိုးလေ၀သဌာန သတိပေး


ကပ္ပလီပင်လယ်ပြင်က တိမ်တိုက်တွေကြောင့် အခုရက်ပိုင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးရွာသွန်းနေပြီး၊ အလားတူ မိုးရွာသွန်းမှုမျိုး ဒီဇင်ဘာလမှာလည်း ဖြစ်ပေါ်နိုင်သေးကြောင်း မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတိပေးပြောကြားလိုက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ တိမ်တိုက်ကြောင့် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တာမို့ စောင့်ကြည့်နေတယ် လို့ မိုးလေ၀သဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။
“သိမ်းမြို့ရဲ့ အနောက်တည့်တည့်လောက်မှာ တိမ်တိုက်တခုရှိတယ်။ အဲတိမ်တိုက်က

နစက-BGB နယ်စပ်လုံခြုံရေး တိုးမြင့်ချထားမှု အရှိန်မြင့်မားလာ






BGB operation Border on Nov 13မြန်မာ-ဘင်္ဂလာ နယ်စပ်မှတ်တိုင် အမှတ် ၅၀၊ ၅၁၊ ၅၂နှင့် အနီးတ၀ိုက်ရှိ နစက-BGBတို့အကြား နိုဝင်္ဘာ ပထမအပတ်က လုံခြုံရေး တိုးမြင့် ချထားမှု အရှိန်မှာ ပိုမိုမြင့်မားလာကြောင်း နယ်စပ်မှ သတင်းပေးပို့သည်။
ဘင်္ဂလာ အခြေစိုက် အမည်မသိ နက်လက်ကိုင် တပ်ဖွဲ့တဖွဲ့အနေဖြင့် နိုဝင်္ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် နယ်စပ်လမ်းများကို ပြုလုပ်နေသော GE တပ်ဖွဲ့ဝင်များအား အငိုက်မိတိုက်ခိုက်ရာ တစ်ဦးသေဆုံးသွားခဲ့ပြီး ၃ ဦးမှာ ပြန်ပြေးဆွဲ ခံရမှုမှ ယခုကဲ့သို့ နယ်စပ်တင်းမာမှုမှ လုံခြုံရေးတပ်ဖွဲ့များ

အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး


သေဆုံးခဲ့ရသူလူငယ်အလောင်းကို သယ်ဆောင် ဆန္ဒပြနေကြတဲ့ အီဂျစ်ပြည်သူများ

အီဂျစ်သမ္မတ မိုဟာမက်မော်စီ ရဲ့ အတိုက်အခံတွေဟာ နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ မူဆလင်ညီအကိုတော်တွေရဲ့ ရုံးခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီးတော့ လေးဆယ်လောက်ဒဏ်ရာရခဲ့ပါတယ်။
မူဆလင် ညီအကိုတော်တွေ အဖွဲ့ခေါင်းဆောင်တွေရဲ့အဆိုအရ သေဆုံးသူဟာ အသက်
၁၅နှစ်အရွယ် အစ္စလာမ်လူငယ်တစ်ဦးဖြစ်ပြီးတော့ တနင်္ဂနွေနေ့က Damanhoor ဒါမာဟဝါမြို့က
ပဋိပက္ခတွေမှာ ဘယ်လိုသေဆုံးခဲ့ရတယ်လို့ အတိအကျတော့ မသိရသေးပါဘူး။

လက်ပန်းတောင်းတောင် စီမံကိန်းရပ်တန့်ရေး ဦးဆောင်သူတွေ အဖမ်းအဆီးရှိ


မြန်မာပြည်အလယ်ပိုင်းက မြန်မာ-ဝမ်ပေါင် ကြေးနီသတ္ထုတွင်းတူးကုမ္ပဏီရဲ့ စီမံကိန်းရပ်တန့်ရေး ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြနေသူများ။

 စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြသူ အနည်းဆုံး ၆ ဦး ဖမ်းဆီးခံခဲ့ရပြီးတော့ ဒီလူတွေကို ဆန္ဒပြမှု၊ ဆူပူမှုပုဒ်မတွေနဲ့ အရေးယူဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင်နေကြပါတယ်။ မနေ့က လက်ပန်းတောင်းတောင် ဒေသခံတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေကနေ

တိုင်းရင်းသားပြဿနာပြေလည်ဖို့ ဖယ်ဒရယ်စနစ်လိုအပ်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ တွင် မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာ ၂၆၊ ၂၀၁၂)

မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ လက်ရှိပြဿနာတခုဟာ တိုင်းရင်းသားပြဿနာဖြစ်ပြီးတော့ အခုလို ပြဿနာတွေဖြစ်ပေါ်နေရတာဟာ စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်မရှိတာကြောင့်လို့ မနေ့ကစပြီးကျင်းပတဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ကပြောပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကလည်း ရှေ့ဆက် ဆွေးနွေး သွားမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေး အဖြေရှာမှုတွေကို ရှေ့တန်းတင်သွားမယ် လို့ ပြောပါတယ်။ အကြောင်းစုံကိုတော့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးထားပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ