ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 December 2012

ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အမှုဆိုင်ဖို့ပြင်ဆင်

ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အထူးစုံစမ်းရေးဌာနသို့ အမူရင်ဆိုင်ရင် ရောက်ရှိစဉ် ဒီဇင်ဘာ ၁၃၊ ၂၀၁၂။

ထိုင်းနိုင်ငံမှာ ၂၀၁၀ ခုနှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတာကို ရင်ဆိုင်ဖို့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva ဟာ ရဲတပ်ဖွဲ့ကို သွားရောက်ပြီး အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ၂၀၀၆ ခုနှစ်က အာဏာသိမ်း ဖြုတ်ချခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အပေါ် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေး တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ နောက်ဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။

သံဃာတွေဆန္ဒပြမှု ပြုပြင်ပြောင်းလဲရေး ထိခိုက်နိုင်ဟု ပဓာန နာယကဆရာတော် မိန့်

လက်ပံတောင်းတောင်အရေး ရန်ကုန်သံဃာတော်များဆန္ဒပြပွဲ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အား သုံး အကြမ်းဖက် ဖြို ခွင်း ခံ ရ တဲ့ အပေါ်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက မတောင်းပန်တဲ့ အတွက် မြန်မာနိုင်ငံအတွင်း က သံဃာတွေဟာ စီတန်းလှည့်လည် ဆန္ဒပြတာတွေကို ပြု လုပ်လာကြချိန်မှာ အခုလို သံဃာတော်တွေ စီတန်း လှည့်လည်တာဟာ ရန်ကို ရန်ခြင်း ပြန်တုံနှင်းတဲ့ သဘောရောက်နေတာကြောင့် အခု လို ဆန္ဒပြတာတွေ ဆက် မလုပ်ဖို့ မိန့် ကြား လာတဲ့ ဆရာတော်ကြီး တွေလည်း ရှိနေပါတယ်။

ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးဝန်ကြီး မြန်မာ နိုင်ငံသို့လာရောက်မည်



ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးဝန်ကြီး မစ္စတာဟူဂိုဆွီရီသည် ယခုရက်သတ္တပတ်၌ မြန်မာနိုင်ငံ သို့ လာ ရောက်မည်ဖြစ်ကြောင်း သိရ
Photo:သည်။ ယင်း သည် မြန်မာနိုင်ငံရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များတွင် ဗြိတိန်အစိုးရ၏ ဆက်လက် ပါဝင်ပတ်သက်မှုပြုခြင်း လည်း ဖြစ်ကြောင်း သိရသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်မည်



အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ်သည် ၎င်း၏ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစ၍ သုံးရက်ကြာ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း

ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာပြည်လာမည်




ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာသည် ထားဝယ်ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာသို့ တနင်္လာနေ့ (ဒီဇင်ဘာ ၁၇) တွင် လာရောက်မည်ဖြစ်ကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

ရန်ကုန် စီးပွားရေးဇုန်နှစ်ခုအတွက် စီမံကိန်းရေးဆွဲနေ မြတ်မိုးကျော်(မြစ်မခ)



 ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေးဇုန်အဖြစ် နေရာ(၂)ခုကို သတ်မှတ်လျာထားကာ စီမံကိန်း ရေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။
(၈) မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံ၊ မင်းဓမ္မလမ်း MCC ခန်းမနှင့် ၀ိတိုရိယ ဆေးရုံအနီးတွင်ရှိသော မြေလွတ်မြေရိုင်း

စစ်တွေမှာ တူရကီလူမျိုးတွေပျောက်ဆုံးမှု၊ ပြည်နယ်အစိုးရငြင်းဆို


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တူရကီလူမျိုး ၄ ဦး ပျောက်ဆုံးနေတယ်ဆိုတဲ့ အင်တာနက် စာမျက်နှာတွေပေါ်ကဖော်ပြချက်ဟာ မမှန်ကန်ဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ဟိုတယ်မှာတည်းခိုနေတဲ့ တူရကီ ၄ ဦးဟာ ပျောက်ဆုံးနေပြီး အုပ်ချုပ်ရေးပိုင်းက အပြင်ကို သတင်းမထုတ်ပြန်သေးဘဲ ရှာဖွေနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဖြေဆိုလိုက်တာပါ။

ဆီတွဲတိမ်းမှောက် မီးလောင်ဒဏ်ရာရ လူနာတချို့ဆေးကုသမှုဆက်လက်ခံယူနေရ


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအ၀င်မှာ  နိုဝင်ဘာလ ၉ ရက်နေ့က လောင်စာဆီတင် ရထား မှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ကန့်ဘလူဆေးရုံရောက် မီးလောင်ဒဏ်ရာရ လူနာ အများစုဆင်းသွားကြပြီဖြစ်ပေမယ့် ဆေးကုသမှုတွေ ဆက်လက် ပြုလုပ်နေရဆဲပဲလို့ ကန့်ဘလူ ဆေးရုံက တာဝန်ကျ ဆရာမတွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေ့က မီးလောင်ဒဏ်ရာရ လူနာ ၉၈ ဦး ကန့်ဘလူဆေးရုံမှာ ဆေးကုသမှုခံရယူခဲ့ရပြီး အဲဒီထဲက ၃၉ ဦးဟာ ဆေးရုံမှာ သေဆုံးခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကြောင့် နေရာတင်သေဆုံးသူ  ၂၅ ဦးရှိပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့က မန္တလေးကနေ မြစ်ကြီးနားသွားမည့် ဓာတ်ဆီတင်ရထား ကျွန်းလှမြို့နယ်အပိုင်

မုံရွာသံဃာတော်တွေ မြို့ တွင်းလှည့်လည် ဆန္ဒပြ


လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ ဒဏ်ရာရသံဃာတွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ မုံရွာမြို့က သံဃာနဲ့အရပ်သား  ၁၅၀  ခန့် ဒီနေ့ ဆက်လက် ဆန္ဒပြပါတယ်။
မနေ့က စတင်တဲ့ အထွေထွေသပိတ်ရဲ့အဆက်အဖြစ် မုံရွာမြို့ သံဃာအပါး ၅၀ လောက် မြို့တွင်းလှည့်လှည် မေတ္တာပို့ခဲ့တယ်လို့ အဲဒီချီတက်ပွဲမှာ လိုက်ပါတဲ့ ကျောင်းသားလူငယ် တဦးက ပြောပါတယ်။
“သံဃာအင်အားက ၅၀၊ လူဦးရေက ၁၀၀ လောက်ရှိတယ်။ ကြွေးကြော်သံတွေ မရွတ်ဘူး၊

မြန်မာ- ဂျပန် နှစ်နိုင်ငံ လမ်း/ တံတား တည်ဆောက်မှု ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ



Photo:  http://www.myawady.net.mm/allnews/localnews/item/1506-2012-12-12-08-52-52

ဒီဇင်ဘာ ၁ဝ ရက် နံနက်ပိုင်းက နေပြည်တော် သင်္ဂဟ ဟိုတယ် Function Hall၌ ဆောက် လုပ်ရေး ဝန်ကြီး ဌာန ပြည်သူ့ ဆေ
ာက်လုပ်ရေး လုပ်ငန်းနှင့် ဂျပန် နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism (MUT)တို့ အကြား နှစ်နိုင်ငံ လမ်း/ တံတား တည်ဆောက်မှု ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို

ရခိုင်သံဃာထု လက်ပံတောင်းတောင် ရဟန်း၊ ပြည်သူများနှင့် ထပ်တူ ရှိဟုဆို


မောင်အေး
ရခိုင်သံဃာထုဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ထပ်တူ ရှိနေတယ်လို့ ရခိုင် သံဃာတော်များ စည်းကမ်း ထိမ်းသိမ်းရေးနဲ့ တည်ငြိမ်ရေး အဖွဲ့ ဥက္ကဌ ဦးဥာဏက ပြောပါတယ်။
Photo by RSV
Photo by RSV
ဒီဇင်္ဘာလ ၁၂ ရက်နေ့က စစ်တွေ ဘုရားကြီး ရင်ပြင်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး နိရဉ္စရာက ဆက်သွယ်မေးမြန်းရာမှာ ဆရာတော် ဦးဥာဏက

SYCB နှင့် NY-Forum တို့ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်






sycbandnyforum conယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဟိုဖိုင်ရွာ Orchid Resort တွင် မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ရက် (The Students and Youth Congress of Burma) နှင့် တိုင်းရင်းသား လူငယ်များ အင်အားစု (Nationalities Youth Forum) အဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ပက်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို နံနက် ၁၀ မှ ၁၁ နာရီခွဲအထိ ပြုလုပ်ခဲ့ပြီး

"ဖတ်ဖြစ်အောင်ဖတ်ကြရန်"




မင်္ဂလာ နှစ်ဦးရက်ကြီး မကောင်းတာတွေ အမင်္ဂလာ ကိစ္စ တွေ မပြောပြချင်ပေမယ့် မပြောမဖြစ်ပြောရမဲ့ ကိစ္စမို့ အားလုံးသိရအောင်ထပ်ရှယ်ပါတယ်။ . မလေးရှားအစိုးရ နှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာအုန်းမည့် မြန်မာအမျိုးသမီးများဘ၀ .

ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်သော အစိုးရအဖွဲ့နှင့် အတူ မလေးရှား လုပ်ငန်းရှင်များလည်း တအုပ်ကြီး လိုက်ပါသွားသည့် သတင်းကို မလေးရှားတီဗွီ TV.3 ချယ်နယ်မှ ၄င်း၊ အင်တာနက် သတင်းဝက်ဆိုက်ဒ်များ မှတဆင့် ကြားလိုက်မြင်လိုက် ရသည်။

အဓမ္မသိမ်းလယ်မြေများ ဦးပိုင်နှင့် ဗိုလ်ချုပ်များ ယူထားကြောင်း စစ်ဆေးတွေ့ရှိ



သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်တခု။ လယ်မြေများကို သိမ်းယူကာ စစ်ဗိုလ်ချုပ်များ၏ သားသမီး ဆွေမျိုးများက စီမံကိန်းမြေအဖြစ် ကုမ္ပဏီများသို့ သိန်းထောင်ချီ ပြန်လည်ရောင်းချခဲ့ကြသည် (ဓာတ်ပုံ – Shwe Gas Movement)
ရခိုင်ပြည်နယ်၌ လယ်မြေ အဓမ္မသိမ်းယူမှုကို စစ်တပ်က အများဆုံး လုပ်ထားကြောင်း၊ သိမ်းထားသည့် လယ်မြေများကိုလည်း သိမ်းယူသည့် စစ်တပ်အတွက် အသုံးမပြုဘဲ စီးပွားရေး ဦးပိုင်လီမီတက် အမည်ပေါက်၊ စစ်ဗိုလ်ချုပ် ဆွေမျိုးများ၏ အမည်ပေါက်ဖြင့် လုပ်ဆောင်ထားသည်ကို တွေ့ရကြောင်း စုံးစမ်းရေး ကော်မရှင်အဖွဲ့ထံမှ သိရသည်။

ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းကို ဖြိုခွင်းရန် Facebok အကူအညီပေး


ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး စာရင်းဝင်
 ဆိုက်ဘာ ရာဇဝတ်ဂိုဏ်း တစ်ခုကို
အမေရိကန် ပြည်ထောင်စု ထောက်
လှမ်းရေး ဗျူရို (FBI)က ဖြိုခွင်းရာတွင်

 Facebookက အကူအညီ ပေးခဲ့ကြောင်း သိရှိရသည်။ FBIသည် Yahosအမည်ရှိ Malwareများ ဖြန့်ချီမှုတွင် အဓိက တာဝန်ရှိသည့် လူ(၁၀)ဦးပါ ကွင်းဆက်တစ်ခုကို

တက္ကသိုလ် တက်ရောက် ရသူများ အတွက် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခ လျော့ချပေး သွားရန်ရှိ


လာမယ့် ၂၀၁၃ ခုနှစ်မှာ ပြင်ဆင်
 ကောက်ခံ သွားမယ့် မိုဘိုင်းဖုန်း အင်တာ
နက် အသုံးပြုခတွေ အနေနဲ့ တက္ကသိုလ်
 ကျောင်းသား၊ ကျောင်းသူများ အတွက်
နှုန်းထား တွေကို လျော့ချပေးဖို့ ရှိတာ

ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ



သဘာဝ တရားအရ ယောက်ျားတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်း ၀င်ကြပါတယ်။
တချို့ စုံတွဲတွေ က ရုပ်ရည် အသွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။

နိုင်ငံတစ်ခုအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်ဆိုတာ ဘာတွေလဲ??




ကမ္ဘာ့မြေပုံပေါ်မှာ ရပ်တည်နေတဲ့ ဘယ်နိုင်ငံမှာမဆို လူမျိုး၊ နယ်ပယ်၊ အစိုးရနဲ့ အချုပ်အခြာအာဏာဆိုတဲ့ ကဏ္ဍကြီးလေးရပ်ကို တွေ့ရပါလိမ့်မယ်။ လူမျိုးမရှိတဲ့နိုင်ငံ၊ နယ်ပယ်မရှိတဲ့ နိုင်ငံ၊ အစိုးရမရှိတဲ့ နိုင်ငံ၊ အချုပ်အခြာအာဏာမရှိတဲ့ နိုင်ငံဆိုတာ ကြားဖူးကြရဲ့လားဗျာ။ အဲဒီ ကဏ္ဍကြီးလေးခုထဲက တစ်ခုခု လျော့နည်း၊ ယိုယွင်း၊ ပျက်စီးဆုံးရှုံးသွားတယ်ဆိုရင် နိုင်ငံေ
တ်ာရဲ့ လုံခြုံရေးကျိုးပေါက်ပြီး နိုင်ငံအတွက် ကြီးမားတဲ့ အန္တရာယ် ကျရောက်လာမှာ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားပေးပါ




ဒေါ်စုခင်ဗျား....

          သိချင်လာတာလေးရှိလို့ မေးကြည့်ပါရစေ၊ ကျွန်တော်က သာမန်အရပ်သား ပြည်သူတစ်ယောက်ပါ။
          ဒေါ်စုဟာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (၂၀)၇က်နေ့မြောက် လွှတ်တော်အစည်းအဝေးတွင်

အမျိုးသားနှင့် အမျိုးသမီးအကြား စိတ်ဝင်စားဖွယ်ရာ စိတ်အခြေအနေများ




အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှုရှိရုံသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေတာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိထားပါတယ်။
(၁) အမျိုးသားတွေက အမျိုးသမီးတွေထက်နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ်ပါတယ်။ အမျိုးသမီး အများစုက အမျိုးသားအများစုထက်ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ်ထားပြီးသား အရာတစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။

မာလီတွင် ဝန်ကြီးချုပ်အား စစ်တပ်ကဖမ်းဆီးကာ ရာထူးမှနုတ်ထွက်ခိုင်း



အင်္ဂါနေ့က မာလီစစ်တပ်သည် ဝန်ကြီးချုပ် နေအိမ်သို့ ဝင်ရောက်ထိုးဖောက်ကာ ဒီယာရာအား ဖမ်းဆီးပြီး ရာထူးမှ နုတ်ထွက် စေခဲ့ခြင်း ဖြစ်သည်။

မာလီတွင် ဝန်ကြီးချုပ်အား စစ်တပ်ကဖမ်းဆီးကာ ရာထူးမှနုတ်ထွက်ခိုင်း
မာလီနိုင်ငံတွင် ဝန်ကြီးချုပ် ချိခ်မိုဒီဘို ဒီယာရာအား စစ်တပ်က ဖမ်းဆီးကာ ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့က မာလီစစ်တပ်သည် ဝန်ကြီးချုပ် နေအိမ်သို့ ဝင်ရောက်ထိုးဖောက်ကာ ဒီယာရာအား ဖမ်းဆီးပြီး ရာထူးမှ နုတ်ထွက် စေခဲ့ခြင်း ဖြစ်သည်။ အနောက် အာဖရိက ဒေသရှိ နိုင်ငံ မြောက်ပိုင်းကို သူပုန်တပ်များက သိမ်းပိုက်လိုက်ရာ ဒီယာရာ အနေဖြင့် ယင်းကို ကောင်းမွန်စွာ တုံ့ပြန်နိုင်သည့် စီမံကိန်းမျိုး မရှိဟု စစ်တပ်နှင့် ပြည်သူများက ယူဆလျှက် ရှိသည်။

ဆီးရီးယား နိုင်ငံရှိ ပါကစ္စတန် သံရုံးကို ပိတ်ပြီ


Photo:   http://www.myawady.net.mm/allnews/global/item/1593-2012-12-12-11-31-08

ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခ များကို သံတမန် နည်းလမ်းအရ ဖြေရှင်းမှုများ ပြုလုပ်၍ မျှော်လင့် ချက်များ လျော့ပါး လာသည့် အတွက် ပါကစ္စတန် အစိုးရသည် ဆီးရီးယား နိုင်ငံ အတွင်းရှိ ၎င်းတို့၏ သံ
ရုံးကို ပိတ်ပစ်၍ သံအမှု ထမ်းများကို ပြန်လည် ခေါ်ယူခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်



အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့်ပင် ထောက်လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများကဆိုသည်။

ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်
ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ ရေဒါဖြင့် ထောက်လှမ်း၍မရနိုင်သော ကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့်ပင် ထောက်လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများကဆိုသည်။

စိန်ခေါ်မှုအခက်အခဲတွေကြားထဲက ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးကြပါ


လက်ရှိ မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အကြီးမားဆုံး ပြဿနာကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေပဲ ဖြစ်ပါ တယ်။ အားလုံးသိကြတဲ့အတိုင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြကြ၊ သံဃာတော်တွေ ဦးဆောင်ပြီး သပိတ်စခန်းဖွင့်ကြ၊ သပိတ်စခန်းတွေကို အစိုးရဘက်က အကြမ်းဖက်နှိမ်နင်းတဲ့အခါ သံဃာတော်တွေ မီးလောင်ဒဏ်ရာ ရကြ၊ တခါ ဒီလို မီးလောင်ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆန္ဒတွေပြန်ပြကြနဲ့ ပြဿနာရဲ့ အထွတ်အထိပ် အခြေအနေကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံအတွက် ကြီးမားတဲ့ အကျပ်အတည်း ပြဿနာ ဖြစ်ပေါ်လာချိန် ပြဿနာ အလည်ခေါင်တည့်တည့် ရောက်သွားသူကတော့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
ကြေးနီစီမံကိန်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့တော့ အစိုးရက ဒေါ်စုကို ဥက္ကဋ္ဌ တာဝန်ပေးခဲ့ပါတယ်။ ဒီ ခက်ခဲလှတဲ့

facebook မှကြည့် ချင်ရင် like လုပ်ပါ