ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 December 2012

၂၀၁၂ တွင် ကမ္ဘာတစ်ဝန်း ထောင်သွင်း အကျဉ်းချခံရသော ဂျာနယ်လစ် ၂၃၂ ဦးအထိ စံချိန်တင်မြင့်တက်


၂၀၁၂ တွင် ကမ္ဘာတစ်ဝန်း ထောင်သွင်း အကျဉ်းချခံရသော ဂျာနယ်လစ် ၂၃၂ ဦးအထိ စံချိန်တင်မြင့်တက်ကမ္ဘာ တစ်ဝန်းတွင် ၂၀၁၂ ခုနှစ် အတွင်း ဂျာနယ်လစ် များအား ထောင်သွင်း အကျဉ်းချမှု များမှာ စံချိန်တင် မြင့်တက် ခဲ့ပြီး ဂျာနယ်လစ် ၂၃၂ ဦးအ ထိ အကျဉ်းထောင် များအတွင်း ရှိနေကြောင်း နယူး ယောက် အခြေစိုက် ဂျာနယ်လစ် များ ကာကွယ်ရေး ကော်မတီ Committee to Protect Journalists (CPJ) က သတင်း ထုတ်ပြန် ခဲ့သည်။

ခြေလက်မပါ စံပြလူသား


Nick Vujicic ဆိုသူသည် အသက် ၂၉ နှစ်အရွယ် သြစတေးလျနိုင်ငံသား တစ်ဦးဖြစ်သည်။

သူသည် မွေးဖွားစဉ်ကပင် (ခြေထောက်သေးသေးလေး တစ်ဖက်သာပါရှိ သဖြင့်)ခြေ၊လက်အင်္ဂါမပါရှိသော ကိုယ်အင်္ဂါချို့တဲ့သူဟု ဆိုနိုင်သည်။ သို့သော် သူသည် ရေးကူးသည်၊ ရေလွှာစကိတ်စီး

အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)



ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည်ပေးထားကြပါတယ်။
  နယူးယောက်စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။

ကုလသမဂ္ဂရုံးချုပ်အနီးမှာ တည်ရှိပြီး အတိအကျပြောရမယ်ဆိုရင် UN Headquarter နဲ့ Gantry Plaza State ပန်းခြံ တို့ရဲ့ ကြားမှာ ရှိတဲ့ East River  က ကျွန်းငယ်လေး ဖြစ်ပါတယ်။ အမှန်တော့ ယင်းကျွန်းဟာ

အစိုးရ ဝန်ထမ်းများအတွက် တန်ဖိုးနည်း အိမ်ရာ စီစဉ်ထားဟုဆို

အစိုးရ ဝန်ထမ်းများအတွက် တန်ဖိုးနည်း အိမ်ရာ စီစဉ်ထားဟုဆိုအစိုးရ ဝန်ထမ်းများ အတွက် တိုင်းနှင့် ပြည်နယ် အားလုံးတွင် တန်ဖိုး နည်း တိုက်ခန်းနှင့် နေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန အောက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး မှုဦးစီးဌာနမှ သတင်းရရှိသည်။

“ပထမဆုံးတော့Research လုပ်ဖို့ရှိတယ်။ ဘတ်ဂျက်ရတဲ့ အပေါ်မူတည်ပြီး မြန်မာတစ်နိုင်ငံ လုံးမှာ လုပ်ဖို့ စီစဉ်ထားတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာ န(စီမံကိန်း)မှ ဒုတိယညွှန်ကြား ရေးမှူး ဦးရွှေဝင်းက ပြောကြား သည်။

iPhone 5 Clone

iPhone 5 CloneiPhone 5 Clone လေးပဲ ဖြစ်ပါတယ်။ Apple မှ နာမည် အကြီးဆုံးနဲ့ နောက်ဆုံး ထွက်ရှိ ထားတဲ့ iPhone 5 နှင့် ချွတ်ဆွတ် ခွဲမရအောင် ပုံစံရော Function ပါ တူညီပြီး အလွန်လှပပါတယ်။
Clone iOS 6.0 ကို အသုံးပြုထားပြီး Dual Cone Processor, Memory (RAM), 1GB, Storage 16GB. 5" touch Screen, Bluetooth, Wifi GPS, Sensor အပြည့်အစုံဖြင့် အဆင့်မြင့် စမတ်ဖုန်းများတွင်သာ ပါဝင်တဲ့ Quality

Asiana လေကြောင်းလိုင်း ရန်ကုန်-ဆိုးလ်ခရီးစဉ် စတင်ပြေးဆွဲမည်

Asiana လေကြောင်းလိုင်း ရန်ကုန်-ဆိုးလ်ခရီးစဉ် စတင်ပြေးဆွဲမည်ကိုးရီးယားနိုင်ငံ အခြေစိုက် Asiana လေကြောင်းလိုင်း သည် တောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ရနကုန်မြို့သို့ ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ပြေးဆွဲတော့မည်ဖြစ်သည်။
ယင်းလေကြောင်းလိုင်းသည် တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာ နိုင်ငံသို့ ကိုရီးယားလေကြောင်း

ရေအတွက် အပူပိုင်းဇုန်တွင် တစ်လလျှင် ဆယ်ဒေါ်လာကျော် သုံးစွဲနေရဟုဆို

ရေအတွက် အပူပိုင်းဇုန်တွင် တစ်လလျှင် ဆယ်ဒေါ်လာကျော် သုံးစွဲနေရဟုဆို မိုးနည်းသော မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်ဒေသရှိ အိမ်ထောင်စုများ အနေဖြင့် နွေရာ သီကဲ့သို့ ခြောက်သွေ့ ရာသီလ များတွင် သောက်သုံးရေ အတွက် တစ် လလျှင် ဆယ်ဒေါ်လာကျော်နှင့် ညီမျှသော ငွေကြေးကို သုံးစွဲနေရ ကြောင်း ကျေးလက်ဒေသ ပြည်သူ များအတွက် အသက်မွေးဝမ်း ကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံမှု ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (LIFT) ၏ အ စီရင်ခံစာတွင် ဖော်ပြပါရှိသည်။
အဆိုပါ ဒေသနေ အိမ် ထောင်စုများသည် မိုးရာသီကုန် ဆုံးပြီးနောက် ရေကန်၊ ရေအိုင်များ

ဝေဖန်မှုမလွတ်သေးသည့် တရားစီရင်ရေး ကဏ္ဍအပေါ် လွှတ်တော် ကိုယ်စားလှယ် အချို့ သြဇာချဲ့ထွင်မှု ရှိလာ

ဝေဖန်မှုမလွတ်သေးသည့် တရားစီရင်ရေး ကဏ္ဍအပေါ် လွှတ်တော် ကိုယ်စားလှယ်အချို့ သြဇာချဲ့ထွင်မှု ရှိလာမြန်မာနိုင်ငံ၏ တရားစီရင်ရေး ကဏ္ဍ အပေါ် လွှတ်တော် ကိုယ်စားလှယ် အချို့ သြဇာ
လွှမ်းမိုးမှု ရှိလာသည်ဟု လွှတ်တော် ကိုယ်စားလှယ် များနှင့် ဥပဒေ ပညာရှင် များက ပြောသည်။

''တချို့နေရာတွေမှာ အာဏာ ပိုင်တွေတင် မကဘူး။ လွှတ်တော် ကိုယ်စား လှယ်တွေ ကိုယ်တိုင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့ပါ ဝင်ပြီးတော့ တရား ရုံးတွေကို သြဇာလွှမ်းနေတဲ့သတင်း ကျွန်တော် ရထား ပါတယ်။ ဒါက ကျွန်တော်က ပါတီစွဲနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သဘောမျိုး မဖြစ်ဖို့၊ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့ ဒီနေ့ ရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရထားတဲ့ ပါတီကြီးရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အသိပေးဖို့ ရှိပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

တောင်ကြီးမြို့တွင် ၀ိနည်းတော်နှင့်မညီသည့် ဆရာတော်အား အရေးယူ


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့
မှ ဆရာတော်တစ်ပါးဟာ ဒီဇင်ဘာလ
(၁၉)ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီး
မြို့ မြို့မဈေး အတွင်း ဈေးသည်များကို


ဆဲရေးတိုင်းထွာမှုနဲ့ သိက္ခာချလူဝတ်လဲခံရပြီး အရေးယူအမှု ဖွင့်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်​ငံမှာ -OIC- သူတို့ ကို ခြေချခွင့်​မပေးသင့်


မကြာခင်အတွင်းမှာ -OIC - အတွင်းရေး
မှူးချုပ် -Ekmeleddin Ihsanoglu-
 (ဖေါ်ပြပါ ဓါတ်ပုံ )  က မြန်မာနိုင်ငံကို
 လာရောက်ရန် ရှိသည်ဟု
သတင်းကြားရသည် ။


သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက် ရှိနေသော်လည်း
မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေနေကြောင့် မသွားရောက်နိုင်ခဲ့ ၍
.ယခုအချိန်တွင် သွားရောက်မည်ဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည် ။

တနှစ်အတွင်း မြန်မာနယ်စပ်မှ တာကာ ၁၁၆ သန်းဖိုး မှောင်ခိုပစ္စည်းများ BGB အမှတ် (၁၇) တပ်ရင်းက ဖမ်းမိ

ဘင်္ဂလာဒေခ်ျ့် နိုင်ငံ ကော့စ်ဘဇား အခြေစိုက်
 နယ်ခြားစောင့် ဘီဂျီဘီ အမှတ် (၁၇)
 တပ်ရင်းသည် မြန်မာ-ဘင်္ဂလား နယ်စပ်
 တလျှောက်မှ ၂၀၁၂ ခုနှစ် တစ်နှစ် အတွင်း

 တာကာ သန်းပေါင်း (၁၁၆) တန်ဖိုးရှိ မူးယစ် ဆေးဝါး အပါအ၀င် မှောင်ခိုပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော


၂၀ဝ၂ မေလအတွင်း ထုတ်ဝေခဲ့သော
 ‘မုဒိန်းကျင့်ခွင် လိုင်စင်’ (License to Rape) စာအုပ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး
 ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
ဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်း ပြောသကဲ့သို့

တဖက်နားနှင့် ရေးသားခြင်း မဟုတ်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက် ရေးအသင်း SWAN က ပြောကြားလိုက်သည်။

ရည်းစားကို ထောက်ပံ့ချင်လို့ ယောက်ျားကို ပြန်ပေးဆွဲခံရသည်ဟု လိမ်သည့် အမျိုးသမီး


အိန္ဒိယနိုင်ငံ Tamil Nadu မှ အမျိုးသမီးတစ်ဥိးဟာ သူမယောက်ျား မသိဘဲ ချစ်သူကို ငွေကြေး ကူညီချင်တဲ့အတွက်ကြောင့် မိမိကိုယ်မိမိ ပြန်ပေးဆွဲခံရသည်ဟု လိမ်လည်ခဲ့ကြောင်း asiaone သတင်းတွင် ဖော်ပြခဲ့ပါတယ်။
အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရဲစခန်းက သတိပေးပြီး ပြန်လွှတ်ခဲ့တယ် လို့ သိရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အသက် ၂၈ နှစ်အရွယ် ထိုအမျိုးသမီး Nivedha ဟာ သူမရဲ့ ရွှေလည်ဆွဲကို အပေါင်ဆိုင်တစ်ခုမှာ လွန်ခဲ့တဲ့ တစ်လက ပေါင်ခဲ့ကြောင်း၊ ထိုငေများကို သူမ၏ ချစ်သူ Vetri ကို ပေးခဲ့တယ် လို့ ဆိုပါသည်။

ပိုက်ဆံမပေးပါက အတူနေခဲ့သည့် ပုံများ၊ဗီဒီယိုများကို အွန်လိုင်းတင်မည်ဟု ခြိမ်းခြောက်သည့် ရည်းစားဟောင်း


Tan လို့ အမည်ရတဲ့ အသက် ၃၀ နှစ်အရွယ် မလေးရှားကျောင်းဆရာမလေးဟာ သူမရဲ့ ရည်းစားဟောင်း ဖြစ်သူက မလေးရှားငွေ RM 50000 မြန်မာငွေ သိန်း ၁၂၀ ကျော်ခန့် မပေးပါက သူမနှင့်အတူ နေခဲ့သည့် ပုံများ၊ ဗီဒီယိုများကို အွန်လိုင်း တင်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း ခံခဲ့ရပါတယ်။
သူမဟာ Lai လို့ အမည်ရတဲ့ အသက် ၃၄ နှစ်အရွယ် သင်္ဘောသားတစ်ဦးနှင့် လွန်ခဲ့သည့် ၃ နှစ်ခန့်က ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပြီး သူမတို့ နှစ်ယောက် အတူနေခဲ့တဲ့ ဓာတ်ပုံပေါင်း ၂၀ ကျော် သူ့ဆီမှာ ရှိကြောင်း သူမက ဆိုပါတယ်။

စမ်းချောင်းရဲစခန်း အချုပ်ခန်းအတွင်း သေကြောင်းကြံစည်မှု ဖြစ်ပွား”


ခိုးမှု၊မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူမှ အချုပ်ခန်းအတွင်း မိမိကိုယ်ကို သေကြောင်းကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ည (၇)နာရီခန့်က စမ်းချောင်းမြို့နယ် အတွင်း ရှိ နေအိမ်တစ်အိမ်တွင် 3K တံဆိပ်ပါ ဘက်ထရီအိုးကြီး တစ်လုံးအား ခိုးယူခဲ့ပြီး သံတံတားရပ်ကွက် အတွင်းရှိ

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်


သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစား တတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်း လာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး

တရုတ် လိုအပ်ချက်၊ အင်တာနက် ဈေးကွက်နဲ့ မြန်မာ သတို့သမီးများ


တရုတ် လယ်သမားတွေဟာ သူတို့နိုင်ငံမှာ အမျိုးသမီး နည်းပါးလို့ သတို့သမီး ရှားပါး ပေမယ့် အခုအခါမှာ အင် တာ နက် အွန်လိုင်း တွေအပါအ၀င် တရားမ၀င် နည်းလမ်းတွေနဲ့ မြန်မာအမျိုးသမီးတွေကို ဇနီးမယား အဖြစ် လွယ်ကူစွာ ရှာဖွေနိုင်နေကြပါပြီ။

တရုတ်နိုင်ငံမှာ တအိမ်ထောင် ကလေးတယောက် မူဝါဒချမှတ်ထားတာ ကြာပါပြီ။ ယောက်ျားလေးကိုသာ အလေး ထား မွေးကြ တာတွေ ရှိနေပြီး မိန်းကလေးကို မယူချင်ကြ၊ မမွေးကြတာတွေကြောင့်လည်း ကျား-မ ဦးရေ ကွာဟနေတာ ဖြစ်ပါတယ်။

ဘင်္ဂလီ လုပ်သားများကို အားကိုးခဲ့ရသော ရသေ့တောင် အုတ်လုပ်ငန်း ရခိုင် ဒေသခံ လူငယ်မျာဖြင့် ပြန်လည် စတင်

စိမ်းလန်းအောင် (ကိန်းသာမြေ)
ဘင်္ဂလီ လုပ်သားများ မရှိတော့သဖြင့် ရပ်နားထားရမည့် အခြေအနေသို့ ရောက်ခဲ့ရသော ရသေ့တောင်မြို့ အုတ်လုပ်ငန်းကို ယခုအခါ ဒေသခံ ရခိုင်လူငယ် လုပ်သားများဖြင့် ပြန်လည် စတင် လုပ်ကိုင်နေပြီ ဖြစ်သည်။
ရသေ့တောင်မှ ရခိုင်လူငယ် လုပ်သားများဖြင့် အစားထိုး လုပ်ကိုင်သော အုတ်လုပ်ငန်။ (ဓါတ်ပုံ နိရဉ္စရာ/ စိမ်းလန်းအောင်)
ရသေ့တောင်မှ ရခိုင်လူငယ် လုပ်သားများဖြင့် အစားထိုး လုပ်ကိုင်သော အုတ်လုပ်ငန်။ (ဓါတ်ပုံ နိရဉ္စရာ/ စိမ်းလန်းအောင်)
“ စိုက်ပျိုးရေး လုပ်ငန်း အပါအ၀င် ဒီလို အုတ်လုပ်ငန်းတွေက အရင်က ဘင်္ဂလီ လုပ်သားတွေနဲ့ဘဲ လုပ်ကိုင်ခဲ့ကြပါတယ်။ ရခိုင်မှာ ဖြစ်သွားခဲ့တဲ့ အရေးအခင်း နောက်ပိုင်းမှာ ဘင်္ဂလီ လုပ်သားတွေ မရှိတော့ ဒီလုပ်ငန်းကို ရပ်နားထားရမလိုတောင် ဖြစ်သွားခဲ့တယ်။ အခုတော့ ဒေသခံ ရခိုင်လူငယ်တွေက အစားထိုး ၀င်ရောက် လုပ်ကိုင်လာတဲ့ အတွက် အုတ်လုပ်ငန်းက ပြန်လည် စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု

ကျောက်ဖြူတွင် နွားလှည်းသမားများ ဆန္ဒပြ


ထွန်းထွန်း
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကုန်တင် ကုန်ချ ပြုလုပ်နေသော နွားလှည်းသမားများသည် သူတို့ထံမှ အခွန်အကောက်များ မတရား ကောက်ခံနေမူ အပေါ် မကျေနပ်သဖြင့် ယနေ့တွင် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။
Kyauk Pru bull puller
ကျောက်ဖြူမြို့ နယ်အတွင်းရှိ ဒေသခံ ပြည်သူများသည် ကျောက်ဖြူမြို့ပေါ်သို့ စက်လှေ၊ မော်တော် ဘုတ်များဖြင့် သွားလာရာတွင် ဂျပန်မ ဆိပ်ကမ်းမှ တဆင့် သွားလာကြရသည်။

မသီတာထွေး အရေးကြောင့် ရွာကိုမလာရဟု တားမြစ် ပိတ်ပင်ခံထားရသူ ရွာပြန်လာ၍ ထောင် (၁) နှစ် ချမှတ်ခံရ

မောင်ရမ္မာ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် စံပြကျေးရွာတွင် မသီတာထွေး သေဆုံးပြီးနောက် လုံဆော်မူများ ပြုလုပ်သည့် စွပ်စွဲချက်ဖြင့် ရွာသို့ ပြန်မလာရဟု ခံဝန်ချက်ဖြင့် ရဲက ရွာထဲမှ နှင်ထုတ်ခံထားရသူ တစ်ဦး ရွာပြန်လာသဖြင့် ရမ်းဗြဲမြို့နယ် တရားရုံးက ထောင် (၁) နှစ် ချလိုက်သည်ဟု သိရသည်။
မသီတာထွေး တို့နေ ရပ် ကျောက်နီမော် ကျေးရွာ။
မသီတာထွေး တို့နေ ရပ် ကျောက်နီမော် ကျေးရွာ။
သူ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဖြစ်သူ ကျောက်နီမော်ကျေးရွာမှ  ဦးမောင်ဖိုးဦး၏ သား ကိုလှသွယ် အသက် (၃၈) နှစ် ဖြစ်သည်။
ကိုလှသွယ်အား ခံဝန်ချက် ကတိဖေါက်ဖျက်မှုဖြင့် ရမ်းဗြဲတရားရုံးက ယနေ့ ဒီဇင်္ဘာလ ၂၀ ရက် ယနေ့တွင် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ (၂)နှစ်လွန် ဂီရိမုန်တိုင်း အစီရင်ခံထုတ်ပြန်





Cyclone Giri two years onရခိုင်ပြည်တွင် ၂၀၁၀ ခုနှစ်က တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် မုန်တိုင်းဒဏ်သင့် မြို့နယ်များရှိ ဒေသခံများ ယနေ့အချိန်ထိ ကြုံတွေ့နေရသော အခက်အခဲပြဿနာများနှင့် ပက်သက်၍ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ "(၂)နှစ်လွန်ဂီရိမုန်တိုင်း- မြန်မာနိုင်ငံအနောက်ဘက်၊ ရခိုင်ပြည်မှ အသံများ" အမည်ရှိ

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ယနေ့ သွားရောက်


 
အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၉ ရက်က ပြောကြားခဲ့သည်။ 

ပြည်သူလူထုသို့ အသိပေးကြေညာချက်




၁၇-၁၂-၂ဝ၁၂ ရက်နေ့ နံနက် ၅ နာရီတွင် ရတနာတွင်းတူးစင်ရှိ ဓာတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ လျှပ်စစ် ထိန်းချုပ်စနစ် ချွတ်ယွင်းသည့်အတွက် ပြည်တွင်းသို့ ကမ်းလွန် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု ခေတ္တရပ်ဆိုင်း ခဲ့ရပါသည်။

သန့်ရှင်းရေး ဆောင်ရွက်ခ တိုးမြှင့် ကောက်ခံမည်




ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ ၁၉ မြို့နယ် တွင် သန့်ရှင်းရေး ဆောင်ရွက်ခ နှုန်းထား များကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ မှ စတင် ကာ ယခင် ကောက်ခံသည့် နှုန်းထက် ကျပ် ၄၅၀တိုးမြှင့်
ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန ဌာနမှူး ဦးသန်းလွင်ဦး က အသိပေး ပြောကြားသည်။

ကချင်တွေနဲ့ ဆွေးနွေး ရ မှာကို ကြောက်တဲ့ ဗိုလ်ချုပ်




  “ကိုဘဆွေ - ကိုဖေခင်
ကနေ့ ဂျင်းဖောများနှင့် အစည်းအဝေးကို ခင်ဗျားတို့ဘဲ ဆက်လက် ဆွေးနွေးကြပါ -ကျွန်တော် မလာတော့ဘူး -
အရင်က လျှော့ထားဒါထက်တော့ လျှော့လို့ မဖြစ်တော့ဘူး -
အခုလျှော့ထားတာတောင် တိုင်းပြည်က ဘာပြောအုံးမယ်

ငလျင်ကြောင့်ပျက်စီးသွားတဲ့ စေတီပုထိုးတွေပြုပြင်ဖို့ ကျပ်သိန်းပေါင်းများစွာလိုအပ်နေ


စစ်ကိုင်းတိုင်းအတွင်း  ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ စေတီပုထိုးတွေနဲ့  သာသနိက အဆောက်အဦတွေ ပြန်လည် မွမ်းမံပြင်ဆင်ဖို့ အလှူငွေ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ အကူအညီလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လက  လှုပ်ခတ်သွားတဲ့ အင်အားပြင်ငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်းအတွင်းက  စစ်ကိုင်း၊ ရွှေဘို၊ ၀က်လက်၊ ခင်ဦးနဲ့ ကန့်ဘလူ စတဲ့ မြို့နယ်  ၆ မြို့နယ်လောက်က  ရာနဲ့ ချီတဲ့ ဘုရားစေတီ ပုထိုး၊ ကျောင်းကန်တွေ ပျက်စီးသွားခဲ့တာပါ။
ငလျင်ဒဏ်ကြောင့် အဓိကပြင်ဆင်ဖို့ လိုအပ်နေတဲ့ စေတီနဲ့ ဘုရားတွေထဲမှာ  စစ်ကိုင်းမြို့နယ်က အောင်မြေလောက

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေစတင်


ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ရာမှာ တချို့ဒေသတွေမှာ  ဥပဒေ၊ နည်းဥပဒေနဲ့ မညီတဲ့ လုပ်ဆောင်ချက်တွေ ရှိနေပြီး တချို့နေရာတွေမှာတော့ ဒေသခံတွေ စိတ်ဝင်စားမှု မရှိတာ တွေ့ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပြောပြချက်အရ သိရပါတယ်။
ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တောင်ဥက္ကလာပနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့အတွင်း  ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေရာမှာ

ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကေအိုင်အိုကို အစိုးရထပ်မံကမ်းလှမ်း


ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)ကို ကမ်းလှမ်းခဲ့ပါတယ်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နှစ်ဘက်ဆွေးနွေးပွဲတွေ ပြန်လုပ်ကြဖို့ ကေအိုင်အိုကို ကမ်းလှမ်းတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်းအောင်က ပြောပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့က ရွှေလီမြို့မှာ ဆွေးနွေးခဲ့ကြစဉ်

မြန်မာနိုင်ငံ မြို့ကြီးတချို့၊ မြေငလျင်လှုပ်ခတ်


မြန်မာနိုင်ငံ မြို့အတော်များများနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသတွေမှာ ဒီကနေ့ မနက်ခင်းပိုင်း နဲ့ နေ့လည်ပိုင်းမှာ မြေငလျင်လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဒီနေ့ မနက် ၈ နာရီ ပတ်ဝန်းကျင်က ၁ ကြိမ်၊ မနက် ၉ နာရီခန့်က ၁ ကြိမ်၊ မိနစ်ပိုင်းလောက်သာကြာတဲ့ မြေငလျင် ၂ ကြိမ် လှုပ်ရှားသွားခဲ့ပြီး ပျက်စီးမှုတစုံတရာ မရှိခဲ့ပေမယ့်  လူတွေ အထိတ်တလန့် အိမ်ပြင်ထွက်ပြေးတာ၊ ဘုရားကုန်းပေါ်တက်ခိုတာ၊ စာသင်ကျောင်းထဲက ကလေးတွေကို အပြင်ကို ခေါ်ထုတ်ရတာတွေ ရှိခဲ့တယ်လို့ တာချီလိတ် ဒေသခံတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံထုတ် နေရှင်းသတင်းဌာနမှာလည်း ဒီကနေ့ မနက် ၇ နာရီ ၅၄

facebook မှကြည့် ချင်ရင် like လုပ်ပါ