ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

31 December 2012

ဒီဇင်ဘာ(၃၁) ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ ဝမ်းနည်းဖွယ်အခမ်းအနား ပြည်တွင်းပြည်ပကျင်းပ





ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်လာခဲ့သော ရခိုင်တို့၏ ဘုရင့်အချုပ်အခြာအာဏာကျဆုံးသည့် ၂၂၈ နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ပြည်တွင်းပြည်ပ ရခိုင်ပြည်သူများက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်လူမျိုးတို့သည် ဘီစီ ၃၃၁၅မှ အေဒီ၁ ၇၈၄ ခုနှစ်အထိ နှစ်ပေါင်းငါးထောင်ကျော်တိုင်အောင် ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် ဓညဝတီ၊ ဝသာလီ၊ လေးမြို့နှင့် နောက်ဆုံး မြောက်ဦးခေတ်အထိ နိုင်ငံတစ်နိုင်ငံအဖြစ် သီခြားရပ်တည် နေထိုင်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်သည်။
No Foo
ထို့ကြောင့် အချုပ်အခြာအာဏာကျဆုံးခဲ့ရသည့် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မဲဆောက်မြို့၊ ဖူးကတ်မြို့၊ နို့ဖို့ဒုက္ခသည်စခန်း၊ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ကာဘိုရိုမြို့၊ အိုင်အိုဝါ(IOWA, Des Moines)မြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်မြို့၊ တောင်းတန်းဒေသ စသောမြို့များတွင် ပြုလုပ်ကြပြီး ပြည်တွင်းတွင် ရန်ကုန်နှင့် စစ်တွေမြို့၊ ရသေ့တောင်မြို့တို့တွင်လည်း ရခိုင်လူမျိုးတို့၏ မမေ့အပ်သည့်နေ့တစ်နေ့အဖြစ် ဝမ်းနည်းဖွယ်ကျင်းပခဲ့ကြောင်း သိရသည်။
" ကျနော်တို့ ရခိုင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ ဗမာလူမျိုးတွေရဲ့ အုပ်ချုပ်မှုအောက်မှာ အဖိနှိပ်ခံနေခဲ့ရတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်မှုအောက်မှာ လည်းဖိနှိပ်မှုမျိုးစုံကို ခံလာခဲ့ရတယ် ယခုတိုင်လည်း ခံနေဆဲဖြစ်တယ်။ စစ်တပ်က လယ်ယာမြေတွေကို သိမ်းတယ်၊ ရွာတွေကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတယ်။ ပြီးတော့ စီမံကိန်းတွေကို တည်ဆောက်တယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း စစ်အစိုးရခေတ်အဆက်ဆက် ဖျက်ဆီးလာခဲ့ကြတဲ့အတွက် အခုဆိုရင် တိမ်ကောပျောက် ကွယ်လုဆဲဆဲဖြစ်နေပြီ။ ရခိုင်ပြည်သူလူထုတွေဟာ ယခုအချိန်ထိ ဘဲဒုက္ခမျိုးစုံခါးစည်း ခံနေကြရတယ်။ ဒီလို နိုင်ထက်စီးနင်း ဖိနှိပ်မှုတွေ ခံနေရတာဟာ ရခိုင်လက်ထဲမှာ ကိုယ်ပိုင်အချုပ်အခြာအာဏာမရှိလို့ဘဲ။ အချုပ်အခြာအာဏာရရှိဖို့အတွက် ရခိုင်လူမျိုးတွေ စည်းရုံးရမယ်၊ တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့လည်း အရည်အခြင်းတွေမြှင့်တင်ရမယ်၊ ဆုံးရှုံးနေတဲ့ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကို ရရှိအောင်လုပ်ဆောင်ရမယ်။ ဒါမှ ရခိုင်လူမျိုးတွေ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်လာမယ်၊ တင့်တင့်တယ်တယ်ဖြစ်လာမယ်။ " ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက မဲဆောက်မြို့၌ ကျင်းပသော အခမ်းအနားတွင် ပြောကြားခဲ့သည်။
" ရခိုင်ပြည် လွတ်လပ်ရေးကို ရခိုင်သားတိုင်းကတိုက်ယူရမယ်။ အချုပ်အခြာအာဏာမရမချင်း ရအောင်တိုက်ပွဲဝင်ရမယ်။ ရခိုင်ပြည်ဟာအင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ပေမယ့် ဗမာလက်အောက်မှာ ဆက်လက်ပြီး ကျွန်ပြုခံနေရတယ်။ ဒါကြောင့် ရခိုင်သားတိုင်းဟာ မိမိတို့တတ်ထားတဲ့ပညာကို ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းဆောင်သွားကြရမယ်။ " ဟု အမေရိကန်၌ ကျင်းပသော အခမ်းအနားတွင် သဘာပတိဦးထွန်းဝင်းက ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းစောင်၌ ပြည်ပရောက်ရခိုင်မျိုးချစ်များနှင့် ရခိုင့်နိုင်ငံရေးအင်အားစုများမှ စုပေါင်းကျင်းပသော အခမ်းအနားတွင်လူပေါင်း (၁၀၀၀)ကျော် တက်ရောက်ကြပြီး ၄င်းအခမ်းအနားသို့ စစ်ဦးစီးချုပ် ဦးထွန်းမြတ်နိုင် (ရက္ခိုင်တပ်မတော်)၊ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် (ရခိုင်လွတ် မြောက်ရေးပါတီ)၊ ရခိုင့်ရဟန်းပျိုများသမဂ္ဂ အပါအဝင် ပြည်ပရောက် ရခိုင်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် " ရခိုင်အချုပ်အခြာအာဏာ ကျဆုံးရခြင်းဟာ စည်းလုံးမှုမရှိလို့ ကျဆုံးရတာဖြစ်တယ်။ ကျဆုံးရတာနဲ့ ပတ်သတ်လို့ အခုရှိနေကြတဲ့ ရခိုင်ပြည်သူလူတွေဟာ ရှေ့ကဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ဒီအချိန်မှာသင်ခန်းစာယူရမယ်။ နောက်ပြီးတော့ အခုအချိန်မှာ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။ ဒါကြောင့်ပြည်သူလူတွေမှာ အခွင့်အရေးတွေရှိလာပြီဖြစ်တယ်။ ပြည်တွင်းမှာ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ကို ကျင်းပခွင့်ရလာကြတယ်။ " ဟုရက္ခိုင်တပ်မတော်က ပြောကြားသွားကြောင်း သတင်းသွားယူသည့် အာရ်ကန်တိုင်းမ်စ် သတင်းထောက် ကိုမင်းသွီး၏ သတင်းပေးပို့ချက်အရ သိရသည်။
" ရခိုင်လူမျိုးတချို့ ဧရာဝတီတိုင်းမှာနေကြတယ်။ မိခင်ဖခင်ဟာရခိုင်ဖြစ်တယ်။ ဒါပေမယ့်မှတ်ပုံတင်မှာ ရခိုင်လူမျိုးမဟုတ်ဘူး၊ ဗမာလူမျိုးဖြစ်နေတယ်။ ဒါဆိုရင်ရခိုင်လူမျိုးတွေဟာ ဗမာလူမျိုးဖြစ်သွားပြီပေါ့။ ဒီလိုမျိုးဖြစ်ရတာဟာ ကျနော်တို့ရခိုင်လူမျိုးမှာ အချုပ်အခြာအာဏာမရှိလို့ပဲ။ အဲဒါကြောင့် ရခိုင်လူမျိုးတွေ ကျွန်ဘ၀ကလွတ်မြောက်ဖို့ တောခိုပြီးကြမ်းတမ်းတဲ့ ဘ၀နဲ့လက်နက်ကိုင် တိုက်ပွဲဝင်ရမယ်။ ပြီးတော့ ကလောင်ကိုင်ပြီးတော့လည်း ရခိုင်နိုင်ငံအတွက် တိုက်ပွဲဝင်ရမယ်လို့ တိုက်တွန်းချင်ပါတယ်။ ရခိုင်မျိုးချစ်များ နိုင်ငံရေးမျိုးစေ့များချကာ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ " ဟု ထိုင်းနိုင်ငံ နို့ဖို့ဒုက္ခသည် စခန်း၌ပြုလုပ်သော ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် ရခိုင်မျိုးချစ်ဖြစ်သူ ကိုအောင်ဖြိုးက ပြောသည်။
၂၂၈ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်းဖွယ်အခမ်းအနားကို ပြည်တွင်းပြည်ပရှိရခိုင်များ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
No Foo 1
Foo Kat
ထိုင်းနိုင်ငံ ဖူးကတ်တွင် ၂၂၈ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ကျင်းပနေစဉ်
b
bk
Bangala 1
Bangala
Armarica 1
IOWA 3
228 Day 1
Switty
 

ArakanTime

အမှောင်ဖုံးနေသော ရခိုင်ပြည်


"အမှောင်ဖုံးနေသော ရခိုင်ပြည်" စာအုပ်
သည် ရခိုင် သမိုင်း၊ စာပေယဉ်ကျေးမှု၊ 
လူမှုစီးပွားအခြေအနေများနှင့် နိုင်ငံရေးဖြစ်
စဉ်များကို ဆိုလိုရင်းနှင့် အဓိပ္ပါယ်ထိထိ

အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်းမှ (၂၂၈)နှစ်မြောက် ရခိုင်နိုင်ငံအချုပ်အချာအာဏာ ကျဆုံးသည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ


IOWAအမေရိကန်ပြည်ထောင်စု IOWA, Des Moines
 မြို့ ရခိုင်အမျိုးသားရေအသင်းမှ ကြီးမှူးပြီး 
(၂၂၈)နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်
အချာအာဏာ ကျဆုံးသည့်နေ့ အောက်မေ့
ဖွယ်အခမ်းအနားကို ဒီဇင်ဘာ (၃၀)ရက်
 

 နံနက် (၁၀) နာရီမှ ညနေ (၄)နာရီအထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လိုင်ဇာ ကို တစ်နာရီ အတွင်း တက်သိမ်းနိုင်သော်လည်း သိမ်းမည်မဟုတ်သဖြင့် KIA နှင့် ABSDF ကျောင်းသားများ ကြောက်လန့်သွေးပျက် နေဖို့မလို ဟု ဆို



မြန်မာစစ်တပ်အနေဖြင့် လဂျားယန်တ၀ိုက် KIA နှင့် တိုက်ပွဲများဖြစ်ပွား
နေသော်လည်း လိုင်ဇာမြို့အား တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း စစ်တပ်မှအရာရှိတစ်ဦးမှ ပြောဆိုသွားသည်။ ``ကျွန်တော်တို့အနေနဲ့ လူနေတဲ့ဒေသတွေကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိသလို မူလဲမရှိပါဘူး ´´ ဟု ပြောဆိုသွားသည်။ လဂျားယန်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်
ပတ်သက်၍ ၎င်းမှ လဂျားယန်ဒေသမှာ စစ်တပ်မှအကြီးအကျယ် ထိုးစစ်ဆင်

စစ်ထောက်လှမ်းရေးများဟုစွပ်စွဲခံရပြီးသေဆုံးခဲ့သူများစာရင်း



မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( မြောက်ပိုင်း ) - ပါဂျောင်ဒေသ - လိုင်စင်စခန်း - တွင်
စစ်ထောက်လှမ်းရေးများဟုမတရားစွပ်စွဲကာ နှိပ်စက်သတ်ဖြတ်ခံရပြီးသေဆုံးးခဲ့ရသူများစာရင်း-(၁၉၉၁-၉၂)
(၁) ကိုမြတ်ကိုကို (လူသစ်) (မြင်းခြံ)
ထောက်လှမ်းရေးဟုစွပ်စွဲကာသတ်ဖြတ်
(. .၁၉၈၉)

အာဖဂန် နစ္စတန် နိုင်ငံမှ အမျိုးသမီး နှစ်ဦး ပထမဆုံး စစ်ရဟတ်ယာဉ် မှူးများ ဖြစ်လာမည်



Photo:  http://www.myawady.net.mm/allnews/global/item/3111-2012-12-30-10-12-00အာဖဂန် အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်းအား လေ့လာ သင်ယူခဲ့ပြီးနောက် အာဖဂန် နစ္စတန် နိုင်ငံသို့ မကြာသေးမီက ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရ သည်။ ဒုတိယဗိုလ် ဆိုယာဆာလာနှင့် ဒုတိယဗိုလ် မဆူးမာ ဟတ်ဆိုင်းနီ အမည်ရှိ အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်းအား ၁၈ လကြာ တက်ရောက် ခဲ့ကြသည်။ ဆိုဗီယက်တပ်များ အာဖဂန်မှ ဆုတ်ခွာ ခဲ့ပြီးနောက် ၎င်းတို့ နှစ်ဦးသည် အာဖဂန် နစ္စတန် နိုင်ငံ၏ ပထမဆုံး အမျိုးသမီး စစ်ရဟတ် ယာဉ်မှူးများ ဖြစ်လာတော့မည် ဖြစ် သည်။

တိုးတက်လာတဲ့မြန်မာ့ရုပ်ရှင်လောက ဘာလဲ....ဘယ်လဲ?





ဖတ်မိလိုက်တဲ့  အင်တာဗျူးလေးတခု.....
ကျနော်တို့ က ဒီနှစ်မှလွှဲပြောင်းယူတာဆိုတော့  တချို့  မလုပ်တက် မကိုင်တက်တာလေးတွေရှိတယ် သေချာတာကတော့  ခမ်းခမ်းနားနားလုပ်သွားမှာပါ....။

အခမ်းအနားဖွင့် လှစ်ကြောင်းကြေငြာအပ်ပါသည်...
လက်ခုတ်သံက လွဲရင် စလိုက်တို့  ၊ငွေ ရောင်ငွေ စတို့  ထွက်မလာဘူး
ညံလိုက်တဲ့  Performance

နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ်များးမှ ခြေဖြင့်နင်း၊မီးရို့၊စုတ်ဖြဲ ခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ






 နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏မုန်းတီးစိတ်ကိုပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင်

၂၀၁၁ ခုနှစ် မျက်ခွက်အပြောင်ဆုံး မင်သားဆုကို ဇင်ဝိုင်း နှင့် လူမင်း မှ ပူးတွဲရရှိ




၂၀၁၁ ခုနှစ် မျက်ခွက်အပြောင်ဆုံး မင်သားဆုကို ဇင်ဝိုင်း နှင့် လူမင်း မှ ပူးတွဲရရှိသွားကြောင်း သတင်းရရှိပါတယ် ဇင်ဝိုင်း သည် ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်ပြီး ဒုတိယ ဥက္ကဌမှာ လူမင်းဖြစ်ပါတယ်။
ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ (၈) ခု ရရှိသွားသော ထာဝရအလင်းတန်းများ ဇတ်ကားသည် တရုတ်ရုပ်ရှင်အား တိုက်ရိုက်ကော်ပီရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

ဆယ်စု ၂၄ ခါ မပြည့်စီချင်ပါ

ပြည်ကိုကျူးကျော်
မျိုးကိုကျွန်ပြု
ဘာသာကို စော်ကား
လူကိုအလေးမထား
သမိုင်းကိုဖျောက်
စဉ်လာကို ချိုးဖေါက်
အသွင်မတူသူတိ လုပ်ရပ်တိကြား
ရင်တမော့မော့
ခေါင်းငုံ့ခံကတ်ယင်း

ဒဏ်ရာရသံဃာများ အသက်အန္တရာယ်မစိုးရိမ်ရတော့


ထိုင်းနိုင်ငံမှာ ထွက်ပြီး ဆေးဝါးကုသနေတဲ့ မီးလောင်ဒဏ်ရာရ ကိုယ်တော် ၂ ပါးစလုံး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဒဏ်ရာရသံဃာတွေကို ကူညီနေတဲ့ ဦးသု ခေါ် ဦးသုဇနက မိန့်ကြားပါတယ်။
“ဦးတိက္ခဥာဏက အသက်အန္တရယ် မစိုးရိမ်ရပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကတော့ လောလောဆယ် လှုပ်ရှားမှုအပိုင်းတွေမှာ တော်တော်အားနည်းလာပါပြီ။ မန္တလေးမှာတုန်းကတောင် လက်ကလေးတွေကို ဟိုဘက်စောင်း ဒီဘက်စောင်း လုပ်လို့ရတယ်။ လက်ကလေးတွေ ခြေထောက်ကလေးတွေ လှုပ်လို့ရတယ်။ အခုလက်ရှိမှာတော့ အသက်ကလည်းကြီးတယ် ဆိုတော့ လှုပ်လှုပ်ရှားရှားလုပ်တဲ့အခါမှာကို

၂၂၈ နှစ်ပြည့် ရခိုင့်ဘုရင်နိုင်ငံကျဆုံးခြင်းမှ လွတ်မြောက်ရာသို့

တော်ဝင်အမျိုး စဉ်လာချိုးလို့
ဥသြရီသောက် ပြာသိုလဆုတ် ၇-ရက်မှာ
ထီးနန်းပျက်လီ ရခိုင်မြီ
အသက်ကြီးလာ ကျွန်သံသရာ
လည်ပတ်လာစော် အဂုကျရောက်
အေနိ့ရက်က ၂၂၈ နှစ် ရှိလတ်ယာ။
ထို့ကြောင်းတရား  ငါရို့ကြားမှာ
တစိမ့်စိမ့်ဝင် မမိနိုင်ပင်
ဖိုးဘောင် မိဖ ညီအစ်ကိုတိ
တကွဲတပြား ရပ်ဝီးတပါး
ကစိုင်ကလျား ရောက်ခရရေ

လေယာဉ်ကြီးတွေသုံးပြီး တိုက်တယ်ဆိုတော့ ကမ္ဘာစစ်ဖြစ်သလို ခံစားရတယ်

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ အခု ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နယ်စပ်မှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒီဒုက္ခသည်စခန်းက အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီမှ ကိုလာရစ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကန္တာရဝတီတိုင်း(မ်) တိုင်းရင်းသားဂျာနယ် ပြည်တွင်းတွင် တရားဝင်ထုတ်ခွင့်ရ


ကယား-မြန်မာ နှစ်ဘာသာနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ထုတ်ဝေနေတဲ့ ကန္တာရဝတီတိုင်း (မ်) ဂျာနယ်ကို မြန်မာပြည်အတွင်း တရားဝင်ဖြန့်ချိခွင့် အစိုးရက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
ကန္တာရ၀တီတိုင်းမ်ဂျာနယ်ကို ထိုင်း-မြန်မာနယ်စပ်မှာ ထုတ်ဝေနေတာ ၈ နှစ်ရှိပြီဖြစ်ပြီး ပြည်တွင်းမှာတော့ လျှို့ဝှက် ဖြန့်ချိနေရာက အခု တရားဝင် ဖြစ်တာပါ။
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနနဲ့ ကန္တာရ၀တီတိုင်းမ် ဂျာနယ်ကို

ရုပ်သေးကို ခေတ်ပေါ်ဇာတ်လမ်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြနိုင်အောင် ကြိုးပမ်းရန်လို


မြန်မာ့ရိုးရာ ရုပ်သေးသဘင်ကို ရိုးရာနဲ့သာမကဘဲ ခေတ်ပေါ်နဲ့ပါ ဇာတ်လမ်းတွေ တီထွင်ဖန်တီးဖို့နဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ တင်ဆက်နိုင်အောင်လုပ်မှ နိုင်ငံတကာကို ပေါက်မြောက်မယ်လို့ ထွေးဦးမြန်မာ ရိုးရာရုပ်သေးအဖွဲ့ ဒါရိုက်တာ ဦးခင်မောင်ထွေးက ပြောပါတယ်။
ထွေးဦးမြန်မာအဖွဲ့ဟာ ဒူဘိုင်း၊ စင်ကာပူ၊ ဂျာမနီ၊ ဟော်လန်၊ ဩစတြီးယားနဲ့ ပြင်သစ် စတဲ့ ပြည်ပခရီးစဉ်တွေကို သွားရောက်ဖျော်ဖြေခဲ့သလို ပြည်တွင်းမှာလည်း ဖျော်ဖြေနေတာဖြစ်ပါတယ်။
ဒူဘိုင်းနိုင်ငံမှာ သုံးကြိမ်မြောက် သွားရောက်တင်ဆက်ခဲ့အပြီးမှာ

ပူတာအိုခရိုင်က ဆန်ပြတ်လပ်မှုပြသနာ မဖြေရှင်းနိုင်သေး


ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်တွင်းမှာ အခုနှစ် မိုးတွင်းကတည်းက ဆန်ပြတ်လပ်မှုပြဿနာကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။
ကချင်ပြည်နယ် ပူတာအိုနဲ့ မချမ်းဘောမြို့နယ်တွေမှာ  ပြီးခဲ့တဲ့နှစ်က ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးအထွက်နည်းခဲ့တဲ့အပြင် မိုးတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အခုနှစ် ဇူလိုင်လကတည်းက ဆန်ပြတ်လပ်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် အဲဒီဒေသတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေမှုရဲ့ အကျိုးဆက်အဖြစ် လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ရှိနေတာကြောင့်လည်း စားနပ်ရိက္ခာ သယ်ယူလို့မရ ဖြစ်နေတယ်လို့ ပူတာအိုမြို့ ဦးဂျာအောင်က ပြောပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ