ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

လယ်သမားတွေအကြွေး ကျေအောင် ထမင်းလျှော့စားဖို့ ဝန်ကြီး ဦးမြင့်လှိုင် တိုက်တွန်း




ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ၀န်ကြီးရဲ့ ဧရာဝတီတိုင်း ခရီးစဉ်အတွင်းမှာ လယ်သမားတွေကို ခြိုးခြံချွေတာဖို့ တိုက်တွန်းတဲ့ မှတ်ချက်အပေါ် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ ခြိုးခြံချွေတာရေး အတွက် ထမင်းလျှော့စားပါလို့ ဝန်ကြီးက ပြောခဲ့တာကြောင့် အခုလို မကျေမနပ် ဖြစ်နေတာပါ။  ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စည်းကမ်းပျက်၊ စာမေးပွဲကျ ကျောင်းထုတ်ခံ ကျောင်းသားများအား ဆရာဝန် ပြန်ပေးလုပ်ရန် အစီအစဉ်မရှိ

     ဗကသ ဆိုတဲ့ ထောင်ထွက် ကျောင်းသား အဖွဲ့က မန္တလေးမှာ စာနယ်ဇင်း   တွေ၊ ကျောင်းသား မိဘတွေ၊ ကျောင်း သားတွေစုပြီး ဒီကိစ္စကို လုပ်ကြတော့ ထောင်ထွက် လူမိုက်တွေပဲ။ ဒါလုပ်တာ မဆန်းပါဘူး ဆိုပြီး ခပ်ပေါ့ပေါ့ ထားမိတယ်။ေ နာက်တစ်ခါ ဒီကိစ္စကို အန်အယ်လ်ဒီက ပြည့်တန်ဆာ ကိစ္စ တရားဝင် လုပ်ချင်တဲ့ ဒေါ်စန္ဒာမင်းကြီးဆီ သွား ပြောကြ တာ၊ လူတွေ စုပြီး တွေ့ဆုံကြတာ မြင်တော့လည်း သာမ န်ပဲလို့ ထင်ခဲ့မိတယ်။ နောက်ဆုံး ဒီကိစ္စကြီးက လွှတ်တော်ထဲ ရောက်လာတော့ တကယ်ကို စိတ်ပျက်ခဲ့မိပါ တယ်။   ဖြေကြားချက်နဲ့ မေးမြန်းချက်ကို လေ့လာကြည့်ပါ။

 ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်၏ မေးမြန်းချက်အားကျန်းမာရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝင်းမြင့် မှ ပြန်လည်ဖြေကြားချက်-

. ကားရေဆေးလုပ်ငန်းများ အလုပ်အကိုင်ကောင်းလျက်ရှိ



ရန်ကုန်မြို့ တွင် ကားအသစ်များတင်သွင်းခွင့်ပြုပြီးသည့်
နောက်ပိုင်းတွင် ကားရေဆေး၊ ဆီထိုးလုပ်ငန်းများ အလုပ် အကိုင်ကောင်းလျက်ရှိပြီး တစ်နေ့လျှင် အနည်းဆုံးကား
အစီးရေ ၅၀ခန့် ရေဆေးပေးရကြောင်း ကားရေဆေးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

ထိုင်းတွင် လုပ်ခလစာများ မြင့်မားနေခြင်းကြောင့် မြန်မာ ရွှေ့ ပြောင်းလုပ်သား အများစုလာမည့် သုံးနှစ်အထိ ဆက်ရှိနေမည် ခန့်မှန်း




ထိုင်းတွင် လုပ်ခလစာများမြင့်မားနေခြင်းကြောင့် နိုင်ငံတွင်း၌ လာရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ
သည် လာမည့် သုံးနှစ်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးရာ သုတေသီတစ်ဦးက ပြောကြားသည်။

အမေရိကန်က ရခိုင်ပဋိပက္ခဒေသခံများအတွက် ဒေါ်လာ လေးသန်းကျော် ထပ်မံထောက်ပံ့




အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်ပဋိပက္ခ ဒေသခံများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများဆောင်ရွက်ရန် ဒေါ်လာ လေးသန်းကျော် ထပ်မံအကူအညီပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

ပရီးမီးယားလိဂ် သတင်းတိုများ


http://l3.yimg.com/bt/api/res/1.2/cndpMRIPgKDQ9W_J.T_xJQ--/YXBwaWQ9eW5ld3M7Zmk9aW5zZXQ7aD0zMDA7cT04NTt3PTQ0OQ--/http://media.zenfs.com/en_GB/Sports/Press_Association_Images/15576366.jpg
ပြောတာလည်း မင်းမှာပဲကွယ်
မန်ယူအသင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးအသင်းနဲ့ သရေကျခဲ့ပြီး နောက်ပိုင်း ရမှတ်ကွာဟမှူ့ (၇)မှတ်မှ (၅)မှတ်သို့ လျော့ကျခဲ့တဲ့အတွက် မန်စီးတီး ကစားသမားများက သူတို့အသင်းသည်

ဘာကြောင့် မန်ယူအသင်းက ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်းအဖြစ် (၃)ဘီလီယံကျော် တန်နေရတာလည်း? (သတင်းဆောင်းပါး)



မန်ချက်စတာ ယူနိုက်တက် အသင်းသည် ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်းအဖြစ် (၃)ဘီလီယံကျော် တန်ဖိုးရှိကြောင်း သတင်းကို ပြီးခဲ့သည့် ရက်ပိုင်းကပဲ ကမ္ဘာ့သတင်းဌာန ပေါင်းစုံမှာ ဖော်ပြခဲ့သလို ကျွန်တော်တို့ MMFC ဆိုဒ်မှာလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ။

Man United 2 – 1 Southampton Premier League Highlights


Cover

Man United     2

စီးပွားကူးသန်းပိုင် တက္ကစီကားဟောင်းတွေ လျှော့ဈေးနဲ့ ရောင်းထုတ်မည်


စီးပွားကူးသန်းဝန်ကြီးဌာနပိုင် တက္ကစီကားဟောင်းတွေကို ပြင်ပပေါက်ဈေးထက် ၆၀ ရာခိုင်နှုန်းလျော့ပြီး ထုတ်ရောင်းပစ်တော့မယ်လို့ သက်ဆိုင်ရာဝန်ကြီးရုံး ညွှန်ကြားရေးမှူးက  ဒီဗွီဘီကို ပြောပါတယ်။

သမီးဖြစ်သူနှင့် သက်ဆိုင်သော အငြင်းပွား မြေပိုင်ဆိုင်မူ ဘခင်ဖြစ်သူကို တရားစွဲဆို၍ အနိုင်ယူရန် ကြိုးပမ်း


ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီး တစ်ဦးအကြား အငြင်းပွားနေသော မြေယာပိုင်ဆိုင်မူနှင့် ပတ်သက်ပြီး  ကာယကံရှင် အမျိုးသမီးကို တရားမစွဲဆိုဘဲ မသွားလာနိုင်ဘဲ ဖြစ်နေသော အမျိုးသမီး၏ ဘခင်ကိုသာ တရားစွဲထားကြောင်း  သတင်း ရရှိသည်။
အမ်းမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို မြင်ရစဉ်။
အမ်းမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို မြင်ရစဉ်။
“ ကျွန်မအဖေကို တရားရုံးက ဆင့်ခေါ်တော့ ကျွန်မ သွားပါတယ်။ ဒီဇင်္ဘာလ ၂၁ ရက်နေ့က ခေါ်တာပါ။ ကျွန်မသွားတော့ တရားသူကြီးက နှင့်ကို ခေါ်တာမဟုတ်ဘူး။

မောင်တောတွင် ကောလဟလ သတင်းမျိုးစုံပျံ့


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကောလဟလ သတင်းမျိုးစုံ ပျံ့နှံ့နေကြောင်း သတင်း ရရှိသည်။
Maungdaw watch tower
ထိုသို့ သတင်းမျိုးစုံ ပျံ့နှံ့နေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်စိတ်များ တိုးပွားနေကြောင်း သိရသည်။

နယ်စပ် ဒေသ နံသာတောင်ကျေးရွာ ပရဟိတကျောင်းသို့ ရက္ခအလင်းတန်းမှ ပစ္စည်းများ လှူဒါန်း


ထွန်းထွန်း
ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း နံသာတောင်ကျေးရွာရှိ ပရဟိတစာသင်ကျောင်း၌ ပညာ သင်ယူနေ သော ကျောင်းသူ/သားများအတွက် ရန်ကုန်အခြေစိုက် ရက္ခအလင်းတန်းအဖွဲ့မှ ပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
nanthardoung
ပစ္စည်းလှူဒါန်း ခြင်းနှင့်ပတ်သက်၍ နံသာတောင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစရဏက နိရဉ္စရာသို့ယ ခုလိုမိန့်ကြားသည်။

နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံ၌ တပ်မတော်မှ ခွဲစိတ် ပါရဂူများနှင့် မလေးရှား နိုင်ငံ မာလာရာ တက္ကသိုလ်မှ ပါမောက္ခတို့ ပူးပေါင်း၍ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများအား ခွဲစိတ်ကုသ



နေပြည်တော် ဇန်နဝါရီ ၂၉
နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံမှ အစာအိမ် အူလမ်းကြောင်းနှင့် အသည်း ခွဲစိတ်ကု ဌာနမှ ဗိုလ်မှူးကြီး ဒေါ်သန်းသန်းရီ ဦးဆောင်သော ခွဲစိတ် ကုသမှု

ဟာနန်ဒက်ဇ်ရဲ့ ခြေစွမ်းက ကျွန်တော့ကို လူရွေးချယ်ရ ခက်ခဲ စေပါတယ် : ဆာအဲလက်စ်


734355_438504666202935_1147708779_n
မန်ယူအသင်းရဲ့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က လက်ရှိ အသင်းရဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ရဲ့ ခြေစွမ်းကောင်း တွေကြောင့် တခါတရံမှာ လူရွေးချယ်ဖို့ ဘေးကျပ်နံကျပ် ဖြစ်စေကြောင်း ဖွင့်ဟ ၀န်ခံသွားခဲ့ပါတယ်။ အဆိုပါ မက္ကဆီကို တိုက်စစ်မှူးလေးဟာ ဒီရာသီ မန်ယူအသင်းအတွက်

ဘက်ခမ်းဟာ ကျွန်တော့်ရဲ့ လူငယ်ကစား သမားလေးတွေကို ကူညီပေး နိုင်ပါလိမ့်မယ် : အာဆင်ဝင်းဂါး


beck at arsenal
အာဆင်နယ် အသင်းရဲ့ မန်နေဂျာ အာဆင်ဝင်းဂါးက လက်ရှိ အသင်းနဲ့အတူ လာရောက်လေ့ကျင့်ခန်း ဆင်းနေတဲ့ ဘက်ခမ်းအနေနဲ့

သိမ်းထားသည့်မြေပေါ်တွင် အခမဲ့ လုပ်ကိုင်ခွင့်ပေးရန် ကာချုပ် ညွှန်ကြားထား


စစ်တပ်က သိမ်းဆည်းထားတဲ့ မြေတွေအနက် တပ်ရင်းတပ်ဖွဲ့အတွက် သုံးပြီးပိုနေတာတွေကို စစ်တပ်က သိမ်းထားတာပါလို့ ရှင်းပြပြီး သိမ်းဆည်းခံတောင်သူတွေကို အခကြေးငွေ မယူဘဲ လုပ်ကိုင်ခွင့်ပေးထားဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားကြောင်း တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ပြောပါတယ်။

နေပြည်တော်လမ်း ကားမတော်တဆမှု သေဆုံးသူ အရေအတွက် မြင့်မားလာ


ရန်ကုန်-နေပြည်တော်-မန္တလေး ကားလမ်းစတင်ဖွင့်လှစ်တဲ့ ၂၀၁၀ ခုနှစ်ကစပြီး ကား အသွားအလာ များလာသလို ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူတွေလည်း ၁ နှစ်ထက် ၁ နှစ် များပြားလာကြောင်း သိရပါတယ်။

ကချင်လူမျိုးတွေကို ပြင်းပြင်းထန်ထန် စနစ်တကျနဲ့ အပြီးသတ်ချေမှုန်းနေတာ ဖြစ်ပါတယ်


မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ပဋိပက္ခဖြစ်တဲ့နေရာကနေ ပြန်လာတဲ့ လန်ဒန်တက္ကသိုလ်က သုတေသီ ဂိုင်ဟော်တန် (Guy Horton) ကို လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအခြေအနေ၊ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ စစ်ဘေးဒဏ်ကို တနှစ်ခွဲလောက် ခံစားနေရတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို အချိန်အတော်ကြာ တွေ့ဆုံမေးမြန်းခဲ့တယ်ဆိုတော့ ဘာတွေ တွေ့ကြုံခဲ့သလဲ။
“မော်တာတွေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တာကို ကြားနိုင်တဲ့

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌကို သာသနာရေးဝန်ကြီးမခန့်ရေး ဒေသခံများ တောင်းဆို


ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို လစ်လပ်နေတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း  မပြုလုပ်ဖို့ တိုင်းအတွင်းရှိ ထောင်ပေါင်းများစွာသော ဒေသခံပြည်သူတွေက ပြည်ထောင်စုလွှတ်တော် နာယကထံ စာရေးသားပေးပို့ တောင်းဆိုနေကြပါတယ်။
ဧရာတီတိုင်းအတွင်းရှိ

အင်းလေးကန် ဟိုတယ်စီမံကိန်းကို ဒေသခံများ သွားရောက်တားဆီး


ရှမ်းပြည်နယ် တောင်ကြီးခရိုင်  ညောင်ရွှေမြို့နယ်က အင်းလေးဒေသမှာ ဟိုတယ်စီမံကိန်း စတင်တဲ့အနေနဲ့ ကုမ္ပဏီတခုက  မြေညှိနေရာမှာ  ရွာသား ၁၀၀ ကျော် သွားရောက်ပိတ်ပင်တားဆီးခဲ့ပါတယ်။
အင်းလေးကန်အရှေ့ဘက် သလဲဦးကျေးရွာအုပ်စု ကန်ဘဲ့ရွာမှာရှိတဲ့  ရွာသားတွေပိုင်တဲ့ မြေကွက်တွေမှာ  ကုမ္ပဏီတခုက မြေထိုးစက် ၇ စီးနဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မနက်ပိုင်းက မြေတွေ လာထိုးချတဲ့အတွက် ရွာသားပေါင်း ၁၀၀ ကျော် စုဝေးရောက်ရှိလာပြီး ကန့်ကွက်ခဲ့တယ်လို့ ပါဝင်ခဲ့သူ အင်ကြင်းကုန်းရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့က စက်ယန္တရားတွေ ရပ်နားဖို့ပဲ ပြောတယ်။ သူတို့က

ဗကသ ကျောင်းသားခေါင်းဆောင်တဦးကို ဖမ်းဝရမ်းထုတ်


ဗမာနိုင်ငံကျောင်းသားများ သမဂ္ဂအဖွဲ့ ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ပြန်ကြားရေးရာကော်မတီ တာဝန်ခံ ကိုသီဟဝင်းတင်နေအိမ်ကို မုံရွာ လက်ပန်းတောင်းတောင်အရေး ဆန္ဒထုတ်ဖော်ခဲ့မှုနဲ့ စပ်လျဉ်းပြီး ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကာ ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေပါတယ်။
ကျောက်တံတားမြို့နယ် ရဲစခန်းနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက  ဇန်န၀ါရီ ၂၉ ရက်မှာ ကိုသီဟ၀င်းတင်ကို နေအိမ်မှာ ဖမ်းဝရမ်းပြပြီး လာရောက်ရှာဖွေခဲ့တဲ့အကြောင်း မိခင် ဒေါ်လီလီထွေးက ပြောပါတယ်။
ကိုသီဟဝင်းတင်

29 January 2013

စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆောက်မည်



စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုဖြစ်လာရန် စီစဉ်နေကြောင်းမန်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန်းလေးမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီမြစ် ရေကြီး မှုကာကွယ်ရေးစီမံကိန်း (Ayawaddy River Flood Preventation)နှင့် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုကှိုတည်ဆောက်သွားမည်ဟုသိရသည်။

တောင်ကိုရီးယားခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် မိတ်ပေါင်းမှားနေလား





နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ် အဖြစ်တောင်ကိုးရီးယားနိုင်ငံကို တနင်္လာနေ့ကပဲ ဆိုက်ရောက်ပါတယ်။

ဝန်ကြီးဌာနများတွင် အကြံပေးအရာရှိများအစား ပညာရှင်များ ခန့်အပ်တော့မည်





ဝန်ကြီးဌာနများတွင် အကြံပေးအရာရှိများအစား ပညာရှင်များကိုသာ ခန့်အပ်ထားတော့မည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၈ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးဌာနများတွင် အကြံပေး အရာရှိများ မထားတော့ဘဲ ပညာရှင်များသာ ထားရှိတော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြောကြားချက်ကို ပညာရှင်များက ပြောဆိုကြခြင်း ဖြစ်သည်။ ပညာရှင်တို့၏

Myanmar Times အင်္ဂလိပ်အယ်ဒီတာချုပ် ဒန်ကလေ တရားစွဲခံရ



မြန်မာတိုင်းမ်စ် ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် Ross Dunkley.

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ထုတ်ဝေနေတဲ့ မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရော့စ်ဒန်ကလီကို Myanmar Consolidated ကုမ္ပဏီရဲ့ ဒါရိုက်တာက ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအ၀င် ပုဒ်မ နှစ်ခုနဲ့ ကျောက်တံတား ရဲစခန်းမှာ မနေ့ကပဲ အမှုဖွင့်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရန်ကုန်အခြေစိုက် VOA သတင်း ထောက် ကိုသူရစိုးက သတင်းပေးပို့ထားပါတယ်။

အီလက်ထရောနစ် ဥပဒေသစ်ရေးဆွဲ၍ အဟောင်းအားပယ်ဖျက်မည်

   အီလက်ထရွန်းနစ်ဥပဒေပြစ်မူနှင့် ပြစ်ဒဏ်မှာ ခေတ်နှင့်မလျှော်ညီတော့သဖြင့် ပြင်ဆင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်းကြီးဌာန

ကိုလံဘီယာ မှာ အက်တာစီ ကို တရားဝင် သုံးစွဲ နိုင်တော့မည်



girl-takes-ecstasy-pill-i-007
 Ectasy ဟုခေါ်သည့် စိတ်ကြွ မူးယစ်ဆေးပြား တစ်မျိုးမှာ ကိုလံဘီယာ နိုင်ငံ
တွင် တရားဝင် သုံးစွဲ နိုင်ရန် အတွက် ဥပဒေပြဌာန်းတော့ မည် ဖြစ်သည်။

Green Foundation က ဘက်ထရီမီးထွန်းစက် ၁၀၀၀ လှူ

ဇန်န၀ါရီ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ KOREA GREEN FOUNDATION တို့ လူမှုအထောက် အကူပြုဆိုင်ရာတွေ ဆွေးနွေးခဲ့ကြပါတယ်။

အီဂျစ်သမ္မတ မိုဟာမက် မော်စီသည် စူးအက်တူးမြောင်း တစ်လျှောက်ရှိ မြို့ ၃ မြို့ကို အရေးပေါ် အခြေ အနေ တစ်ရပ် ထုတ်ပြန်



အီဂျစ်သမ္မတ မိုဟာမက် မော်စီသည် စူးအက်တူးမြောင်း တစ်ေ လျှာ က်ရှိ မြို့ ၃ မြို့ကို အရေးပေါ် အခြေ အနေ တစ်ရပ် ထုတ်ပြန်ြေ ကညာခဲ့ကြောင်း သိရှိရ ပါသည်။ပြီးခဲ့သည့် ၃ ရက်အတွင်း အဆိုပါ

တနင်္လာနေ့၏ စိတ်ဝင်စားဖွယ် အချက်အလက်များ

meh.ro8409
တနင်္လာနေ့ကို သိပ္ပံပညာရှင်များက ယခုလို အဖြေထုတ်ထားပါတယ်။
၁။ တနင်္လာနေ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံနေ့ (Suicide day)

ကမ္ဘာ့အကြီးဆုံး ဦးချိုရှိသော နွား

253142 413645232023900 485303948 nဂင်းနစ်စံချိန်တင်ခဲ့တဲ့နွား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အလယ်ပိုင်း Missouri ပြည်နယ်မှာ ဖြစ်ပြီး ၂၀၀၃ ခုနှစ်က စံချန်တင်ခဲ့တာ ဖြစ်ပါတယ်။
Watusi bull လို့ခေါ်တဲ့ အာဖရိက ဦးချိုကြီး နွားတစ်မျိုး ဖြစ်ပြီး ဥရောပ၊ အမေရိက တွေမှာလည်း အသက်ရှင် နေထိုင်နိုင်တဲ့ နွား ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ ၈ ပေလောက်အထိ အရှည်ရှိပြီး ပေါင် ၉၀၀ မှ ၁၆၀၀ အတွင်း အလေးချိန်ရှိတဲ့ နွားမျိုး ဖြစ်ပါတယ်။

ရေလယ်ခေါင်မှ အီတလီရဲတိုက်

178107 424279377627152 999287976 oအီတလီနိုင်င်ငံ Lambordy ပြည်နယ်က Lake Iseo လို့အမည်ရတဲ့ ရေကန် အလယ်မှာ ဖြစ်ပါတယ်။
ယင်းရေကန်အလယ်မှာ လူဦးရေ ထောင်ဂဏန်းသာ ရှိတဲ့ Monte Isola ကျွန်းမြို့  နဲ့အတူ သီးခြား တည်ရှိနေတဲ့ ရဲတိုက် တစ်ခုကိုလည်း ယခုလို မြင်တွေ့ ရပါတယ်။ Lake Iseo က အီတလီက

ချဲလ်ဆီးကိုငြင်းပြီး ဂါလာတာစာရေးကို ဒရော့ဘာ ရွှေးခဲ့

ချဲလ်ဆီးကိုငြင်းပြီး ဂါလာတာစာရေးကို ဒရော့ဘာ ရွှေးခဲ့ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒရော့ဘာသည် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာမှ ထွက်ခွာခဲ့ပြီးနောက် ဂါလာတာစာရေးသို့
ပြောင်းရွှေ့သွားခဲ့သည်။ ချဲလ်ဆီးမှ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း

ဖမ်းဆီးမှုပြုလုပ်က ငြိမ်းချမ်းရေးလိုလားခြင်းမရှိဟု လမ်းလျှောက်ချီတက်သူများပြော





Line Zar 1ရန်ကုန်မှ လိုင်ဇာသို့ လမ်းလျှောက်ချီတက်နေကြသော ငြိမ်းချမ်းရေးအဖွဲ့အား တောင်ငူရဲများက ဖမ်းဆီးမည်ဟု သတင်း များထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ အမှန်တကယ် ဖမ်းဆီးလျှင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိကြောင်း လမ်းလျှောက်ချီတက်လာနေသောငြိမ်းချမ်းရေးလိုလားသူများက ပြောဆိုလိုက်သည်။

သံတွဲတွင် ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်






Ngapali-Thandwe-Sandoway-Rakhine-State-Myanmarရခိုင်ပြည် သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာတွင် ရခိုင်အမျိုးသမီးတစ်ဦးအား မူဆလင်ဘာသာဝင် ဘင်္ဂလီလူငယ်တစ်ဦးက ဇန်န၀ါရီလ ၂၅ ရက်နေ့ ညနေတွင် အလိုမတူသားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
ကွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာနေ ရခိုင်ဗုဒ္ဓဘာသာဝင် (ဘ)ဦးပုတို၏သမီး မ၀င်းခင် (၃၄)နှစ်အား အောက်နတ်မော် ကျေးရွာအုပ်စု မြင်းစိမ်းမော်ကျေးရွာနေ ဘင်္ဂလီ မူဆလင်

ပြင်သစ် ဦးဆောင်သည့် တပ်ဖွဲ့များသည် မာလီနိုင်ငံ မြောက်ပိုင်း ''တင်ဘက်တူမြို့'' ရှိလေဆိပ်ကို သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့ပြီ



ပြင်သစ် ဦးဆောင်သည့် တပ်ဖွဲ့များသည် မာလီနိုင်ငံ မြော က် ပိုင်း ''တင်ဘက်တူမြို့'' ရှိလေဆိပ်ကို သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရ ပါသည်။ထိုကဲ့သို့ သိမ်း ပိုက် နိုင်ခဲ့ခြင်းသည်

မောင်တောမြို့တွင် ဘင်္ဂလီကုလားတိ ဒုတိယအကြိမ်မြောက် အကြမ်းဖက် သေနတ်လု မီးတိုက်မူဖြစ်ပွားလို့ မြန်မာကျပ်ငွေ သိန်း တစ်ရာကျော် ဆုံးရှုံး


MD Goftစောပြည့်ညို(မောင်တော)။      ။ ဂျန္န၀ါရီလ ၂၉ နိန့်က ရခိုင်ပြည် မောင်တောမြို့ ပန်းတောပြင်အုပ်စု ဘဂုန်းနားရွာနားက အစိုးရ သစ်တောကြိုးဝိုင်းထဲဝင်ပြီးကေ တရားမဝင်သစ်ခိုးရေ ကုလားတိကို သစ်တောဦးစီးဌါနဝန်ထမ်းတိ လားရောက် ဟန့်တားချိန် သစ်တောအဖွဲ့ဝင်တိကို ကုလားတိ ရန်ရှာရေအတွက် သစ်တောလုံခြုံရေးတပ်ဖွဲ့က ဘူသီးတောင် အခြီစိုက်တပ်ရင်း (၃၀၂) ကို တိုင်ကြားရေခါ ယင်းတပ်ဖွဲ့ဝင်တိ အခင်းဖြစ်ပွားရာနီရာကို ရောက်တေခါ အသင့်စောင့်ဆိုင်းနိန်ရေ ကုလားတိက သေနတ်

ရုံးခွန်တော် တံဆိပ်ခေါင်းတန်ဖိုး ထက်ဝက်လျော့ချ


တရားမမှုအတွက် ကပ်ရတဲ့ ရုံးခွန်တော် တံဆိပ်ခေါင်း တန်ဖိုးကို ထက်ဝက်လျော့ချ လိုက်ကြောင်း ဇန်န၀ါရီ ၂၃ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

န၀တအစိုးရလက်ထက် ထုတ်ပြန်ခဲ့သည့် ၂/၈၈ ကို ရုပ်သိမ်း


၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) က အာဏာသိမ်းအပြီးမှာ ထုတ်ပြန်ခဲ့တဲ့ ၂/၈၈ ကို နိုင်ငံတော်သမ္မတက ရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူရောက်


ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ဒီနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ မြို့ခံတွေနဲ့  ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီခဲ့ပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်  ခရီးရှည်လမ်းလျှောက်နေသူတွေဟာ  ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက  ကြိုဆိုတွေ့ဆုံပြီး  ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ  ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

တောင်ငူမြို့အရောက် - 29.01.2013 - 2:30pm (ဓာတ်ပုံ- ကိုညီညီထွန်း)
“တောင်ငူထဲဝင်လာပြီ။ အတားအဆီးမရှိပါဘူး။ ပဲခူးမြို့နယ်ကို ၀င်လာကတည်းက အလံထောင်တာ၊

ဝဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ


ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၀ဒေသမှာ လာရောက်ဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က ဖိတ်ခေါ်လိုက်တဲ့အပေါ်  အစိုးရနဲ့ ကေအိုင်အိုက သဘောတူလိုက်ပါတယ်။
အစိုးရဘက်က သဘောတူကြောင်း လွန်ခဲ့တဲ့ ၃ ရက်လောက်က တုံ့ပြန်ခဲ့သလို ကေအိုင်အိုဘက်ကလည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ အကြောင်းပြန်ခဲ့တယ်လို့ ယူဒဗလျူအက်စ်အေ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဘက် ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။
၂၀၁၂ အောက်တိုဘာ ၃၀ ရက်နေ့က ရွှေလီတွင် တွေ့ဆုံဆွေးနွေးခဲ့စဉ်
“အစိုးရဘက်က လွန်ခဲ့တဲ့ ၂-၃ ရက်က အကြောင်းပြန်ပါတယ်။ လက်ခံနိုင်ပါတယ်။ ဒီမှာလာ ဆွေးနွေးမယ်

27 January 2013

ဘူးသီးတောင်၊ မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများ ဆန္ဒပြမည်ဟူသော သတင်းများထွက်ပေါ်



Photo:   အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia
ဘူးသီးတောင်နှင့် မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများသည်
၎င်းတို့အနေဖြင့် ဗလီတက်ခွင့်မရခြင်း၊ ဆောက်လုပ်ခွင့်မရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း
မောင်းတော ဒေသခံများက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ပုလင်းပေါ်မှာ ကားမောင်း၍ ဂင်းနစ်စံချိန်တင်သူ

554729 322160844505673 604378312 nဘီယာပုလင်းများကို ရထားလမ်းလို့ စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက  Li Guiwen ပုဂ္ဂိုလ်က လက် တွေ့ပြ မောင်းနှင်ပြသခဲ့ပါတယ်။

လှံဦးချိုပါသော အာတိတ်ဝေလငါးများ

March-of-the-narwhalဦးခေါင်းမှာ လှံလိုမျိုး ဦချိုပါရှိပြီး ၎င်းတို့ကို Narwhal
လို့အမည်ပေးထား ပါတယ်။

သဘာဝအလျောက်ကို ချွန်ထက်တဲ့ အချောင်းအတံပါရှိပြီး ရေ ခဲကျောက် ဆောင်တွေကို

မော်ရင်ဟိုကို အာစင်ဝင်းဂါးဖြင့် အစားထိုးရန် ရီးရဲလ်ပြင်ဆင်

arsen-wenger1
ရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ် ရှိနေသည့် နည်းပြမော်ရင်ဟို၏နေရာကို
အာစင်ဝင်းဂါးဖြင့် အစားထိုးရန် ရီးရဲလ်မှ ပစ်မှတ်ထားနေသည်။ ပြီးခဲ့သောရာသီ၌ ရီးရဲလ်အတွက် လာလီဂါဖလား ဆွတ်ခူးပေးနိုင် ခဲ့သော်လည်း ယခုရာသီ ရလဒ်ဆိုးများကြောင့်
မော်ရင်ဟိုအနေဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး အသင်း ကစားသမားများနှင့်
ပြဿနာရှိနေခြင်းကလည်း ရီးရဲလ်မှ မော်ရင်ဟို ထွက်ခွာဖွယ်ရှိသည့် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။

ကျောက်ဖြူ ရခိုင် ဒုက္ခသည်စခန်းတွင် အိမ်သာ မလုံလောက်၍ အခက်ကြုံ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဘုရားကြီးတောင်ခြေရင်းရှိ ကညင်တော (ရခိုင်)ဒုက္ခသည်စခန်းတွင် အိမ်သာ လုံလောက်မူ မရှိသဖြင့်  အခက်ကြုံတွေ့နေကြရသည်ဟု ဒုက္ခသည်များက ပြောသည်။
KaNyintaw-Refugee-Camp
ကညင်တော ဒုက္ခသည်စခန်းမှာ ယခင်က အိမ်ထောင်စု ၃၆ စုဆောင်ရှိခဲ့သော်လည်း  နောက်ထပ် အိမ်ထောင်စု ၁၇ စု ထပ် တိုးလာရာမှ အိမ်သာ မလုံလောက်မူ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဒုက္ခသည် တစ်ဦးက ဆိုသည်။

ရက္ခိုင့်တပ်မတော် (Arakan Army) မှ ဗိုလ်မှူးကြီးထွန်းမြတ်နိုင်ပျောက်ဆုံးနေ






GeneralTMNဇန္နဝါရီလ ၂၅ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ တရုတ်နိုင်ငံ ကူမင်းသို့ China Eastern Airlines-MU-2594 လေယဉ်ဖြင့် ၂၅-၀၁-၂၀၁၃ နေ့ ၁၉း၃၀ နာရီထွက်ခွာ စီးနင်းလိုက်ပါသွားခဲ့သော ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်အား ယခုအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
" ပုံမှန်ဆိုရင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ တရုတ်နိုင်ငံ ကူမင်းဟာ ၁ နာရီ ၃၀ မိနစ်လောက်ပဲ ကြာတယ်။ အခု ကျနော်တို့ ဗိုလ်မှူးကြီးသွားတာက ၂၅ ရက်နေ့ကသွားတာ အခုအချိန်ထိ ဘာအဆက်အသွယ်မှ လုပ်လို့မရသေးဘူး။ ဘာသတင်းမှလည်းမရဘဲ ပျောက်ဆုံးနေတယ်။

MOU ပတ်စ်ပို့သမားများ နေထိုင်ရေးနှင့် ကျန်းမာရေးချို့တဲ့မှုကြောင့် လူပေါင်း(၄၀၀)ဆန္ဒပြတောင်းဆို





MWD - MOUထိုင်း- မြန်မာ နှစ်နိုင်ငံကြားနားလည်မှု စာချွန်လွှာ(MOU)ဖြင့် ဘန်ကောက်သို့ သွားရောက်အလုပ်လုပ်ကိုင် ရန် မြဝတီမြို့၊  မွေးမြူရေးဇုန်တွင် စောင့်ဆိုင်းနေကြသော မြန်မာနိုင်ငံသားများသည် အစားအသောက် အဆင်မပြေမှုများ၊ နေထိုင်ရေး၊ ကျန်းမာရေး ချို့တဲ့မှုများ စသည့်အခက်အခဲများကြုံနေရပြီး ၄င်းအခက်အခဲများကို ပြေလည်အောင်ဖြေရှင်းပေးရန်အတွက် လူပေါင်း ၁၂၀၀ အထဲမှ

ရွန်နီ ပင်နယ်တီ ကန်သွင်းခွင့် ပြန်ရပါလိမ့်မည်ဟု့ အာမခံခဲ့သည့် ဆြာအဲလက်စ်


မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပင်နယ်တီ ကန်သွင်းခွင့် (တာဝန်) အခွင့်အရေးကို ရွန်နီအား ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ဆြာအဲလက်စ် ဖာဂူဆန်က အာမခံပေး ပြောကြားလိုက်သည်။

ကာလရှည် ဝေးကွာနေတဲ့ အက်ဖ်အေဖလားကို အရယူဖို့ မန်ယူအသင်းက ဆာလောင်နေပါတယ် – ဆြာအဲလက်စ်


ယမန်နေ့ စနေနေ့က ဖူလ်ဟမ်အသင်းကို (၄-၁)ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် (၁၆)သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်အသင်းသည် (၉)နှစ်ကြာ ဝေးကွာနေသည့် အက်ဖ်အေဖလား ချန်ပီယံဆုကို ပစ်မှတ်ထား အရယူဖို့ ရည်မှန်းလျက်ရှိသည်။ ။

ဂျုံးစ်ဟာ တယ်ရီထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာမှာပါ : ဆာအဲလက်စ်


Jones - United will recover
မန်ယူအသင်းရဲ့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အသင်းရဲ့ နောက်ခံလူငယ် တစ်ဦးဖြစ်တဲ့ ဖီးလ်ဂျုံးစ်ဟာ ချဲလ်ဆီးနောက်ခံလူ

ရခိုင်ပြည် မောင်တောမြို့ ဆောက်လုပ်ရေးတပ် GE ကားတစီးနန့် ရယကရုံးတရုံး မီးတိုက်ခံရ


border 2လေးဝတီ(ခိုင်ဥက္ကာပျံ)။       ။ရခိုင်ပြည် မောင်တောနယ်စပ် ကြိမ်ချောင်းနန့် (၈) မိုင်အကွာမှာ ဟိရေ ဗန္ဓုလ န.စ.က နယ်မြေ (၁) နန့် (၂) အပိုင် နယ်ခြား မိုင်တိုင် အမှတ် (၄၉) နန့် (၅၀) အကြား ဂျန္နဝါရီလ ၂၅ ရက် ညဇာဖက် ၅ နာရီအချိန်မှာ ခြံစီးရိုးဖေါက်နိန်ရေ (GE) ဆောက်လုပ်ရေးတပ်ဖွဲ့ပိုင် အစိုးရဂျစ်ကားတစ်စီးကို (RSO) မူဆလင်အစွန်းရောက် လက်နက်ကိုင် တပ်စိတ် တခုက ဝင်ရောက် ပစ်ခတ် မီးတိုက်လားကြောင်း နစကတပ်ဖွဲ့ဝင် နာမေမဖေါ်လိုရေ တပ်ဖွဲ့ဝင် တယောက် က ပြောဆိုချက်အရ လေးဝတီက သိရှိရပါသည်။

ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန်

ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။

ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရ စစ်တပ်က ဒီကနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော် က ပြောပါတယ်။ အစိုးရစစ်တပ်ဟာ ဒီဒေသမှာ ဗျူဟာအရ အရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို သိမ်းပိုက်နိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

လာအိုနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွှေတိဂုံစေတီတော်အား ဖူးမြော်ကြည်ညို


လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ရွှေတိဂုံ စေတီတော်အား လှည့်လည်ဖူးမြော် ကြည်ညိုကြစဉ်။  
လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ရွှေတိဂုံ စေတီတော်အား လှည့်လည်ဖူးမြော် ကြည်ညိုကြစဉ်။
ရန်ကုန် ဇန်နဝါရီ ၂၆

မွန်မြတ်ဖြည့်စွမ်း ပြည့်ဝန်ထမ်း (အယ်ဒီတာ့အာဘော်)


နိုင်ငံတော် အစိုးရသည် နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဖွံ့ဖြိုးတိုးတက် လာစေရန် အစွမ်းကုန် ကြိုးပမ်း လျက်ရှိသည်။ ''အသီးတစ်ရာ၊ အညှာတစ်ခု'' ဟူသော စကားပုံ ကဲ့သို့ ခိုင်းနှိုင်းပါက အသီး တစ်ရာသည် ဝန်ထမ်းများ ဖြစ်၍ အညှာ တစ်ခုသည် နိုင်ငံတော် အစိုးရပင် ဖြစ်သည်။

25 January 2013

နယူးဇီလန်ကထုတ်သော တစ်ယောက်စီး မိုးပျံဝတ်ဆုံ

736508 10151342821514446 558565368 oတစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ သွားမှာဆိုတော့ သိပ်တော့ ကြောက်စရာ မလို ပါဘူး။  Science Fiction  ရုပ်ရှင်တွေထဲက Jetpack ကို တကယ်ဖြစ်အောင် ဖန်တီးလိုက်တာ ကတော့ နယူးဇီလန်က Martin အမည်ရ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းထုတ် ကုမ္မဏီ ဖြစ်ပါတယ်။

ပေါင် ၁၅သန်းဖြင့် ဇာဟာကို မန်ယူ ခေါ်ယူ

ပေါင် ၁၅သန်းဖြင့် ဇာဟာကို မန်ယူ ခေါ်ယူမန်ယူသည် ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို ပေါင် ၁၅သန်းဖြင့်
ခေါ်ယူနိုင်ခဲ့ပြီး ချန်ပီယံရှစ် ကစားသမားတစ်ဦးအတွက် စံချိန်တင်ပေးချေမှုဖြစ်ကြောင်း သိရှိရသည်။ ဇာဟာအတွက်

မိကျောင်းကို အနီးကပ်လေ့လာနိုင်မည့် မိကျောင်းပြတိုက်

564001 447041812017575 2143237153 nပုံမှာမြင်တွေ့ရတဲ့အတိုင်း လူတိုင်း မိကျောင်းမြောက်များစွာကို
နီးနီးကပ်ကပ်လေ့လာခွင့်ရမှာ ဖ်ြစပါတယ်။

မျောက်သစ်ရွက် သားအမိ

15689 457802624283812 1820550641 nမျောက်သစ်ရွက် (Leaf monkey) လို့ခေါ်ရတဲ့ အကြောင်းအရင်း ယင်း မျောက်များဟာ အရွက်တစ်မျိုးတည်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်လို့ ဖြစ်ပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ