ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

ချစ်သူများနေ့တွင် လိင်ပညာပေးနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝ လက်ကမ်း စာစောင် ဝေမည်



ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူ များနေ့တွင် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သော ရောဂါများနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝဆိုင်ရာ ပညာပေး လက်ကမ်း စာစောင် များ ဝေမည်ဟု သိရသည်။
ချစ်သူများနေ့တွင် ပညာပေး လက်ကမ်း စာစောင်များအား ကန် တော်ကြီး ဥယျာဉ်၊ အင်းလျားကန်၊ ပြည်သူ့ ရင်ပြင် စသည့်လူငယ်များ သွားလာတတ်သည့် နေရာများ တွင် အဓိကထား ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းပညာပေး လက်ကမ်း စာစောင်များကို လူငယ် ဖွံ့ဖြိုးမှု အစီအစဉ် (Youth Development Programme) တွင် သင်တန်းတက် ရောက်ခဲ့သည့် လူငယ် အဖွဲ့များမှ လှုပ်ရှား ဆောင်ရွက်ကြမည်ဖြစ် ကြောင်း သိရသည်။
”အရင် နှစ်တွေကတော့ Valentine Day ကို ရည်ရွယ်ပြီး ပညာပေး အစီအစဉ်တွေ လုပ်တယ်။ အခုနှစ်ကျတော့ လုပ်နေကျပုံမှန် လုပ်ဆောင်မှုတွေပဲ ရှိတယ်။ မလို အပ်လို့ မလုပ်တာတော့ မဟုတ်ဘူး။ သင်တန်း ပေးထားတဲ့ လူငယ်အဖွဲ့ လေးတွေက သူတို့ ကိုယ်တိုင်လုပ်မှာ မို့လို့ပါ”ဟု YDP မှ Junior Project Officer ကိုဇင်မိုးဝင်း က ပြောသည်။
YDP သည် လူငယ်များအား လိင်ပညာပေး နှင့် သိသင့်သိထိုက်သည် များကို သင်တန်းပေးခြင်း ဖြစ်ပြီး ရန်ကုန်တွင် သင်တန်းပေးသည်မှာ ၇၁ ကြိမ် ရှိပြီဖြစ် ကာ တောင်ကြီး၊ တောင်ငူ၊ ပုသိမ်၊ မန္တလေး စသည့် နေရာများတွင် သာမက စက်ရုံ၊ အလုပ်ရုံများနှင့် တက္ကသိုလ် ကောလိပ်များတွင် လည်း လူငယ် များအား ပညာပေး ကြောင်း သိရသည်။


From :popular

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ