ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 February 2013

မြန်မာကို မြန်မာဟုသာ မြင်သည့်အခါ


မြန်မာမလေးများ တရားဝင် ကျင်းပခွင့်ရခဲ့သည့် ဘရာရှိုးနှင့် ပတ်သက်ပြီး နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ ဆိုပြီး ရေးလိုက်သည်။ သူ့ဘာသာ ရှိုးပွဲလုပ်၍ ယဉ်ကျေးမှု ထိခိုက်သော ပွဲတစ်ခု အတွက် ရေးသည့် ဆောင်းပါးအစတွင် လေးစားရသော ဆရာတစ်ဦးနှင့် ယနေ့ခေတ် ပထမဆုံး ဘီကီနီဝတ်ပြီး အလှပြခဲ့သော နန်းခင်ဇေယျာတို့ကို ထည့်ရေးသဖြင့် ရလိုက်သည့် ဝေဖန်မှုများကလည်း မနည်းမနောပင်။

ဝေဖန်သံများထဲတွင် နန်းခင်ဇေယျာက နိုင်ငံတကာ ပြိုင်ပွဲဝင်တာ ဒါက ပြည်တွင်းက ရှိုးပွဲ၊ ၀တ်ထားတဲ့ ဘရာ ချင်းတောင် မတူဘူး၊ ဦးနှောက် မရှိလို့ ဝေဖန်တယ် အစရှိသဖြင့် လိုရာဆွဲတွေးကာ ဝေဖန်ကြသည်။ နန်းခင် ဇေယျာ စပြိုင်သည်မှစ၍ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ရေးလိုက်သည့် ပို့စ်များ အလွန်များခဲ့လေပြီ။ လက်ခံသူ များလည်း ရှိသလို လက်မခံသူများလည်း ရှိသည်။ ဝေဖန်မှု တစ်ခုအရ ဦးဏှောက် မရှိတဲ့လူတွေက မတူတဲ့ပွဲ (Events), မတူတဲ့နေရာဒေသ (Places) နှင့် မတူတဲ့အချိန်အခါ (Time) ကို နှိုင်းယှဉ်ပြီး ဝေဖန်ဖို့ပဲ သိတယ် ဟု ဆိုပါ သည်။ ကျွန်တော်သိတာက နေရာ၊ဒေသ၊အချိန်တွေ မဟုတ်။ မြန်မာမလေး ဟုတ်မဟုတ်ကိုပဲ သိပါသည်။

သူမ အရဲစွန့်ပြီး ဆုံးဖြတ်သည်က ဟုတ်မဟုတ်ဆိုသည်ကိုတော့ အင်တာဗျူးများတွင် ဖတ်ကြည့်က တွေ့နိုင် သည်။ ဘီကီနီဝတ်ပြီး ပြုံးရယ်ရွှင်လန်းနေသည့် ဓာတ်ပုံများက ပြနေသည်။ ထို့ပြင် သူမလိုမျိုး ကံကောင်းခဲ့ရင် သမီးတို့လဲ ပြိုင်ချင်ပါတယ် ဆိုသည့် ဘီကီနီဝတ်ခြင်း၊ မ၀တ်ခြင်းကို အလေးမထားသည့် မြန်မာ မော်ဒယ်ပေါင်း များစွာကလည်း စောင့်ကြိုနေသည်။ ယခုနှစ်အတွက် ၀င်ပြိုင်ကြသည့် မော်ဒယ်များ၏ စာရင်းကိုကြည့်ပါလေ။ မစ်အင်တာနေရှင်နယ်တွင် ဘီကီနီဝတ်ပြီး မြန်မာ့ဂုဏ်ဆောင်ရန်အတွက် မြန်မာ မော်ဒယ်များ အဆင်သင့် ဖြစ် နေကြပါပြီ။

မင်းကော မကြည့်ဘူးလား၊ မကြိုက်ဖူးလား ဆိုသည့် သူများကလည်း ရှိသည်။ ကြိုက်လွန်း၍ External drive 500 GB ပင် မဆံ့တော့ပါ။ မင်းသမီးများမစှ ဟိုတယ်၊ပန်းခြံများ၊ ကန်တော်ကြီး၊ အိမ်တွင်း အဆုံး မြန်မာမှန် သမျှ ကျွန်တော့်မှာ ရှိသည်။ ကျွန်တော်၏ ညီမ၊အစ်မနှင့် ဆွေမျိုးများ မပါသဖြင့် ကျွန်တော့်အတွက် ဘာမှ ထိ ခိုက်မှု မရှိ။ နန်းခင်ဇေယျာကို နန်းခင်ဇေယျာဟု မမြင်၊ မြန်မာမိန်းကလေး တစ်ယောက် အဖြစ်ပဲ မြင်သည်။

ကျွန်တော့်တွင် တာဝန်ရှိသူများကို တားမြစ်နိုင်သည့် အဆင့်မရှိ။ ပြည်သူ တစ်ဦးဖြစ်၍ ဝေဖန်ပိုင်ခွင့် ရှိသည်။ ရှင်းရှင်းပြောရလျှင် မြန်မာပြည်တွင်းမှ ဘယ်မြန်မာမှ ချွတ်ချွတ်၊ ကျွန်တော် ဝေဖန်မည်သာ ဖြစ်သည်။ လွတ်လပ် စွာ သဘောထားကွဲလွဲနိုင်သည့်အတွက် ပြဿနာ မရှိပါဟုသာ ပြောလိုပါသည်။

အလှပေါ် တဏှာဆင့်၊ မြင်ရသူ မချင့်ပါတဲ့၊ အိုဘယ့်နှမငယ်..
ဒူးနှစ်ပေါင် ညိုကာမဲ၊ ရင်နှစ်မြွှာလဲ မကွဲတကွဲ၊ တင်နှစ်ဖြာလဲ မပြဲတပြဲ၊
နိုင်ငံတကာ စံမှီ၊ နန်းမဒီနှင့် နှိုင်းရှာတော့၊
ကိုကိုပျိုပျိုတို့၊ ရန်ဖြစ်လို့ ဆိုကြသည်၊ အိုအီးရယ် ဥာဏ်မမှီတဲ့။
ပြည်တွင်းတွင် ဖော်ဖော်၊ ပြည်ပတွင် ပြပြ၊
ရာဂတွေကြွရာ ၊ နှစ်ဌာနသာ ထင်ရှားသည်မို့၊
အရှက်ကြီးသည့် မယ်မြန်မာ၊ ဤကမ္ဘာတွင် ကျန်ဖို့အရေး၊
တွေးတွေးဆဆနှင့်၊ ဖြေရှင်းချက် ပေးရသည်၊
သနားစရာ့ အိုအီး။

Ref : Opposite Eye


4 comments:

  1. အလှပေါ် တဏှာဆင့်၊ မြင်ရသူ မချင့်ပါတဲ့၊ အိုဘယ့်နှမငယ်..
    ဒူးနှစ်ပေါင် ညိုကာမဲ၊ ရင်နှစ်မြွှာလဲ မကွဲတကွဲ၊ တင်နှစ်ဖြာလဲ မပြဲတပြဲ၊
    နိုင်ငံတကာ စံမှီ၊ နန်းမဒီနှင့် နှိုင်းရှာတော့၊
    ကိုကိုပျိုပျိုတို့၊ ရန်ဖြစ်လို့ ဆိုကြသည်၊ အိုအီးရယ် ဥာဏ်မမှီတဲ့။
    ပြည်တွင်းတွင် ဖော်ဖော်၊ ပြည်ပတွင် ပြပြ၊
    ရာဂတွေကြွရာ ၊ နှစ်ဌာနသာ ထင်ရှားသည်မို့၊
    အရှက်ကြီးသည့် မယ်မြန်မာ၊ ဤကမ္ဘာတွင် ကျန်ဖို့အရေး၊
    တွေးတွေးဆဆနှင့်၊ ဖြေရှင်းချက် ပေးရသည်၊
    သနားစရာ့ အိုအီး။

    ReplyDelete
  2. ထိတယ်ဆရာတွတ်ရယ် အားပေးပါတယ်နော်

    ReplyDelete
  3. ဖာသည်ဆိုတာ ဖါခေါင်းနဲ့တွဲတာပါဘဲ အပေါ်ကပုံကသက်သေ

    ReplyDelete
  4. ဂေါင်းကြီးတယ်

    ReplyDelete

facebook မှကြည့် ချင်ရင် like လုပ်ပါ