ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

တွေ့ဆုံညှိနှိုင်းခြင်းသာ အကောင်းဆုံး နည်းလမ်းဟု သမ္မတ ဦးသိန်းစိန် ပြောဆို



အဲဒီလိုတွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က နှစ်ပေါင်းများစွာကွဲကွာနေကြတဲ့ ညီအကိုများအချင်းချင်း ယခုလို ပြန်လည်တွေ့ဆုံရတဲ့အတွက်  ဝမ်းသာရကြောင်းနဲ့ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုတွေဟာ အမိုးအကာ တစ်ခုတည်းအောက် အတူ နေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် ပေါ်ပေါက်လာသည့် ပဋိပက္ခတွေကို ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာ ထောက်ထားခြင်း၊ အပြန်အလှန် လေးစားခြင်းတွေနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်း ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ သမ္မတဦးသိန်းစိန်က  ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့်  နှစ်ဦးနှစ်ဖက် စစ်သည်တွေ သေဆုံးခဲ့ရပြီး၊ ကျန်ရှိခဲ့တဲ့ ဇနီး၊ သားသမီး၊ ဆွေမျိုးတွေ သောကပွါးခဲ့ရသလို ဒေသခံ ပြည်သူတွေလည်း ဒုက္ခ ဆင်းရဲရောက်ခဲ့ရကြောင်း၊ ယခုအခါမှာ တော့ ညှိနှိုင်း ဖြေရှင်းခြင်းက ရရှိလာတဲ့ ငြိမ်းချမ်းရေး အကျိုးဆက်ကို ပြည်သူတွေ စတင်ခံစားနေကြရပြီ ဖြစ်ကြောင်း စသဖြင့် ပြောဆိုသွားပါတယ်။
မနေ့က တွေ့ဆုံပွဲကို ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့  ကရင်အမျိုးသားအစည်းအရုံး (KNU)က  ဖဒိုမန်းငြိမ်းမောင်နဲ့  ဖဒိုသမိန်ထွန်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) က  ဗိုလ်မှူးကြီးစိုင်းလှနဲ့  ဗိုလ်မှူးကြီးစိုင်းငေး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က  ဦးစိုင်းခွန်စိုင်းနဲ့ ဦးစိုင်းနော်လိတ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) က ဗိုလ်ချုပ်စောရင်နုနဲ့  ဗိုလ်ကြီး စောလားဒို၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ဦးခွန်တိဆောင်နဲ့  ဦးခွန်ဇွဲထို၊ မွန်ပြည်သစ်ပါတီ (NMSP)က  ဦးနိုင်တလညီနဲ့ ဦးနိုင်ကြည်ဆန်း၊ ချင်းအမျိုးသားတပ်ဦး (CNF) က ဒေါက်တာရွှေခါရ်းနှင့် ဦးပူးထန်ဇဲန်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ဗိုလ်မှူးချုပ် စောကျော်သက် နှင့် ဗိုလ်မှူးကြီးစောမောင်လေး၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K) က ဦးအန်ကန်းနဲ့ ဗိုလ်ကြီးအောင်စိုင်းတို့ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။


RFA

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ