ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

မောင်မူးယစ်မှ ပေးစာ


drughahaမင်္ဂလာပါ
ကျွန်တော့နာမည် မူးယစ်ဆေးဝါးလို့ခေါ်တယ်။ မောင်မူးယစ်လို့ခေါ်လည်း ရပါတယ်။  ကျွန်တော့ကို ဘယ်နား မှာဖြစ်ဖြစ် ရှာတွေ့နိုင်ပါတယ်။

သေချာတော့ရှာဖို့တော့ လိုတာပေါ့။ ကျွန်တော်က အဖိုးတန်ပစ္စည်းဆိုတော့ လွယ်လွယ်တော့ ဘယ်ရမလဲ။ စိန်၊ရွှေ၊ငွေ တွေထက်ကို ပိုတန်ဖိုးကြီး တယ်ဗျ။ ကုန်ကုန်ပြောမယ်ဗျာ။ ခများတို့ အသက်ထက်တောင် ပိုတန်ဖိုးကြီး တယ်။ ဘာလို့လဲ သိလား......။

ကျွန်တော်က လူ့အသက်ကို နှုတ်နိုင်တဲ့ တန်ခိုးရှိတယ်လေ..
ချက်ချင်းတော့  မနှုတ်ပါဘူး။ မယုံရင်စမ်းကြည့်။ တော်တော် များများက တော့ ကျွန်တော့အနံ့ကိုကြိုက်ကြတယ်တယ်။ အရည်ကိုလည်း ကြိုက်တယ်။ အင်း..။ သက်သက်ကို ကြိုက်အောင်လုပ်ထားတာပါ။ ဒါမှလည်း ခများတို့ကို ထိန်းချုပ်လို့ရမှာလေ။ သုံး။ ကြိုက်သလောက်သာသုံး။
ခများတို့ကို ပျော်ရွှင်မှုတွေပေးမယ်။ ရိုးရိုးတန်းတန်းပျော်ရွှင်မဟုတ်ဘူးနော်။ နတ်သကြားစည်းစိမ်ထက်ကို ကောင်းတဲ့ အရသာတွေ ပေးမှာပါ။ ကျွန်တော့ကို စမ်းသာသုံးကြည့်လိုက် လောကမှာ မရဖူးတဲ့စည်းစိမ်တွေ အပြည့်အဝပေးမယ်။ မျက်လုံးဖွင့်ပြီးနေမလား၊ မိတ်ပြီးနေမလား၊ ထိုင်နေမလား၊ ထနေမလား..။ မိုးပေါ်ပျံနေတာထက်အောင် ပေါ့ပါးသွားစေ ရမယ်။
ဒါကြောင့်လည်း ကျွန်တော်က ဈေးကြီးတာကိုး။ ဈေးပဲ ကြီးတာ မဟုတ်ဘူးနော်။ တန်ဖိုးလည်းကြီးတယ်။ ကျန်သေးတယ်။  တန်ခိုးလည်း ကြီးတယ်။
ကျွန်တော့်ကိုစမ်းသာသုံးကြည့်လိုက်ပါ။ ပထမတစ်ကြိမ်မှာတင် မကြိုက်ရင် အသတ်တောင်ခံမယ်။ နောက်တစ်ကြိမ်သုံးပြီးရင်တော့ ခများတို့ရဲ့  ဘုရားသခင်က ကျွန်တော်ဖြစ်ပြီလေ။ လူ့အသက်ဆိုတာ ကျွန်တော့အတွက်က ကစားစရာပါဗျာ။
ကျွန်တော်က လူကိုပိုင်တယ်။ လူကိုလိမ်နိုင်တယ်။ ကစားနိုင်တယ်။ ခိုင်းချင်ရာခိုင်းလို့ရမယ်။ လူသတ်ချင်သတ်ခိုင်းမယ်။ ခိုးခိုင်းမယ်။ ဓါးပြတိုက်ခိုင်းမယ်။ မဟုတ်တာ လုပ်ချင်လုပ်ခိုင်းမယ်။  နောက်ဆုံး အသက်ကိုတောင်နှုတ်နိုင်တယ်ဗျ။ မယုံဘူးလား။
ကျွန်တော်ကမ်းတဲ့ လက်ကိုသာ တွဲလိုက်ပါ။ ငရဲပြည်ကို ဆိုတာ ဘယ်လိုရှိလည်းဆိုတာ အပိုဆုအနေနဲ့ လိုက်ခေါ်ပြမယ်။ ပြရုံပဲမဟုတ်ဘူးနော်။ ထားကိုထားခဲ့မှာ။ ဟားဟား။ ရယ်စရာပြောတာပါဗျာ။
လာသာလာခဲ့ပါ။ ကျွန်တော်က ခင်တတ်ပါတယ်။ သေချာရှာနော်။ ကျွန်တော်က နေရာတိုင်းရှိတယ်။ ဗလာလက်နဲ့တော့ မလာနဲ့နော်။ ခများမှာ ရှိတဲ့ ရွှေ၊ငွေ၊ ပိုက်ဆံ၊ အိမ်ဂရမ် အားလုံး ရတာသာ အကုန်မခဲ့။ ထိုက်တန်တဲ့ ဖီလင် ကျွန်တော်ပန်ပေးမယ်။ တစ်ခုတော့ ရှိတယ်။ ကျုပ်မွေးရပ်ဇာတိ ငရဲကိုတော့ မဖြစ်မနေလိုက်ရမယ်နော။
ချစ်ခြင်းများစွာဖြင့်
မောင်မူးယစ် ခေါ် မူးယစ်ဆေးဝါး
--

ရိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ