ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 February 2013

မြန်မာပြည်သူများရဲ့  အတိပ်က ဒဏ်ရာ (video)

ဒီ ဗွီဒီယိုဖိုင်လေးကိုတော့သိမ်းထားတာကြာပါပြီ
တချိန်တုန်းက မြန်မာပြည်ရဲ့  ပြည်သူလူထုတွေဘယ်လိုနေခဲရလေ ခုကော ဘယ်လိုလေ
တကေကောပြောင်းပြီးလား ?

ရှက်တတ်လျှင် လဲသေဖို့ကောင်းသော လွှတ်တော်အမတ်များနှင့် သမ္မတဦးသိန်းစိန်






အရှက်နှင့်ဂုဏ်သိက္ခာကို တန်ဖိုးမထားသော ပုဂ္ဂိုလ်များအား ခိုင်းနိုင်းပြောဆိုသော မြန်မာဆိုရိုးစကား တစ်ခုရှိသည်။ ရှက်တတ်ရင် လဲသေဖို့ကောင်းသကွာ ဟူ၍ဖြစ်သည်။ ဤစကားမှာ လွှတ်တော်အမတ်များနှင့် သမ္မတဦးသိန်းစိန်တို့အတွက် မှန်နေသလိုရှိသည်။ အဘယ်ကြောင့်နည်း။
Make Photo huttaw and u thei sei
လွှတ်အမတ်များနှင့် သမ္မတဦးသိန်းစိန်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားကြသော အမတ်မင်းများသည် ၄င်းတို့ကိုယ်တိုင်ပင် ဖွဲ့စည်းပုံကို ချိုးဖေါက်နေသောကြောင့်ဖြစ်သည်။

အိုမီကာ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၃၀၀ ခန့် ဆန္ဒပြထုတ်ဖော်






Omeecarထိုင်းနိုင်ငံ တာ့ခ်ရိုင်၊ မဲဆောက်မြို့၊ ဘတ်စံကွင်း ရပ်ကွက်၊ အိုမီကာ အထည်ချုပ်စက်ရုံတွင် မနေ့က ညနေ ၅ နာရီကျော်ခန့်တွင် အလုပ်သမား ၃၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

မုဒိမ်းကျင့်ရန်ကြိုးပမ်းသူတစ်ဦးအား ခရိုင်တရားသူကြီးမ ဒေါ်အေးသိန်းမှလာဘ်စားကာ အပြစ်မဲ့တရားသေလွှတ်






ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနေ (ဘ) ဦးမောင်သိန်းညွန့် (မိ) ဒေါ်မကျိုင်အေး တို့၏သမီး မစောပွင့်(၄၅)အား ၄င်းကျေးရွာနေ ဦးမောင်ထွန်းလှိုင်က မုဒိမ်းကျင့်ရန်ကြိုးပမ်းခဲ့သောကြောင့် ၄င်းအမှုကို တရားလိုဖက်မှ မြို့နယ်ကတစ်ဆင့် ခရိုင်တရားရုံးကိုတိုင်ကြားခဲ့သော်လည်း ခရိုင်တရားသူကြီးမ ဒေါ်အေးသိန်းမှ လာဘ်စားကာ တရားခံအား အရေးယူပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ပြီးခဲ့သည့်အပတ်က အပြစ်မဲ့တရားသေလွှတ်ပေးလိုက်ကြောင်း သိရသည်။

လိုင်ဇာမြို့အ၀င်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက်


ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)  ဌာနချုပ်အနီး   လိုင်ဇာမြို့အ၀င်ဝ မုခ်ဦးနေရာထိ အစိုးရတပ်တွေက သိမ်းယူတပ်စွဲထားလိုက်ပြီလို့ ကေအိုင်အေဘက်က အတည်ပြု ပြောကြားလိုက်ပါတယ်။
ဇန်န၀ါရီ ၁၈ ရက်နေ့ကတည်းက  လဂျားယန်ဒေသကို   အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်စဉ်မှာ လိုင်ဇာမြို့အ၀င် ဆိုင်းဘုတ်အထိ  အစိုးရတပ်တွေက သိမ်းယူခဲ့တာလို့ ကေအိုင်အေ  ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်မည်

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီ တွေ့ဆုံ
မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ထိုင်းနိုင်ငံ AmmitaCo မှ Mr.Aukklik ဦးဆောင်သော ထိုင်း လုပ်ငန်းရှင် များနှင့် မော်လမြိုင်-ရန်ကုန် ကျည်ဆန်ရထား

မော်တော်ယာဉ် လိုင်းများ စတင် အသက်ဝင် ဒေသခံများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာ လျက်ရှိ


မြစ်ကြီးနား ဖေဖော်ဝါရီ  ၁
ကချင်ပြည်နယ် အတွင်း ဒေသတွင်း တည်ငြိမ် အေးချမ်းစ ပြုလာပြီ ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ခရီးသည်နှင့် ကုန်စည် သယ်ယူ ပို့ဆောင်ရေး ကားဝင်းမှ မော်တော်ယာဉ် လိုင်းများမှာ ဇန်နဝါရီ ၃ဝ ရက်မှ စတင်ကာ အသက်ဝင် လှုပ်ရှားလာပြီး ဒေသခံ ခရီးသွား ပြည်သူများ လည်း စိတ်ချမ်းမြေ့စွာ ခရီးသွားလာလျက် ရှိသည်။

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။  တရားရုံးက ပြစ်မှုထင်ရှားမတွေ့ရှိဖူးဆိုပြီး သူတို့ကို အခုလိုအပြီးသတ် လွှတ်လိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ဦးအေးမောင် က RFA ကို ပြောပါတယ်။  “ကျတော်တို့ ၁ဝ ဦးက ဒီနေ့ပဲ ဒုတိယခရိုင်တရားရုံးကနေပြီးတော့ ၅ နာရီလောက်မှာ အခုလွတ်လာပါပြီခင်ဗျ၊ ဒီအမှုမှာ ကျနော်တို့က အမှုမမြောက်ဘူး၊ အမှုမှာ မထင်ရှားဘူးပေါ့၊ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆိုပြီးတော့ တရားရုံးက အဲသည်လို ဆုံးဖြတ်ပါတယ်ခင်ဗျ”  မနေ့က လွတ်မြောက်လာတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို အဲဒီကျေးရွာတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ ခမရ-၃၇၅ တပ်ရင်းက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပါတယ်။  သူတို့ကို စစ်တွေအကျဉ်းထောင်မှာ ထားရှိခဲ့ပြီးနောက် စစ်တွေ ဒုတိယခရိုင်တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၄၃၆ အိုးအိမ်ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု အားပေးကူညီမှုစတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဒါပေမယ့် တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးအပြီးမှာ တရားရုံးက အခုလို သူတို့ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။  ကျောက်တော်မြို့နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ လက်ရှိအမှုရင်ဆိုင်နေရသူ ၁၅ ဦး ကျန်ရှိနေသေးတယ်လို့လည်း မနေ့က လွတ်မြောက်လာသူ ဦးအေးမောင် က ပြောပါတယ်။  Credit to : RFA Burmese Post By : အေးချမ်းမွန် https://www.facebook.com/excellencemediaရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။

တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး


တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး Saturday, 02 February 2013  မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။  ဟီနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန်လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် လမ်းပိုင်းအများ အပြားပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လူလေးဦး သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ် အသံလွှင့်ဌာနကမူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြမှု မရှိတော့ပေ။  ပြိုကျခဲ့သော ယီချန်တံတားအနီးမှ ဒေသခံများ၏ ပြောကြားချက်အရ တံတားပြိုကျရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတားမပြိုကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ဖော်ပြခဲ့သည်။  အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျ ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင်သက်သေများ က ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ်ကားများသုံးစီး အပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေး လုပ်နေပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။  မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။  တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း သိရသည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည်လျားပြီး တရုတ်အနောက်ဖက် ကာဇက်စတန်နယ်စပ်မှ အရှေ့ဖက် ပင်လယ်ဝါအထိ ရောက်ရှိနိုင်ကာ မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။  တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး ပွဲတော်အတွက် လူသန်းပေါင်းများစွာသည် နေရပ်များသို့ ပြန်လာနေရာ နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့အများဆုံး နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှုများပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။  တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ် အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော်တဆမှုများကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ====================================== Ref: BBC;AFP Credit to Eleven Media Group

မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း
သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲ တစ်ရပ် ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း


အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခုဖြစ်စေပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့
တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံ
အရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေစိုက် ဖေါ်ဆောင် လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကိုအခြေချပါတော့မယ်။

ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ချထားသည်မှာ ရေတိုစီမံချက်သာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ချထားသည်မှာ ရေတိုစီမံချက်သာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား  Saturday, 02 February 2013 16:04  ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။  ယင်းပြောကြားချက်ကို ဖေဖော်ဝါရီလ၂ ရက်နေ့က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှစ် (၅၀) ပြည့် ရွှေရတုသဘင် ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။  ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆေးပညာသင်ကြားရေးမှာ အရည်အသွေး တိုးတက်လာစေဖို့အတွက် ဆေးတက္ကသိုလ် လေးခုကို ကျောင်းသားဦးရေ ၂၄၀၀ လက်ခံရာကနေ ၁၂၀၀ အထိ လျော့ချခဲ့ကြောင်း၊ ဒါသည် ရေတိုစီမံချက်သာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တိုးတက်လာတဲ့လူဦးရေ အရ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည့်အတွက် ပြန်လည်ဝင်လာမယ့်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ဆရာဝန်ဦးရေမှာ တစ်နှစ်ကို ၂၄၀၀ နှင့်အထက် လိုအပ်ကြောင်း၊ သို့သော် ဆေးကျောင်းသား ၂၄၀၀ ကို ဆေးတက္ကသိုလ် ၁၀ ခု သို့မဟုတ် ၂၀ ခုလောက်က မွေးထုတ်ပေးနိုင်မယ် ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဆေးကျောင်းလေးကျောင်းမှ ကျောင်းသားဦးရေ ၂၄၀၀ ဆိုပါက တစ်ကျောင်းကို ၆၀၀ နှုန်း ဖြစ်နေသည့်အတွက် အရည်အသွေး လျော့သည့်ဘက်သို့ အနည်းငယ်ရောက်နေကြောင်း၊ ကျောင်းသားဦးရေ ၂၄၀၀ ကို ဆက်လက်မွေးထုတ်နိုင်ဖို့အတွက် ဆေးကျောင်းများကို တိုးချဲ့ဆောက်လုပ်သင့်ပေမယ့်လည်း လတ်တလော လုပ်ရန် အဆင်မပြေသေးသည့်အတွက် ကျောင်းသားဦးရေကို ခေတ္တလျော့ချထားခြင်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့အပြင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး ကျောင်းများကို ပိုမိုတိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းနှင့် ဆေးပညာသင်ကြားရေးတွင် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာ အဆင့်မီနိုင်စေရန်အတွက် သင်ရိုးညွှန်းတမ်းများကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ စီစဉ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့နောက် မြန်မာနိုင်ငံ မြန်မာလူမျိုး၏ အဓိက ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အခြေခံဆရာဝန်များ မွေးထုတ်ပေးနိုင်ဖို့အတွက် လက်ရှိသင်ကြားနေတဲ့ ဆရာဆရာမများကို မေတ္တာရပ်ခံလိုပါကြောင်း၊ အခြေခံဆရာဝန်ကောင်းများ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်သင်ကြား မွေးထုတ်ပေးသည့် သင်တန်းကြီးတစ်ခုအဖြစ် ဦးတည်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ စာမေးပွဲအောင်ဖို့ အတွက်ကိုပဲ ဦးစားပေးသင်ကြားမည် ဆိုပါက လုပ်ငန်းကျွမ်းကျင်မှုတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ ၁၀ တန်းလို အမှတ်ကောင်းဖို့ စာမေးပွဲအောင်ဖို့ပဲ သင်ကြားသည့် တက္ကသိုလ်မဟုတ်ဘဲ နိုင်ငံ၏ ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် အခြေခံဆရာဝန်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။  ဆေးတက္ကသိုလ် (၂) ရန်ကုန်အား ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်  Credit to : Eleven Media Group Post By : အေးချမ်းမွန် https://www.facebook.com/excellencemedia၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း

မျက်တောင်ခတ်ခြင်းနှင့် မျက်စိကျန်းမာရေး




သင့်မျက်စိကျန်းမာရေးနဲ့ အမြင်အာရုံကို ထိန်းသိမ်းစောင့်ရှောက်ချင်ရင် မကြာခဏ ညင်ညင်သာသာ မျက်တောင်ခတ်တဲ့ အလေ့အထရှိဖို့ လိုအပ်ပါတယ်။ သင်ဟာ မကြာခဏ မျက်တောင်ခတ်မှသာ သင့်မျက်ခွံက မျက်စိကို မျက်ရည်အလွှာ သုံးလွှာနဲ့ မှန်မှန်ဖုံးအုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်မျက်စိကျန်းမာရေးအတွက် မျက်ရည်အလွှာသုံးလွှာကို မရှိမဖြစ် လိုအပ်ပါတယ်။

တရားမမှုများတွင် တရားစွဲပါကရုံးခွန် ၁၅ သိန်းပေးသွင်း ရခြင်းကို ပြုပြင်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ်တင်သွင်းမည်

တရားမမှုများတွင် တရားစွဲပါကရုံးခွန် ၁၅ သိန်းပေးသွင်း ရခြင်းကို ပြုပြင်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းမည်  ရန်ကုန်၊ ဖေဖော်ဝါရီ ၂။  ရုံးခွန် အဆ၁၀၀ တိုးမြှင့်လိုက်သဖြင့် တရားမမှုများတွင် တရားစွဲဆိုမှု ပြုလုပ်ပါကရုံးခွန်အဖြစ် ငွေကျပ် ၁၅သိန်း ပေးသွင်းနေရခြင်းကို ပြန်လည်ပြုပြင်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းသွားရန်ရှိကြောင်း သိရသည်။  ပိုက်ဆံရှိသူများသာတရားစွဲဆိုနိုင်ပြီးပိုက်ဆံမရှိသူများ  တရားစွဲဆိုရန် ခက်ခဲသောငွေပမာဏဖြစ်သည့် တရားစွဲ ဆိုလျှင် ရုံးခွန် ငွေကျပ် ၁၅သိန်း ပေးသွင်းရခြင်းကိစ္စရပ်ကို ပြုပြင်ပေးရန် မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ  ပြည်သူ့ လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌသို့ တင်ပြရာ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးနိုင်ရန် အရေးကြီးအဆိုအဖြစ်တင်သွင်းရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေးဥပဒေရေးရာကော်မတီဥက္ကဋ္ဌက ပြောကြားသည်။  “ရုံးခွန်တော်ကိုအဆတစ်ရာတက်လိုက်တာက ကျွန်တော်တို့ နိုင်ငံက လူတွေတရားမစွဲနိုင်အောင် ပြဌာန်းသလိုဖြစ်နေတယ်။  ပိုက်ဆံရှိတဲ့ သူတွေပဲ တရားစွဲနိုင်ပြီး ပိုက်ဆံမ၇ှိတဲ့သူတွေ ခံရမယ့် ပုံစံဖြစ်နေတယ်”ဟုရှေ့ နေများကွန်ယက်မှ ဦးကိုနီက ပြောကြားသည်။  တရားမမှုများဖြစ်ပေါ်ပါကတရားစဆွဲလျှင် ရုံးခွန်တော် ငွေကျပ် ၁၅သိန်းပေးသွင်းရပြီး၊ အမှုရှုံးလျှင် ထို ၁၅သိန်း ပြန်ယူခွင့်မရှိကြောင်း၊ အမှု ရှုံးသူဘက်မှ နောက် တစ်ဆင့်  အယူခံတက်လိုလျှင် ငွေကျပ် ၁၅သိန်း ထပ်မံသွင်းရကြောင်း၊ ပြင်ဆင်မှု အဖြစ်လျှောက်ထားလျှင်လည်း ငွေကျပ် ခုနှစ်သိန်းခွဲ ပေးသွင်းနေရကြောင်း၊ ထိုကြောင့် မတရားစွပ်စွဲတရားစွဲခံရသူ များမှာ ငွေကြေးမတတ်နိုင်သူများ ဖြစ်ပါက တရားရှုံးလျှင် ပြန်လည် တရားစွဲဆိုရန် ၊ ပြန်လည် အယူခံဝန်ရန် မတတ် နိုင်သဖြင့် ပိုက်ဆံရှိသူများ၏ မတရား၊ တရားစွဲဆိုမှုများကို ခံနေရကြောင်း ရှေ့နေဦးကိုနီကပြောကြားသည်။  ယခင်က တရားစွဲဆိုရာတွင် ရုံးခွန်အဖြစ် ရ၅၀၀ကျပ် ပေးသွင်းရပြီး၊ ၈၈ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရုံးခွန် နှစ်ဆတက်ခဲ့ပြီး ၁၅၀၀၀ ကျပ်ပေးသွင်းရကြောင်း၊ ယခုဒီမို ကရေစီအစိုးရသစ် လက်ထက်တွင် ရုံးခွန်ကို အဆတစ်ရာ တိုးမြှင့်ပြီး ၁၅သိန်းကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။  ရုံးအခွန်ငွေ တိုးမြှင့်ခြင်းနှင့် ပတ်သတ်ပြီးယခင်ကလွှတ်တော် တွင် ဆွေးနွေးမှု ပြုလုပ်ဖူးသော်လည်း မှတ်တမ်းတင်သည့် အဆင့်သာ ရောက်ရှိခဲ့ကြောင်းလာမည့် အပတ်လွှတ်တော်တွင် ထပ်မံဆွေးနွေးနိုင်ရန် အရေးကြီးအဆိုအဖြစ် တင်သွင်းရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ပြောကြားသည်။  ဆုဝေ
ရုံးခွန် အဆ၁၀၀ တိုးမြှင့်လိုက်သဖြင့် တရားမမှုများတွင် တရားစွဲဆိုမှု ပြုလုပ်ပါကရုံးခွန်အဖြစ် ငွေကျပ် ၁၅သိန်းပေးသွင်းနေရခြင်းကို ပြန်လည်ပြုပြင်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းသွားရန်ရှိကြောင်း သိရသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ