ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

7 February 2013

ဆရာ ဇံဇာဏီဘို ၁၂ လာရာသီ ဟောကိန်း (အောင်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၃) လ မွေးသူများ ၂၀၁၃

Scorpio (အောင်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၃) ၂၀၁၃ by winnerlife7

ဆရာ ဇံဇာဏီဘို ၁၂ ရာသီဟောကိန်း(ဇူလိုင် ၂၃ မှ သြေဂုတ်) လ မွေးသူများ၂၀၁၃

leo (ဇူလိုင် ၂၃ မှ သြေဂုတ်) ၂၀၁၃ by winnerlife7

ရန်ကုန်ကြိုက် Huawei ဖုန်း အကြောင်း သိကောင်းစရာ


~


ရွက်စိမ်း ~

    လက်ကိုင်ဖုန်း hand set အမျိုးအစားတွေထဲမှာ HUAWEI ဖုန်းအမျိုးအစားက ရောင်းအားကောင်းပါတယ်။
လိုင်းဆွဲအား ကောင်းတာ၊ တခြားနာမည်ကြီး ဖုန်းအမျိုးအစားတွေမှာ ထည့်တဲ့ appalication တွေကိုလည်း ထည့်သွင်း အသုံးပြုလို့ ရတာတွေကြောင့် လူကြိုက်များနေတာပါ။

ဒါပေမဲ့ HUAWEI ဖုန်း အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

အဖြူနဲ့ ပန်းရောင် နှစ်လုံးက ဘယ်ထရီ အပိုပါတဲ့ C8812 နဲ့ T5900
အမျိုးအစားတွေ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု

မြန်မာနိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်ချက်တွေကို သိရှိသူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

"(၃/၄) မိနစ်လောက် အချိန်ပေးပြီးဖတ်လိုက်ပါ။"( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ



=========================


ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ်လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ် ။

နိုင်ငံရေးအကျဉ်းသားများကို ကော်မတီဖွဲ့စည်းပြီး သမ္မတ စိစစ်မည်


အစိုးရက ဖွဲ့စည်းဖို့ပြင်နေတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှာ ပါဝင်ဆောင်ရွက်ဖို့ ဒီနေ့ပဲ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။
နိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ဖို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းခေါင်းဆောင်တဲ့ ကော်မတီဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် အေအေပီပီက အခုလို ပြောကြားလိုက်တာပါ။
ဦးတိတ်နိုင်
“ဒီလိုကော်မတီဖွဲ့တာက ကြိုဆိုရမှာဖြစ်တယ်။ ပါဝင်လည်း ပါဝင်ထိုက်ပါတယ်။ ကျနော်တို့ရဲ့ အကြံပေးမှုတွေ၊ ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေ ဘယ်လောက်အကောင်အထည်ဖော်နိုင်မလဲ၊ ဘယ်လောက်အသံထွက်နိုင်မလဲဆိုတာ ဆက်ညှိနှိုင်းရမယ့် အခြေအနေရှိပါတယ်။”

ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူဒေသတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများ စတင် ဖြစ်ပေါ်နေ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ်ဖေါက်လုပ်မည့် ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသအတွင်း လေထု ရေထု ညစ်ညမ်းမူများ အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများနှင့် စတင် ရင်ဆိုင် နေကြရပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
Arakan Gas pipeline construction
ယခု ရေနံနှင့် ဂတ်စ် ပိုက်လိုင်းများကို မြေတွင် မြုပ်နေရာ ပိုက်လုံးများ ချရန် အတွက် မြေများကို တူးပစ်ခြင်း၊ ပိုလျှံထွက်လာသော မြေများကို အနီးအနားရှိ လယ်ကွင်းများတွင် စုပုံ စွန့်ပစ်ခြင်းကြောင်း ပိုက်လိုင်း အနီးအနားရှိ လယ်ကွင်းများ အားလုံးလိုလိုမှာ ပျက်စီးနေသည်ဟု ဒေသခံ တောင်သူ တစ်ဦးက နိရဉ္စရာကို ပြောပြသည်။

ကေအိုင်အေနှင့် အစိုးရစစ်တပ် တိုက်ပွဲများ ဆက်ဖြစ်


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းက  ရွှေလီမှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။
ကေအိုင်အေ တပ်မဟာ ၄ နယ်မြေမှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားပုံကို ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက “တိုက်ပွဲကပြင်းပြင်းထန်ထန် မဖြစ်ပေမယ့် အစိုးရစစ်ကြောင်းလှုပ်ရှားမှုတွေ အမြဲရှိတယ်။ မနေ့က တပ်မဟာ ၄ တပ်ရင်း ၉ တပ်ဖွဲ့ဝင်တွေကို တပ်ရင်း ၃ ရင်း စစ်ကြောင်း ၃ ကြောင်းကနေ လိုက်ပြီးတော့ နောက်ကနေ လိုက်ရှင်းလင်းတဲ့ပုံစံလုပ်တယ်။ ဒါက ၃-၄ ရက်လောက်ကြာပါပြီ။ မနေ့ကတော့ ညနေ ၄ နာရီနဲ့ ၆ နာရီကြားမှာ ဘယ်လိုမှရှောင်လွှဲလို့မရဘဲ တိုက်ပွဲတော့ဖြစ်သွားတယ်။ ကျနော်တို့ဘက်ကတော့ ဒီကနေညွှန်ကြားထားတဲ့အတိုင်း အစိုးရတပ်နဲ့ ထိပ်တိုက်မဖြစ်အောင် တိုက်ပွဲတွေမဖြစ်အောင် ညွှန်ကြားထားတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ကနေ လိုက်ပြီးတော့ နောက်က တကောက်ကောက်လိုက်တဲ့အခါမှာ ဘယ်လိုမှရှောင်လို့မရဘဲ တိုက်ပွဲ ၁ ပွဲဖြစ်သွားတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့က ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်(ဓာတ်ပုံ- Wint Wint Htet Hlaing)

အကျင့်ပျက် အစိုးရ၀န်ထမ်း အရေးယူမှု လွှတ်တော် အားရမှုမရှိ


အစိုးရ၀န်ထမ်းတွေရဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့  မတရားမှုတွေနဲ့ ပတ်သက်ပြီး တိုင်းကြားထားတဲ့ တိုင်တန်းချက်တွေထဲက ၅ ပုံ ၁ ပုံလောက်ကိုပဲ အစိုးရက အရေးယူဆောင်ရွက်နိုင်သေးတဲ့အတွက် အားရမှုမရှိဘူးလို့ အမျိုးသားလွှတ်တော် ပြည်သူတို့ရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီအဖွဲ့ဝင်တဦးက ပြောကြားလိုက်ပါတယ်။

ချန်ပီယံ ဖြစ်ဖို့ ကျွန်တော်တို့ ဆန္ဒပြင်းထန် နေပါပြီ- ဆာလဲအက်စ်


မန်ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် က သူတို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဘက် အသင်း မန်စီးတီး ထံက ပရီးမီးယား ချန်ပီယံ ဘွဲ့ကို ပြန်လည် လုယူဖို့ အတွက် ဦးတည်ချက် ထားကြဖို့ သူ့ အသင်းသားတွေကို သတိပေးလိုက် ပါတယ်..။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစောနှင့် အင်တာဗျူး


Sara U U Hla Saw1ဂျန္န၀ါရီလ ၂၉ ရက်နိ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ရခိုင်ခေါင်းဆောင်တချို့အား ရန်ကုန်မြို့ အမေရိကန်သံရုံးကို ဖိတ်ခေါ်ပြီးကေ တွိ့ဆုံဆွေးနွေးခရေကိစ္စနန့်  ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

ခေတ်အဆက်ဆက်အသုံးပြုခရေ ရခိုင်အက္ခရာ ကျောက်စာသင်တန်းကို စစ်တွေမြို့မှာ သင်ကြားပို့ချနီကြောင်း သိရ


layမင်းဇံ (လေးဝတီ)။   ။ရခိုင်သမိုင်းခတ်အဆက်ဆက် အသုံးပြုခရေ ရခိုင်အက္ခရာကျောက်စာသင်တန်းကို စစ်တွေမြို့ ဘောက်သီးစုရပ်ကွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ လွန်ခရေ ဂျန္န၀ါရီလ ၉ ရက်နိ့က စတင်သင်ကြားပို့ချနီကြောင်း သိရှိရပါသည်။
ယင်းကျောက်စာသင်တန်းကို သင်တန်းဆရာဦးကျော်ဇံမောင်က အခမဲ့သင်ကြားပို့ချနိန်စွာဖြစ်ပြီးကေ  သင်တန်းသား  ၁၀၀ ကျော် ရှိရေလို့ သိရပါသည်။

ဂျပန် သင်္ဘော ပေါ်ရှိ ပစ်မှတ်ရှာ ရေဒါကို တရုတ် သင်္ဘော ပိတ်ခဲ့ခြင်းအား ဂျပန် အစိုးရ ကန့်ကွက်

.

တိုကျို ဖေဖော်ဝါရီ  ၆
အရှေ့ တရုတ်ပင်လယ် အတွင်းရှိ နှစ်နိုင်ငံကြား အငြင်းပွားလျက် ရှိသော ရေပိုင်နက် အတွင်းရှိ ဂျပန် ရေကြောင်း ကာကွယ်ရေး သင်္ဘော တစ်စင်းပေါ်မှ ပစ်မှတ်ရှာ ရေဒါ တစ်ခုကို တရုတ် ဖရီးဂိတ် စစ်သင်္ဘော တစ်စင်းက ပိတ်ခဲ့မှုနှင့် စပ်လျဉ်း၍  ဂျပန် ကာကွယ်ရေး ဝန်ကြီး ဌာနက တရုတ်အစိုးရကို  ကန့်ကွက် ခဲ့ကြောင်း သိရသည်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ (၆)ခု အတွက် ဆရာဝန် ကောင်းများ ပေါ်ထွန်းလာရေး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီ သူများကို အဆင့်ဆင့် ရွေးချယ်ခဲ့

.

နေပြည်တော် ဖေဖော်ဝါရီ ၆
ယနေ့တွင် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၁၅) ရက် မြောက်နေ့ကို အစီအစဉ် (၁၃)ခုဖြင့် ကျင်းပပြီး မေးခွန်း(၅)ခု မေးမြန်း ဖြေကြားခြင်း၊ ဥပဒေ ကြမ်း (၂)ခု တင်သွင်းခြင်းနှင့် အဆို(၁) ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက် ခဲ့ကြသည်။

အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ

ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့  ကြိုးစား ဖန်တီးနိုင်ခဲ့မှုကြောင့် ဖြစ် ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင်မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရပါတယ်။
စမ်းသပ်မှုကိုတော့ ဆေးရွက်ကြီးပင်နဲ့ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အသက်

မိမိလိုလားသူ အနိုင်မရ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်ရွှေးရန် ဖိအားပေးသူ မြို့နယ် အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ


ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွှင်သည် ကူးတို့ဆိပ် ကျေးရွာ အုပ်စုတွင် သူလိုလားသူ ကျေးရွာ အုပ်ချုပ်ရေးမှူး မဖြစ်လာသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည် ရွှေးချယ်ရန် ကျေးရွာသားများကို ဖိအားပေးရာ ကျေးရွာသားများက စုပေါင်း လက်မှတ်ထိုးပြီး ဦးတင့်လွှင်အား အရေးယူရန် စာရေး တိုင်ကြားလိုက်သည်ဟု သိရသည်။
Taungup-gate
အဆိုပါ တိုင်ကြားစာအား ဖေဖေါ်ဝါရီလ ၆ ရက်နေ့က သံတွဲခရိုင် အုပ်ချုပ်ရေးမှူးသို့ လိပ်မူတတ်ကာ ကျေးရွာသားများက ပေးပို့လိုက်ကြသည်ဟု ဆိုသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ