ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 February 2013

ဦးနှောက် သွေးယိုစိမ့် မှုကြောင့် အန်ဂျေးဝတ်စ် ခွဲစိတ် ကုသမှု ခံယူ


ဆိုးလ် ဖေဖော်ဝါရီ ၈
တောင်ကိုရီးယား အဆိုတော် မင်းသားချော  အန်ဂျေးဝတ်စ် သည် ဦးနှောက်အတွင်း သွေး ယိုစိမ့်မှု ဝေဒနာ ကြောင့် ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ၎င်း၏ Jable Entertainment (JE) အနုပညာ အေဂျင်စီက ပြောကြားခဲ့သည်။

ကမ္ဘာ့ပထမဆုံး လျှပ်စစ်ပြိုင်ဆိုင်ကယ်

543214 290259234394549 744380371 nအီတလီနိုင်င်ငံ၊ Vectrix ကုမ္ပဏီမှထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အား သုံး ပြိုင်ဆိုင်ကယ်ဟာ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ပြိုင်ဆိုင်ကယ်ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေမှ ခုံးခုံးမောက်မောက်တံတား (Atlantic Ocean Road)

463372 259559080797898 2072871350 oပုံမှာမြင်တွေ့ရတဲ့ တံတားကတော့ နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ် ပါတယ်။

ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် ထမနဲအလှူပွဲတော် ကျင်းပပြုလုပ်





theminnay copyဇေယျသုခု ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်း၏ ဒုတိယအကြိမ်မြောက် စုပေါင်းထမနဲ အလှူပွဲတော်ကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ရောက် ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသား မိသားစုများက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်၊ ၁၀ ရက် စနေ၊ တနင်္ဂနွေနေ့  နှစ်ရက်တိုင်တိုင် ဇေယျသုခ ဘုန်းတော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနေကြကြောင်း သတင်းရရှိသည်။

အီရန် နိုင်ငံသည် လာမည့် ၄ လမှ ၆ လတာ ကာလအတွင်း နျူကလီးယားဗုံး ထုတ်လုပ်နိုင်ဖွယ် ရှိသည် ဟုဆို

 http://bit.ly/W1I3i5 မြ၀တီ

အီရန် နိုင်ငံသည် လာမည့် ၄ လမှ ၆ လတာ ကာလအတွင်း နျူကလီးယားဗုံး ထုတ်လုပ်နိုင်ဖွယ် ရှိကြောင်း အစ္စရေး ထောက်လှမ်းရေး အကြီးအကဲဟောင်း Amos Yadlin က ပြောကြား ခဲ့သည်ဟု ဖေဖော်ဝါရီလ ၅ ရက်နေ Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။

Apple အရောင်းပြခန်း မြန်မာ နိုင်ငံ တွင် ဖွင့်လှစ် မည်


photothegateway
အမေရိကန် နိုင်ငံ ရှိ Apple ကွန်ပျူတာ နှင့် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ၏
ပြခန်း ကို မြန်မာ နိုင်ငံ တွင် ၂၀၁၄ ခုနှစ် အတွင်း လာရောက် ဖွင့်လှစ်ရန် စီစဉ် နေ
ပြီ ဟု FNG မှ သတင်း ရရှိသည်။

Weekly Eleven စာ မျက်နှာ စတုထ္တအကြိမ်မြောက် အဖောက်ခံရ

ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ သန်းခေါင်ကျော်အချိန်တွင် Weekly Eleven စာ မျက်နှာ အား စတုထ္တအကြိမ်မြောက် အဖောက်ခံလိုက်ရ ကြောင်း တွေ့ရသည်။ ယခုရက်ပိုင်းအတွင်း Eleven Media စာမျက်နှာကို အကြိမ်ကြိမ်အဖောက်ခံနေရပြီး Eleven မှ သတင်းဖော်ပြခြင်းလုံးဝ မရှိပဲ ပထမဆုံးအကြိမ် ဖောက်ခံရခြင်းမှလွဲ၍ နောက်ထပ် သုံးကြိမ်ဖောက်ခံရခြင်းကို လုံးဝ ထိန်ချန်ထားခဲ့သည်။

ကမ္ဘာ့ပထမဆုံး ငါးမန်းဖြူဖမ်းဆီးသတ်ဖြတ်နိုင်သူ


ကမ္ဘာ့ပထမဆုံး 
ငါးမန်းဖြူဖမ်းဆီးသတ်ဖြတ်နိုင်သူ  
Saturday, February 09, 2013  တောင်အာဖရိက နိုင်ငံတွင် အပျော်တမ်း 
ငါးမျှားသူ တစ်ဦးသည် ကမ္ဘာပေါ်တွင် ပထမဆုံး ငါးမန်းဖြူ သတ်ဖြတ်မှုဖြင့် 
အပြစ်ဒဏ် ချမှတ်ခြင်း ခံရသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ လီယွန်ဘက်ကာသည် 
ကမ်းခြေတွင် ငါးဖမ်းနေစဉ် ၎င်း၏ ငါးမျှားချိတ်ကို သားစား ငါးမန်းကြီးက လာရောက်
 ကိုက်ခဲခဲ့သည်။  အနောက်ပိုင်းကိပ် ဒေသတွင် နေထိုင်သော လီယွန်သည် အဆိုပါ 
ငါးမန်းကို ကမ်းပေါ်ရောက်အောင် ဆွဲတင်နိုင်ခဲ့သည်။ သို့သော်လည်း 
ငါးမျှားချိတ် လေးဖြင့် ငါးမန်းဖြူကြီး တစ်ကောင်ကို အရဖမ်းနိုင်ခဲ့သည့် ၎င်း၏ 
ဂုဏ်ယူစိတ်မှာ ကြာရှည် မခံခဲ့ရှာချေ။  တောင်အာဖရိက ဥပဒေအရ ရေနေ သက်ရှိ 
အရင်းအမြစ်များဆိုင်ရာ ဥပဒေအရ တောင်အာဖရိကငွေ (၁၂၀၀၀၀) [ပေါင်စတာလင် 
(၈၅၅၀)ဝန်းကျင်] ပေးဆောင်ရန် တရားရုံးက လီယွန်အား အမိန့်ချမှတ်ခဲ့သည်။   
Planet Myanmar Network တောင်အာဖရိက နိုင်ငံတွင် အပျော်တမ်း ငါးမျှားသူ တစ်ဦးသည် ကမ္ဘာပေါ်တွင် ပထမဆုံး ငါးမန်းဖြူ သတ်ဖြတ်မှုဖြင့် အပြစ်ဒဏ် ချမှတ်ခြင်း ခံရသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ လီယွန်ဘက်ကာသည် ကမ်းခြေတွင် ငါးဖမ်းနေစဉ် ၎င်း၏ ငါးမျှားချိတ်ကို သားစား ငါးမန်းကြီးက လာရောက် ကိုက်ခဲခဲ့သည်။

ဧရာဝတီ အဓွန့်ရှည်ရေးသုတေသနအဖွဲ့


ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံဒေသ။ (ဒီဇင်ဘာလ ၇ ရက်၊ ၂၀၀၉)။

မြန်မာ့ရတနာတပါးဖြစ်တဲ့ မြစ်မင်းဧရာဝတီကို ထိန်းသိမ်းကာကွယ်ဖို့ အတွက် အခုအခါမှာ သုတေသနအဖွဲ့တွေ ဖွဲ့စည်းပြီး အမျိုးသားမြစ်တခု အနေနဲ့ သတ်မှတ်လုပ်ဆောင်ဖို့ ပြင်ဆင်နေကြ ပါပြီ။ အခုလို ဧရာဝတီမြစ်ကြောင်းကို ထိန်းသိမ်းဖို့နဲ့ အဓွန့်ရှည်ဖို့အတွက် အလွှာပေါင်းစုံ က ပြည်သူတွေ ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း  ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဒီကနေ့ပြုလုပ်တဲ့ ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ဖွဲ့စည်းတဲ့ပွဲမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့(ARBRO) ကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီးတော့ ဧရာဝတီမြစ်ကို အမျိုးသားမြစ်တခု အနေနဲ့ ထိန်းသိမ်း ကာကွယ်ရာမှာ လိုအပ်တဲ့သုတေသန အချက်အလက်တွေ ပံ့ပိုးနိုင်အောင် ဆောင်ရွက်မယ်လို့ အဲဒီအဖွဲ့က ဥက္ကဋ္ဌ ဒေါက်တာ ဆွေဆွေအောင်က ပြောပါတယ်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) မှာ ရေအကြောင်း ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ဖူးတဲ့ အကြီးတန်းအစိုးရ အငြိမ်းစားပညာရှင်ကြီးတွေနဲ့ ပါဝင်ဖွဲ့စည်း လိုက်တာလည်း ဖြစ်ပါတယ်။
အခုလို သုတေသနအဖွဲ့ကြီး တရပ် ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆွေဆွေအောင်က အဖွဲ့ရဲ့ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။

“ကျမတို့ ဒီအဖွဲ့ကြီးဟာ သုတေသန ပညာရှင်များနဲ့ လူငယ်အများစုကနေပြီးတော့ ရာသီဥတု အခြေအနေ အလျင်အမြန် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်ရပ်တည် နိုင်ဖို့ အင်မတန် ခက်ခဲနေတယ်။ ကျမတို့ မြစ်ဝှမ်းဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး လူမှုဘ၀ကို မြှင့်တင်ပေးမယ် ဆိုပြီးတော့ ကျမတို့ရည်ရွယ်ပြီးတော့ ဒါကိုဖွဲစည်းတည်ထောင် ရခြင်းဖြစ်ပါတယ်။”

မိုင်ပေါင်း ၁,၃၅၀ ခန့်ရှည်လျားတဲ့ ဧရာဝတီမြစ်ကြီးဟာ လက်ရှိအချိန်မှာ သဘာဝ ပတ်ဝန်းကျင် အခြေအနေတွေ အပါအ၀င် မြစ်ရိုးတလျှောက်နေထိုင်ကြတဲ့ ဒေသခံအချို့ရဲ့လူမှု စီးပွား ဆောင်ရွက်ချက်တွေကြောင့် မြစ်ရဲ့ အချို့နေရာတွေမှာ ဆိုရင် သောင်းထွန်း ပြီး မြစ်ကြောင်းပျောက်မလို ဖြစ်တဲ့ အန္တရယ်တွေနဲ့ပါ ရင်ဆိုင်နေရတာမျိုးတွေ ရှိတယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။ အဲဒီလို အဖြစ်တွေကနေ ဧရာဝတီ မြစ်ကြီး မတိမ်ကော မပျောက်ပျက်အောင်လို့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပြီး မြစ်ဝှမ်းတလျှောက် ဖွံ့ဖြိုးအောင်လုပ်ဆောင်ဖို့ ARBRO ကို ဖွဲ့စည်းတည်ထောင်တာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ နာယက တဦးဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ ခင်နီနီသိန်း က ပြောပါတယ်။

အခုလို ဧရာဝတီမြစ်ကြီးကို ကာကွယ်ဖို့ဆောင်ရွက်နေတဲ့ အပေါ်မှာ ပြည်သူတရပ်လုံးနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အတွက် လိုအပ်တဲ့ အကူအညီတွေကို ပါဝင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုမင်းကိုနိုင်က ပြောပါတယ်။

“ဒီလှုပ်ရှားမှုဟာ အမျိုးသားရေးလှုပ်ရှားမှု ဖြစ်သွားတာပါ။ အဲဒီတော့ nationwide လို့ခေါ်တဲ့ အမျိုးသားရေးလှုပ်ရှားမှု မဖြစ်ဘူးဆိုရင် ရှုံးတယ်။ အမျိုးသားရေး လှုပ်ရှားမှု ဖြစ်တယ် ဆိုရင် အောင်တယ်။ ဒါပဲဖြစ်တယ်လို့ ကျနော် နားလည်ပါတယ်။ အခုလည်း တဖန် လူထုအသံပေးလုပ်ငန်းတွေ စကြပြန်ပြီဆိုရင်တော့ nationwide ခေါ်တဲ့ တမျိုးသားလုံးက ပါလာနိုင်တဲ့ လှုံ့နိုးပြီးတော့ ပါလာနိုင်တဲ့ လှုပ်ရှားမှုမျိုး ဖြစ်စေချင်တယ်လို့ ကျနော် ပြန် ကြည့်ချင်ပါတယ်။”

တချိန်တည်းမှာပဲ ဧရာဝတီမြစ် ရှင်သန်ရေးအတွက် ဧရာဝတီမြစ်ကော်မရှင် (The Ayeyarwady River Commission –ARC) ဖွဲ့စည်း ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုတရပ်ကိုလည်း မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)က ဦးမျိုးမြင့်က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။ အစိုးရ အဖွဲ့အနေနဲ့ အခုလို ဧရာဝတီမြစ်ကို ကာကွယ်ဖို့ လုပ်ဆောင်မယ် ဆိုရင်တော့ အစိုးရပိုင်းတခုတည်း လုပ်ဆောင်တာမျိုးထက်၊ ပြည်ပက ပညာရှင်တွေနဲ့ပါ ထိတွေ့ဆက်ဆံသင့်တယ်လို့ သစ်တော သယံဇာတပတ်ဝန်းကျင် ဖွံ့ဖြိုးရေးနဲ့ ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းက ဗွီအိုအေကို ပြောပါတယ်။

“NGO တွေ၊ လုပ်ငန်းရှင်တွေရော၊ ပညာရှင်တွေရော စုံစုံလင်လင်ပါရင် ကောင်းတာပေါ့။ မဟုတ်ဘဲ သူတို့ကြိုက်တဲ့သူတွေပဲ ရွေးပြီးတော့ဖွဲ့ရင်တော့ ဒါ အဓိပ္ပါယ် သိပ်ပြီးတော့မလေးနက်ဘူးပေါ့။ ”
အခုဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဟာ အာရှမြစ်ဝှမ်းအဖွဲ့အစည်းများကွန်ရက် (NARBO) ကို ၀င်ရောက်ဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ထောက်ခံချက်ရရှိထားပြီး ဒီနှစ်ထဲမှာလည်း (NARBO) ကို ၀င်ရောက်ဖို့ အတွက် ထပ်မံလျှောက်ထား ခဲ့ပါသေးတယ်။ 
 

VOA

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

ဒေါက်တာဆိတ်ဖွား​ရဲ့​ Above the law ​ခေါင်း​စဉ်နဲ့​ လွှတ်​တော်ကို ​ဝေဖန်တဲ့​ ​ဖော်ပြချက်အ​ပေါ် စုံစမ်း​ဖို့​ ​ကော်မရှင်တရပ်ကို ​ဖေ​ဖော်ဝါရီလ ၈ ရက်​နေ့​ ပြည်​ထောင်စု လွှတ်​တော်မှာ ဖွဲ့စည်း​လိုက်ပါတယ်။ ဒီ​ကော်မရှင်ကို အမျိုး​သား​လွှတ်​တော် ဒုဥက္ကဋ္ဌ ဦး​မြငြိမ်း​က ဦး​ဆောင်ပြီး​ ပါတီစုံက အဖွဲ့​ဝင် ၁၇ ဦး​ ပါဝင်ပါတယ်။ ​ကော်မရှင်က လုပ်​ဆောင်ရမှာ​တွေနဲ့​ပတ်သတ်ပြီး​ ​ကော်မရှင်အဖွဲ့​ဝင် ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်အမတ် ဦး​ဖုန်း​မြင့်​အောင်က အခုလို ရှင်း​ပြပါတယ်။

ဝန်ကြီးများ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မေးမြန်းချက်

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကနေ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့(ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းကို လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ဖို့ သ၀ဏ်လွှာ ပေးပို့ ထားပါတယ်။ လက်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကို မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ပေးဖို့လည်း သမ္မတရဲ့သ၀ဏ်လွှာမှာ ပါရှိပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ အရပ်ဘက်နဲ့ စစ်ဘက်မှာ ဆက်ဆံရေးပြေပြစ်သလို တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး၊ တပ်မတော်မှာ ဒု-ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်မယ်လို့ အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက သုံးသပ် ပြောဆိုပါတယ်။ လက်ရှိ ၀န်ကြီးအပြောင်းအလဲအပေါ် ဦးလှဆွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
DVB

ရေနံ နိုင်ငံရေး၊ ပိုက်လိုင်း နိုင်ငံရေး


မေလကျရင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း စဖွင့်တော့မယ်၊ နောက်နှစ်ကျရင် ရေနံပိုက်လိုင်းနဲ့ အပြိုင် ဓာတ်ငွေ့ပိုက်လိုင်းလည်း လိုက်ဖွင့်တော့မယ်။ ဒါဟာ တရုတ်စွမ်းအင်လုံခြုံရေးနဲ့ ဒေသတွင်း ပထ၀ီနိုင်ငံရေးအတွက် အလှည့်အပြောင်း ဖြစ်လာတော့မယ်လို့ နိုင်ငံတကာ သတင်းဆောင်းပါးတွေ ဖတ်ရပါတယ်။
တရုတ်-မြန်မာ ရေနံပိုက်လိုင်းက မြန်မာပြည် ရခိုင်ကမ်းရိုးတန်းကနေ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၁ ထောင်နီးပါး (တရုတ်ဘက်ကတော့ ကီလိုမီတာ ၈၀၀ နီးပါးလို့ဆို)  လောက် ရှည်လျားပါတယ်။

2008 မြန်မာနိုင်ငံ ဖွဲ့စည်းပုံဥပဒေ

2008 မြန်မာနိုင်ငံ ဖွဲ့စည်းပုံဥပဒေ by winnerlife7

ဆရာဇံဇာဏိဘို ၁၂ လရာသီဟောကိန်း (ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၂) ထိ ၂၀၁၃

ဆရာဇံဇာဏိဘို 12 လရာသီဟောကိန်း (ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၂) ထိ ၂၀၁၃ by winnerlife7

ဆရာဇံဇာဏီဘို ၁၂ လရာသီ ဟောကိန်း (ဇွန် ၂၂ ဇူလှိုင် ၂၂) ထိ ၂၀၁၃

ဆရာဇံဇာဏီဘို ၁၂ လရာသီ ဟောကိန်း (ဇွန် ၂၂ ဇူလှိုင် ၂၂) ထိ ၂၀၁၃ by winnerlife7

facebook မှကြည့် ချင်ရင် like လုပ်ပါ