ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

တွေ့ဆုံညှိနှိုင်းခြင်းသာ အကောင်းဆုံး နည်းလမ်းဟု သမ္မတ ဦးသိန်းစိန် ပြောဆို



အဲဒီလိုတွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က နှစ်ပေါင်းများစွာကွဲကွာနေကြတဲ့ ညီအကိုများအချင်းချင်း ယခုလို ပြန်လည်တွေ့ဆုံရတဲ့အတွက်  ဝမ်းသာရကြောင်းနဲ့ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုတွေဟာ အမိုးအကာ တစ်ခုတည်းအောက် အတူ နေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် ပေါ်ပေါက်လာသည့် ပဋိပက္ခတွေကို ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာ ထောက်ထားခြင်း၊ အပြန်အလှန် လေးစားခြင်းတွေနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်း ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ပံတောင်းတောင်အရေး ကင်တားနား အထူးစိတ်ဝင်စား



လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား

၅ ရက်ကြာ ခရီးစဉ်နဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆီ ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့  နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး၊ ဒီ့နောက် ကချင်ပြည်နယ်ကို ဆက်သွားဖို့ ရှိပါတယ်။ 

မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်


လက်ရှိ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေရှိပြီး စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေတာမို့၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ချည်းကပ်တဲ့ နေရာမှာ အလောတကြီး မူဝါဒ ပြောင်းလဲတာ မျိုးတွေ မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီက Heritage Foundation မှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောသွားတာပါ။

ဧရာဝတီမြစ် ပြုပြင် ထိန်းသိမ်းရေးနှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာ မှုသည် အရေးကြီးသော လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မည်ဖြစ်


နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်သည် ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော် ဟိုတယ် ဇုန်ရှိ  အမရ ဟိုတယ်၌ ကျင်းပသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်း အမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် SBE nv Engineering Co., Ltd. တို့ အကြား ဧရာဝတီမြစ် ပြုပြင်

နှစ်နိုင်ငံ ခေါင်းဆောင်များ ကုလားတန် မြစ် စီမံကိန်း၊ ၃ နိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်မှု၊ လီဒို လမ်းမကြီး ပေါ်ထွန်း လာခြင်း တို့ကို ဆွေးနွေး

နှစ်နိုင်ငံ ခေါင်းဆောင်များ ကုလားတန် မြစ် စီမံကိန်း၊ ၃ နိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်မှု၊ လီဒို လမ်းမကြီး ပေါ်ထွန်း လာခြင်း တို့ကို ဆွေးနွေး
နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယ သမ္မတ နိုင်ငံ အောက်လွှတ်တော် (LOK SAB- HA) ဥက္ကဋ္ဌ Honourable Smt. Meira Kumar ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု လုပ်နည်း



ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..

မြန်မာ လေကြောင်းလိုင်းမှ လေယာဉ်မောင် လေယာဉ်မယ်များ ခေါ်ယူမည်



မြန်မာ လေကြောင်းလိုင်းမှ လေယာဉ်မောင် လေယာဉ်မယ်များ ခေါ်ယူမည် Wednesday, February 13, 2013  မြန်မာ လေကြောင်းလိုင်းက လေယာဉ်မောင်၊ လေယာဉ်မယ် ၂ဝ ကျော် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။  မြန်မာ လေကြောင်းလိုင်းသည် ထပ်မံတိုးချဲ့ ဝယ်ယူမည့် လေယာဉ်များနှင့် ခရီးစဉ်များ အတွက် ယခုကဲ့သို့ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။  မြန်မာ လေကြောင်းလိုင်းတွင် လေယာဉ်မောင်၊ လေယာဉ်မယ် လျှောက်ထားလိုသူများ သည် အင်္ဂလိပ်စာ ကျွမ်းကျင်၍ တက္ကသိုလ် တစ်ခုခုမှ ပထမနှစ် အောင်မြင်ပြီး သတ်မှတ်ထားသော အရပ်၊ ကိုယ်အလေးချိန်နှင့် ရဲစခန်း၊ ရပ်ကွက် ထောက်ခံချက် တို့နှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ မြန်မာ လေကြောင်း ရုံးသို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။  ရွေးချယ်ခံရ သူများသည် မြန်မာ လေကြောင်းလိုင်းတွင် ငါးနှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။  http://bit.ly/12ytVhl မြ၀တီ
မြန်မာ လေကြောင်းလိုင်းက လေယာဉ်မောင်၊ လေယာဉ်မယ် ၂ဝ ကျော် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ လေကြောင်းလိုင်းသည် ထပ်မံတိုးချဲ့ ဝယ်ယူမည့် လေယာဉ်များနှင့် ခရီးစဉ်များ အတွက် ယခုကဲ့သို့ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိ


ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိ Wednesday, February 13, 2013  ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ စုံစမ်းသိရှိရသည်။  အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက "ရန်ကုန်တိုင်းထဲမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေ လုပ်ငန်းလုပ်ဆောင်ရာမှာ မြန်ဆန်ဖို့ ဆိုင်ကယ်အစီးရေ ၂၀ ကို စီးနင်းခွင့် ပြုထားပါတယ်။ လက်ရှိမှာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားတဲ့ဌာန သုံးခုပဲ ရှိပါတယ်။ အဲဒီဌာနတွေမှာလည်း စီးနင်းခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေပဲ စီးနင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးနင်းခွင့် မပြုတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်စည်းမျဉ်း စည်းကမ်းနဲ့မညီရင် အရေးယူသွားပါမယ်" ဟု ပြောသည်။  ယခု ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စီးနင်းခွင့်ပြုထားသည့် မော်တော်ဆိုင်ကယ်မှာ အဖြူရောင်ဖြစ်ပြီး ဆိုင်ကယ်၏ အနောက်၌ တိုင်အမြင့်ဖြင့် အချက်ပြမီးနီ တပ်ဆင်ထားကြောင်း သိရသည်။  ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့တော်စည်ပင်ဌာနမှ မော်တော်ဆိုင်ကယ် ၃၃ စီး၊ လျှပ်စစ်ဝန်ကြီးဌာနမှ ၆၅ စီးသာ စီးနင်းခွင့်ပြုထားသည်။  သို့သော် ၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခွင့်ပြုမိန့်မရှိဘဲ စီးနင်းနေသည့် မော်တော်ဆိုင်ကယ် အစီးရေ ၈၀၀ ကျော်ကို အရေးယူ ခဲ့သော်လည်း အဆိုပါ မော်တော်ယာဉ်များတွင် ဌာနဆိုင်ရာများမှ မပါဝင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။  ထိုသို့ ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ မောင်းနှင်သွားလာနေသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် အခြားသူများကို အရေးယူနိုင်ရန် မြို့နယ်အလိုက် ဖမ်းဆီးရေး ကော်မတီများ ဖွဲ့စည်းထားကြောင်း ရဲမှူးသာဌေးက ဆက်လက်ရှင်းပြသည်။  အဆိုပါ ဖမ်းဆီးရေး ကော်မတီတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများလည်း ပါဝင်ကြောင်း သိရသည်။  ဓာတ်ပုံ - ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားခရီးစဉ်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ  Eleven Media Groupရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ
ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ စုံစမ်းသိရှိရသည်။

လယ်ယာမြေဆုံးရှုံးမှု အခွင့်အရေး ကော်မတီဖွဲ့စည်း


အစိုးရက ဒေသခံ တောင်သူလယ်သမားတွေကို သူတို့ပိုင်လယ်ယာမြေတွေကနေ ဒီကနေ့ ဖယ်ရှားပေးဖို့ အကြောင်းကြား ထားတဲ့ အတွက် မိမိတို့အရေးကို တောင်းဆိုဖို့ အခုလို ကော်မတီဖွဲ့စည်းလိုက်တာလို့  ဒေသခံ လယ်သမား တစ်ဦးက RFA ကို ပြောပါတယ်။
" မနက်ဖြန်ကို လယ်ယာမြေတွေပေါ်မှာရှိတဲ့ လယ်သမားတွေကို အစိုးရက

အနိမ့် ဆုံး လုပ်ခ လစာ ၉ ဒေါ်လာ သတ်မှတ်ရေး အိုဘားမား ပြောကြား


slide_280555_2100341_free
 
2
 
1
 
မဲပေးပါ

အိုဘားမား ရဲ့  နိုင်ငံ တော် အခြေပြ မိန့် ခွန်း ကို ပြည်သူတွေ က ထောပနာ ပြုကြတယ်
လို့  NBC ရဲ့  စစ်တမ်းမှာ ဖော်ပြထား ပါတယ်။ ဒုတိယ သက်တမ်းတာဝန်ထမ်းဆောင်
ချိန် ပထမ ဦးဆုံး မိန့် ခွန်း ဖြစ် ပြီး သူက လူလတ်တန်းစား တွေ သက်သာ ချောင်ချိ
ရေး ကို ဦးစားပေး ပြောခဲ့ ပါတယ်။

ဘူးသီးတောင် ထောင် နံရံတွင် ဗုံးထောင်ထားသည်ကို တွေ့ရှိ၊ ရှင်းလင်းနိုင်ခဲ့


ဘူးသီးတောင် ထောင် နံရံတွင် ဗုံးထောင်ထားသည်ကို တွေ့ရှိ၊ ရှင်းလင်းနိုင်ခဲ့  By Wakker  စစ်တွေ ၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]  ယမန်နေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ဘူးသီးတောင် ထောင် နံရံတွင် ဗုံးထောင်ထားသည်ကို တွေ့ရှိရသဖြင့် ထောင်အာဏာပိုင်များက ဘူးသီးတောင် စစ်ဗျူဟာဋ္ဌာနသို့ အကြောင်းကြား အကူအညီ တောင်းကာ ယင်းဗုံးကို ရှင်းလင်းလိုက်ရသည်ဟု ဆိုသည်။   ဗုံးမတွေ့မီ တစ်နေ့က ဘင်္ဂါလီအကျဉ်းသားများက အစာငတ်ခံဆန္ဒပြကြသေးသည် ဟု ဆိုသည်။  (Coral Arakan News အတွက် ၀က္ကာ ရေးသားသည်။)  ================  ဓါတ်ပုံရည်ညွှန်းစာသား - ဘင်္ဂါလီဆူပူမှုများအားနောက်ကွယ်က ကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲခံရသူ အန်ဂျီအို ၀န်ထမ်း ဘင်္ဂါလီများ ဖြစ်ကြသည့် ချိုလေးမာ နှင့် စိုးမြင့် တို့ လွတ်မြောက်လာသည့်နေ့က ဘူးသီးတောင် ထောင်ကို တွေ့ရစဉ်။  ဓါတ်ပုံ - ပန်းခရမ်းပြာ။
ယမန်နေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ဘူးသီးတောင် ထောင် နံရံတွင် ဗုံးထောင်ထားသည်ကို တွေ့ရှိရသဖြင့် ထောင်အာဏာပိုင်များက

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်သွားရောက်

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintanaမြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူ့အခွင့်အရေးကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသား
များအဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြုပြင်

ကျွန်တော်နှင့် ရခိုင်ရေး အင်တာဗျူ

မနေ့က ကျွန်တော့ကို voa က မခင်မျိုးသက်က မေးပါတယ်။

ရခိုင်ပြည်ကိုရောက်နေတဲ့ မစ္စတာကင်တိန်းနား နှင့်ပတ်သတ်ပြီး ရခိုင်လူထုနှင့်လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အနေနန့်ဘယ်လိုမြင်လဲလို့မေးပါတယ်။

တောင်ကြီးမြို့ပေါ်တွင် လောင်ကစားမှုများ အကြီးအကျယ်ပြုလုပ်လျှက်ရှိ



တောင်ကြီးမြို့ပေါ်ရှိ ကမ္ဘောဇပန်းခြံ၊ မြို့မဈေးကြီး အပေါ်ထပ်၊ မြကန်သာပန်းခြံနှင့် မြသုခရုံ အပေါ်ထပ်တို့တွင် ကလေးကစားကွင်းအမည်ခံကာ လောင်းကစားမှုများ အကြီးအကျယ်ပြုလုပ်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် (၂၂) ရပ်ကွက်ရှိသည့်အနက် ကျောင်းကြီးစုရပ်ကွက်၊ မြို့မရပ်ကွက်၊ ကံသာရပ်ကွက်၊ ဟော်ကုန်းရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊

ကိုးရီးယားနိုင်ငံသို့ အမျိုးသမီးအလုပ်သမားစေလွှတ်ရန် ညှိုနှိုင်း


ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် အမျိုးသမီးလုပ်သား စေလွှတ်ရန် နှစ်နိုင်ငံဝန်ကြီးဌာနညှိနှိုင်းလျှက်ရှိပြီး
သဘောတူညီမှုရရှိပါက ပဉ္စမအကြိမ်လုပ်သား စေလွှတ်ရာတွင် ထည့်သွင်းစာချုပ်ချုပ်ဆိုသွားရန်ရှိကြောင်း အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖုံလုံရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်

KNUနဲ့ အစိုးရ ကြား လုံးဝ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမည်လား



KNUနဲ့ အစိုးရ ကြား လုံးဝ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမည်လား Wednesday, February 13, 2013  အစိုးရ နဲ့ ကေအင်န်ယူ တိကျသောအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မတ်လတွင် စမည် အစိုးရနှင့် ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး) တို့သည် လာမည့် မတ်လအတွင်း တိကျသည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင်မည်ဟု ကေအင်န်ယူ ကာကွယ်ရေး ဝန်ကြီး စောရော်ဂျာခင် က ဧရာဝတီ သို့ပြောသည်။   လက်ရှိတွင် အစိုးရနှင့် ကေအင်န်ယူအနေဖြင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအဖြစ်သာ သဘောတူညီ ထားသဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိ ရန် လိုအပ်နေသည်ဟု သိရသည်။   “ အစိုးရ က တိကျတဲ့အပစ်အခတ်ရပ်စဲရေးလုပ်ဖို့လိုနေတယ်၊  အခုက အခြေအနေအရ ပြန်တိုက်နေရ တယ် ပြည်တွင်းငြိမ်း ချမ်းရေးရဖို့ဆိုရင်ကရင၊် ကချင် ရယ်လို့မဟုတ်ဘူး။ တပြည်လုံးငြိမ်းချမ်းသင့်တယ်၊ အပစ်အခတ်ရပ်စဲရေးလုပ် မယ်ဆိုပြီး သေနတ်တကိုင်ကိုင်လုပ်နေရင်တော့ ဘယ်လိုမှ ငြိမ်းချမ်းရေး စကား ပြောလို့မရဘူး”ဟု ကေအင်န်ယူ ကာကွယ်ရေး ဝန်ကြီး စောရော်ဂျာခင်က ဧရာဝတီသို့ ပြော သည်။   ကေအင်န်ယူအနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ပြီးပါက ပြည်ပရောက် ဒုက္ခသည်များနှင့် ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နေရပ်ပြန်လာနိုင်ရေး နှင့်ပြည်နယ် ငြိမ်းချမ်းရေးများ ဆောင်ရွက်သွားမည်ဟု သိရသည်။   “ပထမအဆင့်က ငြိမ်းချမ်းရေးပဲ ရှိသေးတယ်၊ နောက်တဆင့်မှ အစိုးရနဲ့ နိုင်ငံရေးစကားပြောမယ်၊ ဘာတွေ ဆိုတာ တော့ ပြောလို့မရသေးဘူး။”ဟု ၎င်းက ဆိုသည်။   ငြိမ်းချမ်းရေးပဏာမသဘောတူညီချက်ဟုဆိုသော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ် သို့ ရောက်စပြု နေပြီဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပြည်နယ် ငြိမ်းချမ်းရေးများ စတင် လုပ်ဆောင်နေပြီဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ဆိုသည်။   “လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း လွှတ်တော်မှာ ဝင်အရွေးခံ၊ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေမှာ ပါဝင်လာမယ်ဆိုရင် အားလုံးက တသားတည်းဖြစ်သွားပြီ”ဟု ဝန်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသို့ပြောသည်။   ကရင်ပြည်နယ်ငြိမ်းချမ်းရေးအခြေအနေကို တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အချိန် အတန်ကြာ စောင့်ဆိုင်းရအုံးမည်ဖြစ်ကြောင်း၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ဆောင်ရွက်သင့်ကြောင်း ကရင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးစောဖိုးနေးက သုံးသပ်သည်။   “ တိုင်းရင်းသားတွေအတွက် အဓိကအခက်အခဲက ငြိမ်းချမ်းရေးရဖို့ပဲ၊ ပြည်တွင်းငြိမ်းချမ်းရေး တနိုင်ငံလုံး ရစေချင်တယ်၊ အဲလိုဆိုရင်တော့ ကိုယ့်အိမ်နဲ့ကိုယ် မိသားစုနဲ့ ပျော်ပျော်ပါးပါးနေလို့ရပြီ”ဟု ဦးစောဖိုးနေး က ပြောသည်။   အစိုးရနှင့် ကေအင်န်ယူ အပစ်အခတ်ရပ်စဲရေးပဏာမ သဘော တူညီချက်ကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်နေ့က ဘားအံမြို့၊  ဇွဲကပင် ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။    ဓာတ်ပုံ - ကရင်ပြည်နယ်တွင်းက ကရင်တိုင်းရင်းသူ အမျိုးသမီးတဦး၊ ( မေစစ်ပိုင်/ဧရာဝတီ )  မေစစ်ပိုင် ဧရာဝတီ အစိုးရ နဲ့ ကေအင်န်ယူ တိကျသောအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မတ်လတွင် စမည် အစိုးရနှင့် ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး)
တို့သည် လာမည့် မတ်လအတွင်း တိကျသည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင်မည်ဟု ကေအင်န်ယူ ကာကွယ်ရေး ဝန်ကြီး စောရော်ဂျာခင် က ဧရာဝတီ သို့ပြောသည်။

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က သုတေသနအဖွဲ့ စစ်တွေရောက်ရှိ




ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအကြောင်းအရင်း အချက်အလက်တွေကို ကွင်းဆင်းလေ့လာဖို့အတွက် ရခိုင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ ဟာ ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။

ဗုဒ္ဓဘာသာကို " ကမ္ဘာ့အသီးသီးက ဘာလို့ လက်ခံကြတာလဲ


ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့ ........"..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ

အိန္ဒိယ အဂတိလိုက်စားမှုကို အစာငတ်ခံ ဆန္ဒပြပြီး၊ အကျဉ်းထောင်များ ဖြည့်ဖို့ ကြိုးစားသူ



ဩဂုတ်လ ၁၆ ရက် ဒေလီမြို့တွင် အသက် ၇၄ နှစ်ရှိ လူမှုလှုပ်ရှားသူ အန်နာ ဟဇာရီ ဆိုသူက ရုပ်ပျက်လွန်းတဲ့ အိန္ဒိယရဲ့ အဂတိလိုက်စားမှုကို အပြင်းအထန်ဆန့်ကျင်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြရင်း၊ သူ့လှုပ်ရှားမှုမှာ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ဖို့ လှုံဆော်ခဲ့သည်။

နှလုံးသားကို လှုပ်ခတ်စေသော သတင်းနှစ်ပုဒ်

နှလုံးသားကို လှုပ်ခတ်စေသော သတင်းနှစ်ပုဒ် ဖေဖေါ်ဝါရီ (၄) ရက်နေ့မှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းနှစ်ပုဒ်ကို ဖတ်ခဲ့ရတယ်။ တပုဒ်က မြန်မာနိုင်ငံ အနောက်ဘက် ကျောက်ဖြူ ကနေ တရုတ်နိုင်ငံထိ ဆက်သွယ်ထားတဲ့ ဓါတ်ငွေ့ ပိုက်လိုင်းမှ ဓါတ်ငွေ့တွေ စတင်ပို့လွှတ်ဖို့ ရက် (၁၀၀) သာလိုတော့ ပါတယ်ဆိုတဲ့ သတင်းနဲ့ ကျောက်ဖြူ (special economic zone) ကိုမကြာခင် တည်ဆောက်တော့မယ် ဆိုတဲ့သတင်းနှစ်ပုဒ် ဖြစ်ပါတယ်။

မောင်မူးယစ်မှ ပေးစာ


drughahaမင်္ဂလာပါ
ကျွန်တော့နာမည် မူးယစ်ဆေးဝါးလို့ခေါ်တယ်။ မောင်မူးယစ်လို့ခေါ်လည်း ရပါတယ်။  ကျွန်တော့ကို ဘယ်နား မှာဖြစ်ဖြစ် ရှာတွေ့နိုင်ပါတယ်။

အခန်းထဲတွင်ပင် ရှာတွေ့နိုင်သော အောင်မြင်ရေး သော့ချက် ၇ ခု

url၁။ အိမ်ခေါင်မိုး  -- ရည်မှန်းချက်ကြီးကြီးထားပါ။
၂။ ပန်ကာ        -- တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်း ရှိပါ။

၅.၅ လက်မ မျက်နှာပြင်ဖြင့် LG Optimus G Pro

lg-optimus-g-pro-confirmed-0

ဖေဖော်ဝါရီလကုန်ရင်ထွက်တော့မယ့် တောင်ကိုရီးယား LG ရဲ့  နောက်ဆုံး စမတ်ဖုန်း
ဖြစ်ပါတယ်။

စမတ်ဖုန်းဆိုတာထက် Phablet လို့ခေါ်တဲ့ စမတ်ဖုန်းမကျ Tablet မကျ ကြားထဲက ဖုန်း+Tablet အမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ Samsung Galaxy Note 2 ကို အဓိကယှဉ်ပြိုင်မယ်ဆိုတာ သေချာနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကိစ္စ ဖျန်ဖြေပေးဖို့ဆိုတာ စဉ်းစားစရာဖြစ်နေ – ကေအိုင်အို


ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကာယကံရှင်တွေ လိုလားတယ်၊ လုပ်စေချင်တယ်ဆိုရင် အချိန်မရွေး ၀င်လုပ်ပေးမယ်လို့ ပြည်ထောင်စုနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်တွေအတွက် တစုံတဦးကို အမည်တပ်ပြီးတော့ ပါဝင်ဖို့ ဖိတ်ခေါ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ ပြောဆိုခွင့် လုပ်ပိုင်ခွင့်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းကပဲ ရှိမယ်လို့ နားလည်ထားတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ကြားဝင်ဖျန်ဖြေပေးဖို့ဟာ စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ပြောခွင့်ရ ဦးလနန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ကေအိုင်အိုအနေနဲ့ ဘယ်လိုသဘောထားရှိလဲ။
ဦးလနန်
“ကေအိုင်အိုကတော့ အစိုးရနဲ့ တိုင်းရင်းသားကြားမှာ တွေ့ဆုံညှိနှိုင်းတဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်သူက ပါဝင်သင့်တယ်ဆိုပြီး ကျနော်တို့ဘက်ကနေ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ တိုက်ရိုက်ပြောဆိုပြီး အကူညီတောင်းတာမျိုးတော့ လုပ်မှာမဟုတ်ဘူး။ ဒါဟာ ကေအိုင်အိုရဲ့ ချမှတ်ထားတဲ့ လမ်းစဉ်ပါ။

ကင်တာနား မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ


ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တာနားဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှူး ဦးစစ်မြိုင်က ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြေပုံမြို့နယ်က ဒုက္ခသည်စခန်းများကို သွားရောက်ခဲ့စဉ်
“သီးခြားတွေ့ဆုံတာတော့ မရှိပါဘူး။ တွေ့ရိုးတွေ့စဉ် ကျနော်တို့ဆီလာရောက်တွေ့တာပါပဲ။

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်


ရခိုင်ပြည်နယ်အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တားမြစ်ခံရတဲ့ သံတွဲမြို့နေ မွတ်စလင်အမျိုးသမီးတဦးက ပြောပါတယ်။
ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ်လက်မှတ်သွားဝယ်ရာမှာ လ၀က ထောက်ခံချက်ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး ဦးကိုကိုမောင်ကို သွားရောက်မေးမြန်းရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင်တယ်ဆိုတာ မပြောပြဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

သမ္မတအိုဘားမား မြန်မာ့အရေး မျက်ခြေမပြတ်ကြောင်း ပြော

သမ္မတအိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေစဉ် (၁၂-၂-၂၀၁၃)သမ္မတအိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေစဉ် (၁၂-၂-၂၀၁၃)

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ မြန်မာပြည်ခရီးစဉ်ရဲ့ အတွေ့အကြုံကို အလေးအနက်ထား ထည့်သွင်းပြောဆိုသွားတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။

ငါးထောင်တန်ဖုန်းမထွက်သေးသော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီက တယ်လီဖုန်းစက်ရုံတည်ဆောက်






ငါးထောင်တန်ဖုန်းထွက်ရှိ ရန် ကြိုးစားလျက်ရှိသော ရွှေ ပြည်တံခွန်အများပိုင်ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင်ငံတွင် ဆက် သွယ်ရေးကဏ္ဍတစ်တောင့်တစ် နေရာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာနိုင်ငံတွင် တယ် လီဖုန်းစက်ရုံ စတင်တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။

ချစ်သူများနေ့တွင် လိင်ပညာပေးနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝ လက်ကမ်း စာစောင် ဝေမည်



ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူ များနေ့တွင် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သော ရောဂါများနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝဆိုင်ရာ ပညာပေး လက်ကမ်း စာစောင် များ ဝေမည်ဟု သိရသည်။
ချစ်သူများနေ့တွင် ပညာပေး လက်ကမ်း စာစောင်များအား ကန် တော်ကြီး ဥယျာဉ်၊ အင်းလျားကန်၊ ပြည်သူ့ ရင်ပြင် စသည့်လူငယ်များ သွားလာတတ်သည့် နေရာများ တွင် အဓိကထား ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်ပွား လူ ၁၈ ဦးထက် မနည်း သေဆုံး ခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရ

ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်ပွား လူ ၁၈ ဦးထက် မနည်း သေဆုံး ခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရ
မော်စကို  ဖေဖော်ဝါရီ  ၁၂
ရုရှားနိုင်ငံ မြောက်ပိုင်း ကိုမီ ပြည်နယ်ရှိ Vorkutinskaya ကျောက်မီးသွေး တွင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ထက်မနည်း သေဆုံးခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရသည့် အနေ အထားတွင် ရှိကြောင်း အရေးပေါ် ဌာနမှ အာဏာပိုင် များက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ