ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 October 2012

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ကွယ်လွန်


မြန်မာ့နိုင်ငံရေးမှာ ထင်ရှားသူတဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဟာ ဒီနေ့မနက် ၈ နာရီ မိနစ် ၂၀ မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီဖြစ်ပြီး၊ မကွယ်လွန်မီ တရက်အလိုမှာ တိုင်းပြည်ကောင်းမွန်ဖို့၊ ပြည်သူလူထုတွေ စိတ်ချမ်းသာဖို့ ဆုတောင်းသွားသေးတယ်လို့ သမီးကြီးဖြစ်သူ ဒေါက်တာပန်ဒိုရာအောင်ကြီးက ပြောပါတယ်။
“ကျမအဖေက တိုင်းပြည်ကို အင်မတန်လည်း ချစ်ပါတယ်။ မကြာသေးခင်ကပဲ တိုင်းပြည်ကောင်းမွန်ပါစေ၊ ပြည်သူလူထုတွေ

ကြံ့ခိုင်ရေးပါတီ ညီလာခံ ဘာတွေ ထူးခြားသလဲ


ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြံ့ခိုင်ရေးပါတီ ညီလာခံ အောင်အောင်မြင်မြင်နဲ့ ကျင်းပ ပြီးစီးသွားခဲ့ပါပြီ။ ဒီညီလာခံမှာ နိုင်ငံရေးပါတီ အလုပ်လုပ်ခွင့်မရှိတဲ့ သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ အဖြစ် ပြန်ပြီး ရွေးကောက်တင်မြှောက်တာ။ ဗဟိုကော်မတီ၊ အရန်ဗဟိုကော်မတီ ဦးရေ တိုးချဲ့တာ။ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ် ဖွဲ့စည်းပုံတွေကို ဥက္ကဋ္ဌ စနစ်နဲ့ သွားဖို့ ပါတီ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်တာ စတာတွေကို လုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျင်းပပြီးစီးသွားခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ ညီလာခံဟာ ပြည်သူတွေအတွက် တိုင်းပြည်အတွက်

ကေတီဗွီဆိုင်သုံး သီချင်းများအတွက် အနုပညာကြေးရရန် ကြိုးစား

လက်ရှိ ရန်ကုန်မြို့ပေါ်က ကေတီဗွီ ဆိုင်တွေမှာ အသုံးပြုနေတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အနုပညာရှင်တွေ မူပိုင်ခွင့်ကြေး ရရှိအောင် ကြိုးစားနေတယ်လို့ ဂီတ အစည်းအရုံး တာဝန်ရှိသူ ဦးမြင့်မိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
မနေ့က ကေတီဗွီ ကာရာအိုကေဆိုင်ပိုင်ရှင် ၁၀၀ ကျော်နဲ့ ဂီတအစည်းအရုံး တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းပွဲမှာ ၂ ဘက် သဘောတူနိုင်မယ့် မူပိုင်ကြေး ပေးတဲ့စနစ် သတ်မှတ်ဖို့ ကိစ္စနဲ့ နှုန်းထား

သမ္မတ လုပ်ပိုင်ခွင့်ကို သူရဦးရွှေမန်း မေးခွန်းထုတ်


လွှတ်တော်က အတည်ပြု၊ သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေတခု သက်ဝင် လှုပ်ရှားနိုင်ရေး သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ

ရခိုင်ပဋိပက္ခ ပိုမိုထိရောက်စွာ ဖြေရှင်းရန် အန်အယ်လ်ဒီ တိုက်တွန်း


လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ထိန်းသိမ်းဖို့နဲ့ တည်ငြိမ်အေးချမ်းမှု ရရှိစေဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ပိုမိုထိရောက်တဲ့ လုပ်ဆောင်မှုတွေ အမြန်ဆုံးဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးနဲ့ အမ်း စတဲ့ဒေသတွေမှာ ခုရက်ပိုင်းတွေအတွင်း ရခိုင်နဲ့

ဒုက္ခသည်နေရပ်ပြန်ပို့ရေး ပြင်ဆင်ရန် ကုလသမဂ္ဂ တိုက်တွန်း


ထိုင်း-မြန်မာ နယ်စပ်မှာ နေထိုင်တဲ့ ဒုက္ခသည် ၁ သိန်းကျော်ကို မြန်မာပြည် ပြန်ပို့ဖို့အတွက် စတင်ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ သက်ဆိုင်ရာအဖွဲ့တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာရ်) က တိုက်တွန်းလိုက်ပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်လည်ပို့ဆောင်ဖို့အတွက် တရားရေး၊ လူမှုနိုင်ငံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးလုပ်ဆောင်ကြဖို့ လိုနေပြီလို့ ယူအန်အိပ်ခ်ျစီအာရ် ဒေသတွင်း

NLD ၏ ရခိုင်အရေး ကြေငြာချက် နေရာဖော်ပြမှု လွဲမှားနေ


ယနေ့အောက်တိုဘာ (၂၅) ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လက်ရှိနှစ်
ရက်သုံးရက်အတွင်းဖြစ်ပွားနေသော 
ဘင်္ဂါလီ

ဆူပူမှုနှင့်ပတ်သက်၍ ကြေငြာချက် တစ်စောင် ထုတ်ပြန်ရာ

တောင်ကြီးနှင့် မြစ်ကြီးနားတွင် မီးလောင်


တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ ၀န်ထမ်းအိမ်ရာမှာ ရိုးရာမီးပုံးပျံပွဲအတွက် ပြင်ဆင်ရင်း  ဒီနေ့ မနက် ၁၀ နာရီလောက်က မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ၂ ခန်းတွဲအိမ် ၁ လုံး ပျက်စီးဆုံးရှုံးသွားပြီး

ကချင်ရွာသား ၂ ဦးကို စစ်တပ် ဖမ်းဆီးခေါ်ဆောင်


ကချင်ပြည်နယ်  ကာမိုင်းမြို့နယ် နမ့်ဆီးအိမ်ရွာမှာ  တပ်မ ၈၈ လက်အောက်ခံ အစိုးရတပ်ဖွဲ့ဝင်တွေ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ညပိုင်းက  ရွာထဲ ၀င်လာပြီး  ရွာသားတွေကို ရိုက်နှက် ဖမ်းဆီးကာ ဆယ်အိမ်မှူး ဦးနိုင်လင်းနဲ့ ရွာသား  ဦးလဗျောင်ကွန်းကို ဖမ်းဆီးသွားပါတယ်။
ဦးလဗျောင်ကွန်းရဲ့အိမ်မှာ နွားပျောက်တဲ့ကိစ္စတခုနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်ဖို့ ပြင်နေစဉ်

ရခိုင်ပြည်နယ်ပဋိပက္ခ အမြန်အဆုံးသတ်ရန် ဗြိတိန်ပြောကြား


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကို အမြန်အဆုံးသတ်ဖို့ ဗြိတိန် နိုင်ငံခြားရေးရုံး ၀န်ကြီး ဟူဂို ဆိုင်ရာ Hugo Swire က တောင်းဆိုလိုက်ပါတယ်။
Hugo Swire
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို အလွန်စိုးရိမ်ပူပန်မိသလို ထောင်နဲ့ ချီတဲ့လူတွေ

ကြည့်မြင်တိုင် သဲကွင်းမှတ်တိုင် အနီးတွင် ယာဉ် (၃)စီး ဆင့်တိုက်မှုတစ်ခုဖြစ်ပွား


 ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ သဲကွင်းမှတ်တိုင်အနီးတွင်၂၀၁၂ခုနှစ်
 အောက်တိုဘာ (၂၅)ရက်နေ့၊ နံနက်ပိုင်း
တွင် ယာဉ် (၃)စီးဆင့်တိုက်မှုတစ်

ခုဖြစ်ပွားခဲ့သောကြောင့် ခရီးသည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်ဖြူတွင် ဘင်္ဂလီများ မီးရှို့တိုက်ခိုက်မှုကြောင့် သေဆုံးမှုများရှိ


ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်နှင့်
ပိုက်သည်ရပ်ကွက်တွင် ဘင်္ဂလီများ
 အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုကြောင့် ရခိုင်
(၂) ဦး သေဆုံးသွားကြောင်း
သတင်းရှိရသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် မီးရှို့မှု ဖြစ်ပွားနေ(ယခု သတင်း)


ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင်
 အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မီးရှို့မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


ပေါက်တောမြို့ ဗ၀န်း ရပ်ကွက် တွင်ရှိသော ဘင်္ဂလီ များနှင့် ပေါက်တောဒေသခံ အချို့ ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်


 အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား
တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့်
 လေလံဈေးပေးမှုများ အပြီးတွင် နတ်
ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုး
က အသက်(၂၀)အရွယ် ကက်ထရီနာ

 မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။

မြန်မာ့ အိမ်မွေးနွား ၂၉၉၃ ကောင် ဘင်္ဂလာသို့ တင်ပို့






cowexporttobgမြန်မာနိုင်ငံမှ ဘင်္ဂလဒေ့ခ်ျနိုင်ငံ မူဆလင် ဘာသာရေးပွဲတော်ဖြစ်သော ကရင်ဘင် သို့ နွား ၂၉၉၃ ကောင် ယခုအပတ်အတွင်း တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်မှ ဘင်္ဂလာသို့ နယ်စပ်စီးပွားရေးတရားဝင် လမ်းကြောင်းမှ ယင်း ၂၉၉၃ ကောင်နွားကို တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျွဲနှင့် တခြားအိမ်မွေးတိရိစ္ဆာန်များ တင်ပို့မှုများလည်း

ရန်ကုန်တွင် ရဟန်းသင်္ဃာများနှင့် ရခိုင်တိုင်းရင်းသားများ အမျှဝေဆုတောင်း ဆန္ဒထုတ်ဖော်



Protest Ragoon 23အောက်တိုဘာလ ၂၅ရက်နေ့ ယနေ့ နေ့လည် ၁နာရီတွင် ရန်ကုန်မြို့ရှိ ရဟန်းသင်္ဃာများနှင့် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည် ပဋိပက္ခအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဆုတောင်းအမျှဝေပွဲတစ်ရပ်ကို ဆူးလေဘုရား၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆုတောင်းအမျှဝေပွဲသို့ ရဟန်းသင်္ဃာ အပါး ၂၀၀ကျော်ခန့်နှင့် လူဦးရေ ၈၀နီးပါးခန့် တက်ရောက်ကာ ဆူးလေးဘုရားပေါ်တွင် ပဋိပက္ခအတွင်း ကွယ်လွန်ခဲ့ရသူများအတွက်

24 October 2012

ရခိုင်ပြည်နယ်-ကျောက်ဖြူမြို့နယ် မြို့ခံတစ်ဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်


ကျောက်ဖြူမြို့ လက်ရှိအခြေအနေ 
ကို ဆက်ဆက်သွယ်မေးမြန်
ထားပါတယ်။ အပြည့်အစုံ ကို
ဆက်လက်ဖော်ပြပါမည်။

 
NOM ။။-ကျောက်ဖြူ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။

ကျောက်တော် ပဋိပက္ခ ရခိုင် (၃) ဦးသေဆုံး(သတင်းအပြည့်အစုံ)


မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ကျောက်ဖြူ
 မြို့နယ်တို့တွင် ဖြစ်ပွားနေသော အဓိဂ
ရုဏ်းမှာ ယခုအခါ ကျောက်တော်မြို့သို့
 တဖန် ကူးစက်သွားပြီး မီးရှို့ တိုက်ခိုက်

မူများ ဖြစ်ပွားနေရာ ရခိုင်အမျိုးသား (၃) ဦးသေဆုံး
သွားကြောင်း သတင်း ရရှိသည်။

စားသုံးသူကာကွယ်ပေးရေးက ကျနော်တို့နိုင်ငံမှာ အတော်နိမ့်ကျနေတယ်


နယ်စပ်က တရားမ၀င် မှောင်ခိုတင်သွင်းနေသူတွေကို လာမယ့် နိုဝင်ဘာလကစပြီး စစ်ဆေး အရေးယူတော့မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။
စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းနဲ့ နယ်စပ်က တရားမ၀င်တင်သွင်းတာတွေ ရပ်တန့်သွားစေဖို့ လုပ်ငန်း လမ်းညွှန်ချက်တွေ ချမှတ်ထားပြီးဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

ရှားခဲအင်းရွာသား ၃ ဦး တရားစွဲဆိုခံရ


ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲတိုက်နယ်ကျေးရွာမှာ ဒေသခံ ရွာသား ၃ ဦးကို ငါးလုပ်ငန်းဦးစီး ဌာနက  အင်းထဲမှာ  တရားမ၀င် ငါးဖမ်းမှုနဲ့ တရားစွဲထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ရှားခဲအင်းရွာသား ကိုထွန်းထွန်းမိုး၊ ကိုကျော်ကြီးနဲ့ ကိုစိုးတင့်တို့ကို ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီး ဦးအောင်ဆန်းဝင်းက  လေလံမရှိဘဲ ငါးဝင်ရောက်ဖမ်းဆီးတဲ့ပြစ်မှု၊ ရေချိုငါး အက်ဥပဒေပုဒ်မ ၄၂ (ခ)နဲ့  ကျုံပျော်တရားရုံးမှာ မနေ့က တရားစွဲဆိုခဲ့ကြောင်း ကိုထွန်းထွန်းမိုးက ပြောပါတယ်။

ပြည်မြို့ တကိုယ်တော်ဆန္ဒပြ ရှေ့နေနှင့် ကူညီသူများ တရားစွဲခံရ



ပဲခူးတိုင်းပြည်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက  တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ရှေ့နေတဦးနဲ့ သူ့ကို အကူအညီပေးခဲ့သူ လူငယ် ၂ ဦးကို ရဲက တရားစွဲဆိုလိုက်ပါတယ်။
ပြည်မြို့က ရှေ့နေ ဦးမြင့်အေး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းထိုက်အောင် နဲ့ မြို့ခံ မောင်ရေခဲ ခေါ် အောင်ဦးနိုင်တို့ ၃ ဦးကို   ပြည်မြို့ အမှတ် ၂ ရဲစခန်း စခန်းမှူး ရဲအုပ် ဦးလှထွန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) ကို ချိုးဖောက်တယ်ဆိုပြီး  ခွင့်ပြုချက်

လက်ပန်းတောင်းတောင်လုံခြုံရေး ရဲ ၂ ဦး နယ်စပ်ပြောင်းရွှေ့ခံရ


မုံရွာ ရဲစခန်းမှာ  အောက်တိုဘာ ၁၇ ရက်နေ့ကတည်းက ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ လက်ပန်းတောင်းတောင် စီမံကိန်း လုံခြုံရေး တာဝန်ကျ ရဲအုပ်အောင်ကြည်စိန်ကို ကချင်ပြည်နယ်နဲ့ ဒုရဲတပ်ကြပ် အောင်ဝင်းထွန်းကို ချင်းပြည်နယ်တို့ကို တာဝန်ပြောင်းရွှေ့ ပေးလိုက်တယ်လို့  သူတို့ ၂ ဦးကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတိုးမြှင့်ရန် သမ္မတ ညွန်ကြား


ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေ အဓိက ဖြစ်ပွားနေတဲ့  မင်းပြား၊  မြောက်ဦးနဲ့ ကျောက်ဖြူ စတဲ့ မြို့နယ်တွေမှာ  အခြေအနေကို ထိန်းသိမ်းဖို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ဖို့ နိုင်ငံတော်သမ္မတက ဒီနေ့ ညနေပိုင်းမှာ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီဒေသမှာ မငြိမ်မသက်မှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းဖို့အတွက် အောက်တိုဘာ ၂၂ ရက်ကတည်းက  ပုဒ်မ ၁၄၄  ညမထွက်ရ အမိန့်

၈၈၈၈ အထိမ်းအမှတ် ရုပ်ရှင်ကား ရိုက်ကူးမည်


၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ
 အထိမ်းအမှတ် ၊ ရှစ်လေးလုံး နိုင်ငံရေး
 အပြောင်းအလဲ အကြောင်းကို အခြေ
ခံပြီး ရိုက်ကူးမယ့် ''ချွန်စေ မြစေသော

ဒဏ်ရာ အပြင်အထန်းရရှိပြီး ဆေးကုသခံယူနေသော လူနာ (၁၁) ယောက်နဲ့ သေဆုံးသူ များစာရင်း


စစ်တွေမြို့ ပြည်သူဆေးရုံးတွင်
ဘင်္ဂလီအကြမ်းဖက်မှုကို ခုခံကာ
ကွယ်ရင်း ဒဏ်ရာ အပြင်အထန်း
ရရှိပြီး ဆေးကုသခံယူနေသော
ရခိုင်တိုင်းရင်းသား လူနာ

""အမျိုးသမီးများ လိင်ဆက်ဆံစဉ် ဆီးသွားခြင်း ""


ပုံမှန် အားဖြင့်တော့ အမျိုးသား များဟာ
 လိင်ဆက်ဆံ နေစဉ် ဆီး မသွားကြပါဘူး။
ဘာကြောင့်လဲဆို တော့ ဆီးအိမ်ပေါက်ဝကို
ပိတ်ဆို့ ပေးထားတဲ့ အဆို့ရှင်ရှိလို့ပါပဲ။
ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ကို လည်း
 ဆီးလမ်းကြောင်းအတိုင်း စီး ဆင်းစေပြီး

ယနေ့ မနက် ၅ နာရီခွဲ တွင် မူဆလင်ကုလားများ ရခိုင်အိမ်များကို ဝင်ရောက် မီးရှို့  တိုက်ခိုက်မူကြောင့် ၃ ဦးသေဆုံး


ရခိုင် ပြည်နယ်ကျော်တော်မြို့ 
 ပြည်တော်သာရပ်ကွက်တွင် မနက် 
၅ နာရီခွဲ တွင် မူဆလင်ကုလားများ
က ရခိုင်အိမ်များကို ဝင်ရောက် မီးရှို့ 
တိုက်ခိုက်မျုကြောင့်

ရခိုင်တွင် ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မူ ရပ်တန့် ရန် ရခိုင်အမျိုးသမီးအစည်းအရုံးမှ မေတ္တာရပ်ခံ


မောင်အေး
ရခိုင်ပြည်နယ် အတွင်း ယခုရက်ပိုင်းတွင်  ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မူများကို အမြန်ဆုံး ရပ်ဆိုင်းရန် သက်ဆိုင်သူများအားလုံး ကြိုးပမ်းသင့်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။

အောက်တိုဘာ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ၎င်းအဖွဲ့၏ ကျေညာချက်ထဲတွင် ဘင်္ဂလီ လူမျိုးများနှင့် ရခိုင် တိုင်းရင်းသားများအကြား ဖြစ်ပေါ်နေသည့် ပြဿနာများကို အမြန်ဆုံး ရပ်တန့်ရန် ကြိုးစားသင့်ကြောင့် မေတ္တာရပ်ခံထားသည်။

ကျောက်ဖြူမှမွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး

ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် မွတ်ဆလင် မိသားစု အများအပြား သည် စက်လှေ အစီး ၄၀ ကျော်ဖြင့်
ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
" စုစုပေါင်း အစီးလေးဆယ်ကျော်နဲ့ ထွက်ပြေး တာပါ။ အခုဘဲ ထွက်ပြေးတာပါ။ ကျွန်တော်ထင်တယ် ပင်လယ်ပြင်ကို ဖြတ်ပြီး မောင်းတော့ ဘင်္ဂလာဒေခ်ျ့ အုန်းကျွန်းဘက်ကို ရောက်နိုင်တယ်။ မဟုတ်ရင် စစ်တွေ ဆံတော်ရှင် ကျွန်းဘက်ကို ရောက်သွားနိုင်ပါတယ်" ဟု သူက ပြောသည်။

မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ စိုးရိမ်ဖွယ်အခြေအနေရှိ


မောင်တောမြို့နယ် ဝန်ထမ်းများ နေထိုင်သည့် ဖက်ဝန်းချောင်းကျေး ရွာတွင် ဘင်္ဂလီများ၏တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်နေကြသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များသို့ သွားရောက် အကြောင်းကြားသော်လည်း တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ ဒေသခံက "ဘင်္ဂလီတွေရဲ့ အင်အားစုစည်းနေတဲ့အခြေအနေကို တွေ့တဲ့အတွက် ဒေသခံ ရဲကို သွားပြီးအကြောင်း ကြားပါတယ်။ အကြောင်းကြားတော့ ရဲကပြောတာက ပြဿနာဖြစ်တဲ့အခါမှ

(ယခုသတင်း) အရေးအခင်းအတွင်ဘုန်းကြီး (၂) ပါးအပါအ၀င်လူ (၆)ဦးထက်မနည်း သေဆုံး

၎း၁၈ နာရီ မြောက်ဦးမြို့ သတင်း မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာ အရေးအခင်းအတွင် ဘုန်းကြီး (၂) ပါးအပါအ၀င် လူ (၆)ဦးထက်မနည်း
သေဆုံးကြောင်းကို သိရှိရပါသည်။ ဤသတင်းကို အတည်ပြုနိုင်ရန် အတွက် RSV က ဆက်လက်ကြိုးစားနေပါသည်။ ထိခိုက် ဒဏ်ရာ အများအပြား ရှိကြောင်းလည်းသိရှိရပါသည်။
Rakhine Straight Views
၂း၀၀ နာရီသတင်း၊ အောက်တိုဘာ၂၀၁၂

ကျောက်ဖြူမြို့နှင့်ဆက်စပ်သတင်း

-အတည်မပြုနိုင်သည့်သတင်းတစ်ပုဒ်လ က်ခံရရှိပါသည်။ သတင်းစဉ်မှာ ကျောက်ဖြူမြို့အနီးပင်လယ်ပြင်ရှိ ဆီတင်သဘောင်္ဟု ယူဆရသည့်သင်္ဘောတစ်စီးအား ကုလားဘုတ်များမှ ချဉ်းကပ်ခဲ့ပြီး ဘုတ်ပေါ်တွင်ပါလာသည့်ကုလားများအားလုံးသည် အဆိုပါသင်္ဘောပေါ်သို့တက်ရောက်သွားခဲ့ ကြောင်းသိရသည်။ ဆက်လက်ကြားသိရသည့်သတင်းအရ အဆိုပါသင်္ဘောသည် ယခုကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်းအားတာဝန်ယူတည်ဆောက်နေသည့်

မြေပုံမြို့ နယ်တွင် မီရို့မှု ဆက်လက်ဖြစ်ပွားနေ

မနေ့ည(၈)ခွဲကျော်ခန့်မှ စတင်ဖြစ်ပွားခဲ့သောမြေပုံမြို့နယ်၊ မြို့မဈေးအနောက်ဖက်ရှိ ရခိုင်ရွာများရှိရာနေအိမ်များကို ယနေ့အချိန်ထိ ဘင်္ဂလီများကဆက်လက် မီးရှို့တိုက်ခိုက်နေကြောင်းသတင်းရရှိသည်။
မီးရှို့တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူများမှာ(၃၀)နီးပါးခန့် ရှိနေပြီဖြစ်ကြောင်းရခိုင်အိမ်ခြေ ပျက်စီးဆုံးရှုံးမှုများမှာ ခန့်မှန်းခြေ (၂၀)နီးပါးခန့် ရှိနေပြီး အသက်ဆုံးရှုံးမှုတစ်ချို့ ရှိနေသော်လည်း အတိအကျအတည်မပြုနိုင်သေးပေ။

ဘန်ကီမွန်းလည်း Gangnam Style သင်ယူနေပြ


ကိုရီယား အဆိုတော် PSY ရဲ့ Oppa Gangnam Style ဆိုတဲ့ ကမ္ဘာတ၀ှမ်း လူကြိုက်များတဲ့ အကနဲ့ သီဆိုဖျော်ဖြေမှု ဟာ အခုဆိုရင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် ကိုရီယား လူမျိုး လည်းဖြစ်တဲ့ မစ္စတာ ဘန်ကီမွန်း ဆီပါ ရောက်လာပါပြီ။
ဒီအတိုင်းဆိုရင် အိုပါ ယူအန်စတိုင်လို့ ခေါ်ရမလား။ အိုပါး ဘန် ကီ စတိုင်လို့ ခေါ်ရမလားရယ်ပါ။
အခု မြင်တဲ့အတိုင်း မစ္စတာ ဘန်ကီမွန်းလည်း အဆိုတော် PSY ဆီက Gangnam Style ကို သင်ကြားနေ ဟန်လည်း နာမည်ကြီး CNN သတင်း ရုပ်မြင်သံကြားမှာလည်း ဖော်ပြသွားပါတယ်။
(ဧရာဝတီ)

ယနေ့  ၃ နာရီရရှိလာသော ဒုက္ခသည်များ မိမိရွာများ၊ အိမ်များကို ပစ်ပြီး မြောက်ဦးမြို့သို့ထွက်ပြေးလာ


ပုရိန်ရခိုင်ရွာကို ဘင်္ဂလီများ ၀င်ရောက် တိုက်ခိုက် -မြောက်ဦးမြို့နယ် ပရိန်ကျေးရွာကို ဘင်္ဂလီကုလားများ ၀င်ရောက် တိုက် ခိုက်လျှက်ရှိပါသည်။ ယခု သတင်းအရ ရခိုင်(၃)ယောက် ဒဏ်ရာအပြင်းအထန်းရရှိထားသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။ ယခုအခါ အခြေအနေမှာ ပို၍ ဆိုးရွာလာသည်ဟု သိရှိရပါသည်။ ဓာတ်ပုံများကို ညနေဖက်တွင် ပို့ပေးမည်ဟု RSV မှ သတင်းပို့ပေးသည်။

ယနေ့  ကျောက်နီမော်မှကုလားများ မော်တော်ဘုတ်စက်လှေများဖြင့် ကျောက်ဖြူမြို့ သို့ လာနေသဖြင့် ရေတပ်မှတားနေရ


၁၀း၀၀ နာရီဖုန်းသတင်း အရ ကျောက်ဖြူမြို့ ထဲ အရာရှိရပ်ကွက် အား ကြက်သားရောင်းကုလားအမျိုးသမီး မှမီးစတင်ရှို့ ရာအိမ်ခြေ၂၀ ကျော်လောက် ပျက်စီးဟုသတင်းရရှိသည်။

မီးသတ်နဲ့ ဒေသခံများ ပူးပေါင်းငြိမ်းသတ်သဖြင့် မီးငြိမ်းသော်သော်လည်း ဆားပြင်ကွင်း(ရခိုင်ပိုက်ဆိပ်ရပ်ကွက်)မှာကုလား များမီးဝိုင်းရှို့ သဖြင့်ရပ်ကွက်တခုလုံး ပြာကျသွားပြီးဖြစ်ကြောင်း သိရသည်။

ကုလားရပ်ကွပ်များကို စစ်တပ်က ၀ိုင်းထားလိုက်သဖြင့် တစ်ဖက်နဲ့  တစ်ဖက်အခြေအနေ တင်းမာလျှက်ရှိသည်။

ကျောက်နီမော်မှကုလားများ မော်တော်ဘုတ်စက်လှေများဖြင့် ကျောက်ဖြူမြို့ သို့  လာနေသဖြင့် ရေတပ်မှတားနေရဟုဖုန်းသတင်းအရ သိရသည်။

ဂုံးချွိန် ။ အုံးတော ရွာမှရွာသားများ မြို့ တွင်းလူများကိုလာကူကြရာ လမ်းမှနေ အမှတ် (၅၄၃)(၅၄၂)တပ်ရင်းများမှ ပိတ်ဆို့ တားမြစ်သဖြင့် လာမရဖြစ်န၍ယခုချိန်ထိ ဆက်တိုက်ပြဿာနာကြီးထွားနေသည်ဟုသိရသ ည်။

ရွှေမြန်မာမီဒီယာ

ယနေ့(အောက်တိုဘာလ ၂၄ရက်နေ့)တွင်ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင

၁) ပြည်ပ မီဒီယာများက မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူ တစ်ဦး တစ်ယောက် ကို ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဖြစ်စေ ထိခိုက်အောင်၊ သိက္ခာကျအောင် အသရေဖျက် ပြောဆိုလာလျှင် မည်သည့် ပုဒ်မနှင့် အရေးယူမည်ကို သိရှိလိုခြင်း မေးခွန်း။

၂) ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဆောင်သော သတင်းထုတ်ပြန်ရေး အာဏာပိုင် အဖွဲ့ကို ဖျက်သိမ်းခြင်း ရှိ/မရှိနှင့် နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ယခင် ပါလီမန် ဒီမိုကရေစီ ခေတ်ကကဲ့သို့ တိုက်ပွဲသတင်းမှ အစ မခြွင်းမချန် ထည့်သွင်း ထုတ်ပြန်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း။

၃) ကျောက်တော်မြို့နယ် နာဂရာကျေးရွာ အုပ်စုအတွင်းသို့ ကျူးကျော် ၀င်ရောက် နေထိုင်သည့် ဘင်္ဂါလီ ကျေးရွာများအား ဖယ်ရှားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း။

၎) ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့များ၏ မြို့စွန်ရှိ ဘင်္ဂါလီလူမျိုး ရပ်ကွက်နှင့် ကျေးရွာ များ၏ လူနေဧရိယာ တဖြည်းဖြည်း ကြီးကျယ် ပြန့်ကားမှုသည် မြို့ပြ အက်ဥပဒေနှင့် ကျေးရွာ အက်ဥပဒေများနှင့် အညီ တရားဝင် ရပ်ကွက် သို့မဟုတ် ကျေးရွားရွာများ ဟုတ်/မဟုတ်၊ ဥပဒေနှင့် မညီပါက နောင်တွင် ယင်းတို့၏ လူနေအိမ်ရာ နယ်နိမိတ်ကို သတ်မှတ်ပေးပြီး ထိန်းချုပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း။

၅) အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေး သူငယ်ဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း။

၆) ဒီမိုကရေစီ နိုင်ငံ ထူထောင်ရာတွင် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု စနစ်တစ်ရပ် ဖြစ်ပေါ်ရေးအတွက် အုပ်ချုပ်ရေး အာဏာ ကိုင်တွယ် ကျင့်သုံး လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ အနေဖြင့် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့် အညီ တိကျစွာ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဥပဒေ ချိုးဖောက်ကာ လုပ်ကိုင် ဆောင်ရွက်နေသူများကိုလည်း ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ နိုင်ပါရန် ပြည်ထောင်စု အစိုးရအား ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော်မတီမှ တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးခြင်း။

အစရှိသည့် အစီအစဉ်များကို ထည့်သွင်း ပြုလုပ်မည် ဖြစ်ပါသည်။

Eleven media Group

ပန်းမြောင်းရွာသား ရခိုင်နှစ်ဦးအား စစ်တပ်က ပစ်ခတ်သတ်ဖြတ်


ဘင်္ဂါလီများ ဆူပူမှုဖြစ်ပွား နေသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်း ရွာသားနှစ်ဦးကို စစ်တပ်က ပစ်သတ် သောကြောင့် သေဆုံးသွားသည် ဟု
စစ်တွေ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်မြကျော်က ဆိုသည်။
မနေ့က ညနေ ၃ နာရီ ခန့်တွင် ပန်းမြောင်း ရွာသားများ မိမိရွာသို့ ပြန်အလာတွင် ခလရ (၃၇၃) မှ စစ်သည်များက ကျေးရွာသားများအား မေးမြန်းမူ တစ်စုံတရာ မလုပ်ဘဲ သေနတ်ဖြင့်

ကျောက်ဖြူတွင်လည်း မီးဟုန်းဟုန်း တောက်လောင်ပြ

ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့တွင် ရခိုင်နှင့် မွတ်ဆလင်များ တစ်ဘက်နှင့် တစ်ဘက် အကြီးအကျယ် မီးရှို့ နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

" မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင်နေပြီ။ အခု မြင်နေရတယ်။ ပိုက်ဆိပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်နေပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ နေရာ အတော်များများကို မီးဟုန်းဟုန်း ထလောင်နေပြီ ဖြစ်ကြောင်း သူက ဆိုသည်။ ယခုအချိန်ထိ တဘက်နှင့် တဘက် ရင်ဆိုင် တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်ဘက်က (၆) ဦးဆေးရုံကို ရေ

23 October 2012

မန်ရှန်တွင်KIA နှင့်တိုက်ပွဲဖြစ် အစိုးရတပ် ၆ ဦးသေ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနား-ဆတုံး-ကန်ပိုင် တီလမ်းရှိ လုဂျီ (Lu Ji) နှင့် လဖိုင် (La Hpai) ကြားရှိ မန်ရှန် (Mang Shang) ရွာအနီးတွင် အောက်တိုဘာ၂၁ ရက် တနင်္ဂနွေနေ့ ည ၈ နာရီအချိန်ခန့်က မြန်မာအစိုးရ တပ်မ (၈၈)

မှ အင်အား ၃၀ ကျော်အား ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၅) လက်အော်ခံ တပ်ရင်း (၃) အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

"လဖိုင်ရွာကနေ အဖွဲ့လိုက် ဆင်းလာကြတာ ကျနော်တို့ ကွက်တိစောင့်ပြီး ပစ်လိုက်တာ" ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

မြန်မာအစိုးရတပ်သားများသည် ၎င်းတပ်ရင်း (၃) နယ်မြေအတွင်း လမ်းမကြီးတလျှောက် တပ်ချ၍ လှုပ်ရှားနေကြသော တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

အလားတူ တပ်မဟာ (၅) နယ်မြေ ဒေါ့ဖုန်းယန် (Dawhpumyang) ရှိ လုံဂျာကောင် (Lung Ja Kawng) တွင်လည်း မြန်မာအစိုးရတပ်ဖွဲ့ (ခမရ ၃၂၀) အင်အား ၃၀ ကျော်အား တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) မှ တနင်္ဂနွေညတွင် ပြောက်ကျား စနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ကျဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရှိရကြောင်းပြောသည်။

စစ်ဘေးရှောင် ဒေသခံများသည် KIO ဗဟိုဌာနချုပ် လိုင်ဇာဒုက္ခသည်စခန်းတွင် ခိုလှုံနေသော်လည်း အချို့မှာ စပါး ရိတ်သိမ်းချိန်ဖြစ်၍ ရွာသို့ ခေတ္တ ပြန်လာခဲ့ရာ အစိုးရတပ်မှ ၎င်းတို့ပိုင် ကျွဲ၊ နွား၊ ၀က် စသည့် တိရိစ္ဆာန်များအား သတ်ဖြတ် စားသောက်ထားသည်ကို တွေ့ရကြောင်း ပြောဆိုသည်။

လောလောဆယ် အစိုးရတပ်မှ အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေသလို KIA တပ် စခန်းများအား ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အောက်တိုဘာလ ၁၉ ရက် သောကြာနေ့ ည ၁၀ နာရီကျော်တွင် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နယ်မြေအတွင်းရှိ ကောင်ရာ (Kawng Ra) တပ်စခန်းတခုကို မြန်မာအစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၅၈၊ ၅၇) စုပေါင်းတပ် အင်အား ၁၀၀ ကျော်ဖြင့် လာရောက်တိုက် ခိုက်ခဲ့ရာ KIA စခန်းကို နောက်ဆုတ်လိုက်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးပြောသည်။

"မိနစ်ပိုင်း ပစ်ခတ်ကြပြီးတော့ ကျနော်တို့နောက်ဆုတ်လိုက်တယ်။ ကျနော်တို့ဘာမှ မဖြစ်ဘူး။"

၎င်းတပ်စခန်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များ ခဏတစ်ဖြုတ်လာ၍အခြေချထားသော တပ်စခန်းလည်းဖြစ်ပြီး မြန်မာအစိုးရတပ်သည် ၎င်းတပ်စခန်းကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ယခုချိန် ၎င်းတပ်စခန်းတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြန်လည်နေရာယူထားကြောင်း KIA အရာရှိတစ်ဦး ဆိုသည်။

လောလောဆယ် KIA တပ်မဟာ (၅) ထိန်းချုပ်ဒေသဖြစ်သည့် တပ်ရင်း (၃) နယ်မြေ ဆတုံး ကန်ပိုင်တီလမ်း တွင် မြန်မာအစိုးရတပ် တပ်ရင်း ၁၀ ရင်းကျော် အင်အား ၁၀၀၀ ကျော်ဖြင့် နေ့စဉ်လှုပ်ရှား၍ထိုးစစ်ဆင် နေကြောင်းသိရသည်။

ကချင်သတင်းဌာန

ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည

ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်နေကြသူများအနက် အလုပ်လုပ်ခွင့် လက်မှတ်(work permit) မရှိသည့် အလုပ်သမားများအား ယခုနှစ်ကုန်ပိုင်း တွင် ဖမ်းဆီးတော့မည်ဖြစ်၍ အလုပ်လုပ် ခွင့် လက်မှတ် အမြန်ဆုံးပြုလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များကအသိပေးထားကြောင်း သိရသည်။

မဲဆောက်အခြေစိုက်အလုပ်သမားအရေးကိုကူညီ ဆောင်ရွက်ပေးနသည့် ရောင်ခြည်ဦး အလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က "ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ Work Permit လုပ်ရမယ်။

မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။အခြား ဘာလက်မှတ် ကိုင်ဆောင်ထားပါစေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်"ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအနေဖြင့် ယခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံးသက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုး မိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်နေ့အထိ နောက်ဆုံးထားကာ ထိုင်းအစိုးရက ဖမ်းဆီးအရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ကိုထွေးနိုင်ကဆိုသည်။

ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေပုဒ်မ(ဘီအီး၂၅၂၂) အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ (ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု သိရသည်။

မဲဆောက်တွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက"အရင်က အထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်ပေါင်းမနည်းတော့ဘူး။ အခုကအဲဒီဟာတွေနဲ့ မရတော့ဘူးဆိုတော့ သူတို့(ထိုင်းအစိုးရ)ပြောသလို လုပ်ရတော့မှာပေါ့" ဟု ပြောသည်။

၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာပွဲစားများမှတဆင့် ပြုလုပ်သူများဖြစ်၍ အကုန်အကျပိုများပြီး သတ်မှတ်ချက်အရ ၆လစာ သက်တမ်း အတွက် ဘတ်ငွေ ၁,၀၀၀(တစ်ထောင်)နှင့် ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်ငွေ ၁,၉၀၀(တစ်ထောင့်ကိုးရာ) ကုန်ကျမည်ဟု ရောင်ခြည်ဦးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့ကပြောဆိုသည်။

တဆက်တည်းမှာပင်Work permit ပြုလုပ်ရာတွင်ထိုင်းနိုင်ငံအတွင်း နေထိုင်ကြောင်း ထောက်ခံစာ၊ဆေးရုံ တစ်ခုခုထောက်ခံပေးသော ဆေးထောက်ခံစာနှင့်အတူ အလုပ်ရှင်၏ထောက်ခံချက်များ မဖြစ်မနေပါရှိရမည် ဖြစ်သည်ဟုလည်း ကိုထွေးနိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ်(Work permit) ကိုင်ဆောင်၍ ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ထား သူများအနေဖြင့် ပုံမှန် ရက် ၉၀ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁,၀၀၀မှ ၅၀၀၀ အထိ ပေးဆောင်ရနိုင်သည်ဟု သိရသည်။

ကေအိုင်စီသတင်း

မြောက်ဦးနှင့်မင်းပြား ရခိုင်-ဘင်္ဂလီအရေးအခင်းကြောင့် ရခိုင်များ သေဆုံး(ယနေ့ နောက်ဆုံးသတင်းပေးချက်)


မင်းပြားနှင့် မြောက်ဦး ကျေးရွာများတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းများ ဖြစ်ပွါး လျက်ရှိရာ ရခိုင်အမျိုးသားများမှာ သေနတ်ဖြင့် တိုက်ခိုက်မှုများကို ကြုံတွေ့နေရကြောင်း သိရှိရသည်။

သေနတ်ပစ်ခံရသူများထဲတွင် ဖြူမောင်ထွီး (၂၉) နှစ်၊ အဘ ဦးတောလူချေနှင့် မင်းပြားမြို့နယ်၊ ဆင်ဖြူတောင် ကျေးရွာနေ မောင်ခိုင်ဦး အသက် (၃၂) နှစ်၊ အဘ ဦးမောင်သိန်း တို့ဖြစ်သည်။

ဖြူမောင်ထွီးမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုနေကြပြီး မောင်ခိုင်ဦးမှာ ဦးခေါင်းတွင် ကျည်ဆံ ထိမှန်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

မင်းပြားမြို့နယ် နှင့် မြောက်ဦးမြို့နယ် အရေးအခင်းတွင် ဘင်္ဂလီကုလားများ ရန်ကို ခုခံယင်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အရေးပေါ်လူနာ (၃) ယောက်ကို မြောက်ဦး ပြည့်သူ့ဆေးရုံးမှ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ သယ်ယူလာပါသည်။

ထိုလူနာများ၏ ဒဏ်ရာ အခြေအနေကို အရေးပေါ် ဆေးကုသနိုင်ရန်အတွက် ၀ံလက်ဖောင်ဒေးရှင်းမှ အရေးပေါ်အလှူငွေ (၁) သိန်း (၃)သောင်းကျပ်ကို စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံးသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

ထိုလူနာ (၃)ယောက်မှာ (၁)ဦးစိန်သာအောင် ၊ အသက် (၆၀)နှစ်၊ အောက်ပိုင်းတွင် လှံဒဏ်ရာဖြင့် အပြင်းအထန်း ဒဏ်ရာရရှိထားပြီး အခြေအနေမှာ စိုးရိမ်းရပါသည်။ (၂) မောင်မောင်နိုင် (ဘ) ဦးမောင်စောနု ၊ မောင်သာကုန်ကျေးရွာ၊ အသက် (၃၀) နှစ် (၃) မောင်ထွီးစိန် ၊ အသက် (၃၀)နှစ်၊ ကျောင်းတောင်ကျေးရွာမှ ဖြစ်ကြပါသည်။ အရေးပေါ် အခြေအနေကြောင်း စစ်တွေမြို့ ပြည်သူ့ ဆေးရုံးတွင် တင် ထားရပါသည်။

Coral Arakan News

မြောက်ဦးနှင့်မင်းပြားရခိုင်-ဘင်္ဂလီအရေးအခင်းကြောင့် ရခိုင်များ သေဆုံး


မင်းပြားနှင့် မြောက်ဦးကျေးရွာများတွင်ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းများဖြစ်ပွါးလျက်ရှိရာ ရခိုင်အမျိုးသားများမှာ သေနတ်ဖြင့် တိုက်ခိုက်မှုများကို ကြုံတွေ့နေရကြောင်းသိရှိရသည်။ သေနတ်ပစ်ခံရသူများထဲတွင်ဖြူမောင်ထွီး(၂၉) နှစ်၊အဘ ဦးတောလူချေနှင့်မင်းပြားမြို့နယ်၊ ဆင်ဖြူတောင် ကျေးရွာနေ မောင်ခိုင်ဦးအသက် (၃၂) နှစ်၊အဘ ဦးမောင်သိန်းတို့ဖြစ်သည်။ ဖြူမောင်ထွီးမှာ လုံခြုံရေးစစ်တပ်မှပစ်ခတ်ခံရခြင်း ဖြစ်သည်ဟုပြောဆိုနေကြပြီးမောင်ခိုင်ဦးမှာ ဦးခေါင်းတွင်ကျည်ဆံ ထိမှန်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်းသိရှိရသည်။

မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ် အရေးအခင်းတွင် ဘင်္ဂလီကုလားများရန်ကို ခုခံယင်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အရေးပေါ်လူနာ (၃) ယောက်ကိုမြောက်ဦး ပြည့်သူ့ဆေးရုံးမှစစ်တွေမြို့ပြည်သူ့ဆေးရုံးသို့ သယ်ယူလာပါသည်။ ထိုလူနာများ၏ ဒဏ်ရာ အခြေအနေကို အေ ရးပေါ်ဆေးကုသနိုင်ရန်အတွက်ဝံလက်ဖောင်ဒေးရှ င်းမှ အရေးပေါ်အလှူငွေ (၁) သိန်း (၃)သောင်းကျပ်ကိုစစ်တွေမြို့ရှိပြည်သူ့ဆေးရုံးသ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုလူနာ (၃)ယောက်မှာ (၁)ဦးစိန်သာအောင်၊ အသက် (၆၀)နှစ်၊ အောက်ပိုင်းတွင်လှံဒဏ်ရာဖြင့် အပြင်းအထန်း ဒဏ်ရာရရှိထားပြီးအခြေအနေမှာ စိုးရိမ်းရပါသည်။ (၂) မောင်မောင်နိုင်(ဘ) ဦးမောင်စောနု၊ မောင်သာကုန်ကျေးရွာ၊အသက်(၃၀) နှစ် (၃) မောင်ထွီးစိန် ၊အသက်(၃၀)နှစ်၊ ကျောင်းတောင်ကျေးရွာမှဖြစ်ကြပါသည်။ အရေးပေါ်အခြေအနေကြောင်း စစ်တွေမြို့ပြည်သူ့ ဆေးရုံးတွင်တင်ထားရပါသည်။       
face book မှ

20 October 2012

မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့တွင် လူထုဆန္ဒဖော်ထုတ်







ယနေ့ အောက်တိုဘာလာ(၂၀)ရက်နေ့တွင် မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့တွင် OIC အား ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
KyaukPhru protestမြေပုံမြို့တွင် ယနေ့နံနက် (၇)နာရီခွဲခန့်တွင် လူအင်အား (၂၀၀၀)ကျော်ခန့် စီတန်းလမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"၁၉၈၂ ခုနှစ်က နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ပေးရန်နှင့် နိုင်ငံတော် သမ္မတကြီးရဲ့ တရားမဝင် ဝင်ရောက်နေထိုင်နေကြသော

19 October 2012

ရခိုင်ပြည်လုံးဆိုင်ရာသံဃာ့ညီညွတ်ရေးအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

်arakantime



ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့ညီညွတ်ရေးအစည်းအဝေးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒက္ခောင်းကျောင်းတွင် (၁၈-၁၀-၂၀၁၂)ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးသွားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ သံဃာကိုယ်စားလှယ်တွေက နံနက်(၇း၃၀)နာရီအချိန်မှ ညနေ(၄း၀၀)နာရီအချိန်အထိ ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်(၁၀)ချက်ကို ချမှတ်နိုင်ခဲ့ကြသည်။ တစ်မြို့နယ်လျှင် အနည်းဆုံး ကိုယ်စားလှယ်(၃)ဦး တက်ရောက်ခဲ့ကြကြောင်း ပါဝင်တက်ရောက်ခဲ့သူ စစ်တွေဒေသ ဥက္ကဌ ဆရာတော် ဦးဥာဏက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

ဆုံးဖြတ်ချက်များမှာ -

၁။ ပြည်နယ်လုံးဆိုင်ရာ သံဃာ့ညီညွတ်ရေးအစည်းအဝေးမှ တူညီသောခေါင်းစီးတစ်ခု ရွေးချယ်ကြရာ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးကို ပူးပေါင်းလုပ်ဆောင်ကြရန်။

၂။ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးကို ရဟန်းပျိုများနာမည်ဖြင့် ဖွဲ့စည်းရန်။

၃။ ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့ညီညွတ်ရေးအစည်းအဝေးအား အခြေခံဒေသ(၃)ခု၌ ကျင်းပပြုလုပ်ရန်။ (စစ်တွေအခြေခံဒေသ၊ သံတွဲအခြေခံဒေသ၊ ကျောက်ဖြူအခြေခံဒေသ)

၎။ ရသေ့တောင် လူထုအစည်းအဝေး၏ ဆုံးဖြတ်ချက်များကိုထောက်ခံရန်။

၅။ ကုလသမဂ္ဂ လက်အောက်ခံမဟုတ်သော ဒေသခံများအား အကျိုးမဖြစ်စေသည့် INGOs အဖွဲ့အစည်းများကို ကန့်ကွက်ကြရန်။

၆။ ပြည်ပနိုင်ငံများမှ ဒုက္ခသည်များအား လှူဒါန်းသည့်အခါ ပြည်နယ်အစိုးရ လက်ဝယ်မှတစ်ဆင့်သာ လှူဒါန်းမှုပြုရန်။

၇။ တစ်မြို့နယ်တွင် အခက်အခဲရှိပါက အခြားမြို့နယ်များမှ ၀ိုင်းဝန်းကူညီဖြေရှင်း ကြရန်။

၈။ ဘင်္ဂလီလူမျိုးများကို အားပေးသောသူတို့အား အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်၍ ဓါတ်ပုံနှင့်တကွ မြို့နယ်တိုင်းကို ဖြန့်ဝေရန်။ ၉။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ဘင်္ဂလီတို့နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့သော ၁၉၈၂ ခု နိုင်ငံသားဖြစ်မှုအက်ဥပဒေအား လျှင်မြန်စွာအကောင်အထည်ဖော်ပေးရန်။

၁၀။ ရခိုင်ပြည်လုံးဆိုင်ရာ ဘာသာယဉ်ကျေးမှု မဂ္ဂဇင်းတစ်စောင် ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မြို့နယ်အသီးသီး၌ စာပေကော်မတီများဖွဲ့စည်းရန်တို့ဖြစ်ကြသည်။

နောက်လာမည့် အစည်းအဝေးကို သံတွဲအခြေခံဒေသ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ရခိုင်ပြည်နယ် လက်ရှိအနေအထားအရ သံဃာ့လှုပ်ရှားမှုများကို ပြည်နယ်အစိုးရမှ စောင့်ကြည့်လျှက်ရှိသော်လည်း ယခုပြုလုပ်ခဲ့သော အစည်းအဝေးကို ပိတ်ပင်တားဆီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည

18 October 2012

ဦးသိန်းစိန် ပထမအကြိမ် သတင်းစာရှင်းပွဲ လုပ်မည်


သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး သီးသန့် သတင်းစာရှင်းလင်းပွဲတခုကို အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၉ နာရီ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်သွားမယ်လို့ သမ္မတရုံးက စုံစမ်းသိရှိ ရပါတယ်။
ပြည်တွင်းမီဒီယာတွေကို ဦးစားပေးတွေ့ဆုံရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပြီး ပြည်ပမီဒီယာတွေ အားလုံးလည်း တက်ရောက် သတင်းရယူနိုင်တယ်လို့

ကျိုက်ထီးရိုးက လူငယ်တဦး လက်နက်မှုဖြင့် ထောင်ချခံရ


မွန်ပြည်နယ် ကျိုက်ထီးရိုးဘုရားတောင်ပေါ်မှာ ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့  ဈေးရောင်းတဲ့ လူငယ်တဦးကို ကျိုက်ထိုရဲစခန်းက ဖမ်းဆီး ရုံးတင်ပြီး  လက်နက်မှုဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။
ကျိုက်ထီးရိုးဘုရားမှာ ဆေးမြစ်ရောင်းတဲ့ အသက် ၂၂ နှစ် အရွယ် ကိုကျော်စိုးမိုးကို   အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျိုက်ထို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပြီး မနေ့က သထုံထောင်ကို ပို့လိုက်တာလို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ဈေးသည်တဦးက ပြောပါတယ်။

တည်ငြိမ်မှုရှိမှ ဒီမိုကရေစီဖော်ဆောင်နိုင်မည်ဟု လွှတ်တော်ဥက္ကဋ္ဌပြော


တလကျော်ကြာ ရပ်နားထားတဲ့  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ကို ဒီနေ့   ပြန်လည်ကျင်းပခဲ့ပြီး တည်ငြိမ်အေးချမ်းမှုရှိမှ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်များ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်မှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိမှလည်း

မလေးရှား ကွာလာလမ်ပူမြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုတွင် မြန်မာအချင်းချင်း ရိုက်နှက်မှုဖြစ်ပွား


မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူ
မြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုတွင်
ရိုက်နှက်မှု တစ်ခုဖြစ်ပွားကြောင်း သိရှိ
ရပါသည်။

 ဖြစ်စဉ်မှာ ၁၆.၁၀.၁၂ ရက်ညနေ ၆ နာရီခန့်အချိန်တွင်

နယ်သာလန်နိုင်ငံပြတိုက်မှ ပေါင် ၁၀ သန်းကျော်ဖိုး ပန်းချီကား ၇ ချပ် သူခိုး ခိုးခံရ


ရုပ်ရှင်တွေထဲမှာပဲမင်ဖူး၊ကြားဖူးတယ်မမှတ်ပါနဲ့။
 ကမ္ဘာကျော် တန်ကြေးကြီးပန်းချီကားချပ်တွေ
 ခိုးခြင်း ခံရတာ အခု ကိစ္စက တကယ်ဖြစ်
သွားပါတယ်။ 
နာမည်ကြီး ပန်းချီပြခန်း တခုကနေ စတာလင်ပေါင် သန်းနဲ့ချီတန်တဲ့ 
နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီ ကား ၇ ချပ်ဟာ သူခိုး ခိုး 
ခံလိုက်ရပါတယ်။ 

facebook မှကြည့် ချင်ရင် like လုပ်ပါ