|
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်လာခဲ့သော ရခိုင်တို့၏
ဘုရင့်အချုပ်အခြာအာဏာကျဆုံးသည့် ၂၂၈ နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ်
အခမ်းအနားကို ပြည်တွင်းပြည်ပ ရခိုင်ပြည်သူများက ဒီဇင်ဘာ ၃၁ ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ရခိုင်လူမျိုးတို့သည် ဘီစီ ၃၃၁၅မှ အေဒီ၁ ၇၈၄ ခုနှစ်အထိ နှစ်ပေါင်းငါးထောင်ကျော်တိုင်အောင် ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် ဓညဝတီ၊ ဝသာလီ၊ လေးမြို့နှင့် နောက်ဆုံး မြောက်ဦးခေတ်အထိ နိုင်ငံတစ်နိုင်ငံအဖြစ် သီခြားရပ်တည် နေထိုင်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်သည်။ ![]() ထို့ကြောင့် အချုပ်အခြာအာဏာကျဆုံးခဲ့ရသည့် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မဲဆောက်မြို့၊ ဖူးကတ်မြို့၊ နို့ဖို့ဒုက္ခသည်စခန်း၊ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ကာဘိုရိုမြို့၊ အိုင်အိုဝါ(IOWA, Des Moines)မြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်မြို့၊ တောင်းတန်းဒေသ စသောမြို့များတွင် ပြုလုပ်ကြပြီး ပြည်တွင်းတွင် ရန်ကုန်နှင့် စစ်တွေမြို့၊ ရသေ့တောင်မြို့တို့တွင်လည်း ရခိုင်လူမျိုးတို့၏ မမေ့အပ်သည့်နေ့တစ်နေ့အဖြစ် ဝမ်းနည်းဖွယ်ကျင်းပခဲ့ကြောင်း သိရသည်။ " ကျနော်တို့ ရခိုင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ ဗမာလူမျိုးတွေရဲ့ အုပ်ချုပ်မှုအောက်မှာ အဖိနှိပ်ခံနေခဲ့ရတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်မှုအောက်မှာ လည်းဖိနှိပ်မှုမျိုးစုံကို ခံလာခဲ့ရတယ် ယခုတိုင်လည်း ခံနေဆဲဖြစ်တယ်။ စစ်တပ်က လယ်ယာမြေတွေကို သိမ်းတယ်၊ ရွာတွေကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတယ်။ ပြီးတော့ စီမံကိန်းတွေကို တည်ဆောက်တယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း စစ်အစိုးရခေတ်အဆက်ဆက် ဖျက်ဆီးလာခဲ့ကြတဲ့အတွက် အခုဆိုရင် တိမ်ကောပျောက် ကွယ်လုဆဲဆဲဖြစ်နေပြီ။ ရခိုင်ပြည်သူလူထုတွေဟာ ယခုအချိန်ထိ ဘဲဒုက္ခမျိုးစုံခါးစည်း ခံနေကြရတယ်။ ဒီလို နိုင်ထက်စီးနင်း ဖိနှိပ်မှုတွေ ခံနေရတာဟာ ရခိုင်လက်ထဲမှာ ကိုယ်ပိုင်အချုပ်အခြာအာဏာမရှိလို့ဘဲ။ အချုပ်အခြာအာဏာရရှိဖို့အတွက် ရခိုင်လူမျိုးတွေ စည်းရုံးရမယ်၊ တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့လည်း အရည်အခြင်းတွေမြှင့်တင်ရမယ်၊ ဆုံးရှုံးနေတဲ့ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကို ရရှိအောင်လုပ်ဆောင်ရမယ်။ ဒါမှ ရခိုင်လူမျိုးတွေ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်လာမယ်၊ တင့်တင့်တယ်တယ်ဖြစ်လာမယ်။ " ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက မဲဆောက်မြို့၌ ကျင်းပသော အခမ်းအနားတွင် ပြောကြားခဲ့သည်။ " ရခိုင်ပြည် လွတ်လပ်ရေးကို ရခိုင်သားတိုင်းကတိုက်ယူရမယ်။ အချုပ်အခြာအာဏာမရမချင်း ရအောင်တိုက်ပွဲဝင်ရမယ်။ ရခိုင်ပြည်ဟာအင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ပေမယ့် ဗမာလက်အောက်မှာ ဆက်လက်ပြီး ကျွန်ပြုခံနေရတယ်။ ဒါကြောင့် ရခိုင်သားတိုင်းဟာ မိမိတို့တတ်ထားတဲ့ပညာကို ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းဆောင်သွားကြရမယ်။ " ဟု အမေရိကန်၌ ကျင်းပသော အခမ်းအနားတွင် သဘာပတိဦးထွန်းဝင်းက ပြောသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းစောင်၌ ပြည်ပရောက်ရခိုင်မျိုးချစ်များနှင့် ရခိုင့်နိုင်ငံရေးအင်အားစုများမှ စုပေါင်းကျင်းပသော အခမ်းအနားတွင်လူပေါင်း (၁၀၀၀)ကျော် တက်ရောက်ကြပြီး ၄င်းအခမ်းအနားသို့ စစ်ဦးစီးချုပ် ဦးထွန်းမြတ်နိုင် (ရက္ခိုင်တပ်မတော်)၊ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် (ရခိုင်လွတ် မြောက်ရေးပါတီ)၊ ရခိုင့်ရဟန်းပျိုများသမဂ္ဂ အပါအဝင် ပြည်ပရောက် ရခိုင်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားအတွင် " ရခိုင်အချုပ်အခြာအာဏာ ကျဆုံးရခြင်းဟာ စည်းလုံးမှုမရှိလို့ ကျဆုံးရတာဖြစ်တယ်။ ကျဆုံးရတာနဲ့ ပတ်သတ်လို့ အခုရှိနေကြတဲ့ ရခိုင်ပြည်သူလူတွေဟာ ရှေ့ကဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ဒီအချိန်မှာသင်ခန်းစာယူရမယ်။ နောက်ပြီးတော့ အခုအချိန်မှာ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။ ဒါကြောင့်ပြည်သူလူတွေမှာ အခွင့်အရေးတွေရှိလာပြီဖြစ်တယ်။ ပြည်တွင်းမှာ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ကို ကျင်းပခွင့်ရလာကြတယ်။ " ဟုရက္ခိုင်တပ်မတော်က ပြောကြားသွားကြောင်း သတင်းသွားယူသည့် အာရ်ကန်တိုင်းမ်စ် သတင်းထောက် ကိုမင်းသွီး၏ သတင်းပေးပို့ချက်အရ သိရသည်။ " ရခိုင်လူမျိုးတချို့ ဧရာဝတီတိုင်းမှာနေကြတယ်။ မိခင်ဖခင်ဟာရခိုင်ဖြစ်တယ်။ ဒါပေမယ့်မှတ်ပုံတင်မှာ ရခိုင်လူမျိုးမဟုတ်ဘူး၊ ဗမာလူမျိုးဖြစ်နေတယ်။ ဒါဆိုရင်ရခိုင်လူမျိုးတွေဟာ ဗမာလူမျိုးဖြစ်သွားပြီပေါ့။ ဒီလိုမျိုးဖြစ်ရတာဟာ ကျနော်တို့ရခိုင်လူမျိုးမှာ အချုပ်အခြာအာဏာမရှိလို့ပဲ။ အဲဒါကြောင့် ရခိုင်လူမျိုးတွေ ကျွန်ဘ၀ကလွတ်မြောက်ဖို့ တောခိုပြီးကြမ်းတမ်းတဲ့ ဘ၀နဲ့လက်နက်ကိုင် တိုက်ပွဲဝင်ရမယ်။ ပြီးတော့ ကလောင်ကိုင်ပြီးတော့လည်း ရခိုင်နိုင်ငံအတွက် တိုက်ပွဲဝင်ရမယ်လို့ တိုက်တွန်းချင်ပါတယ်။ ရခိုင်မျိုးချစ်များ နိုင်ငံရေးမျိုးစေ့များချကာ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ " ဟု ထိုင်းနိုင်ငံ နို့ဖို့ဒုက္ခသည် စခန်း၌ပြုလုပ်သော ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် ရခိုင်မျိုးချစ်ဖြစ်သူ ကိုအောင်ဖြိုးက ပြောသည်။ ၂၂၈ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်းဖွယ်အခမ်းအနားကို ပြည်တွင်းပြည်ပရှိရခိုင်များ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ![]() ![]()
ထိုင်းနိုင်ငံ ဖူးကတ်တွင် ၂၂၈ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ကျင်းပနေစဉ်
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ArakanTime























ကန္တာရဝတီတိုင်း
(မ်) သတင်းဌာနနဲ့ ကန္တာရ၀တီတိုင်းမ် ဂျာနယ်ကို
ဒူဘိုင်းနိုင်ငံမှာ
သုံးကြိမ်မြောက် သွားရောက်တင်ဆက်ခဲ့အပြီးမှာ


အိပ်ခန်းထဲမှ
အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို
ကာကွယ်နိုင် တဲ့အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု
ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင်
ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြလိုက်ပါတယ်။
တချို့စုံတွဲတွေမှာ အိမ်ထောင် သက်တမ်းက ကြာမြင့်လာ တာကြောင့် ချစ်ကြည်နူးဖို့
အလှအပကို ကြိုက်နှစ်သက် ကြတဲ့မမတို့ရေ ကြက်တောင်ပံ ကြော်ကို နေ့စဉ်ရက်ဆက်
စားသုံးခြင်းဟာ အမျိုးသမီးတွေ အတွက်တကယ့် အန္တရာယ်တခု ဆိုတာကို မျှဝေလိုက်တာပါ…
နေ့စဉ်
ဆေးလိပ်တစ်လိပ် အပါအဝင် ဆေးလိပ် အနည်းငယ် သောက်တဲ့ အမျိုးသမီးတွေ
အနေနဲ့ ရုတ်တရက် သေဆုံးနိုင်ခြေ နှစ်ဆခန့် မြင့်မားတယ်လို့ လေ့လာမှုကြီး
တစ်ခုအရ သိရပါတယ်။ သုတေသီတွေက အမေရိကန်မှ အမျိုးသမီးပေါင်း ၁၀၁၀ဝ ရဲ့
ကျန်းမာရေးကို နှစ်ပေါင်း ၃၀ ကျော် လေ့လာခဲ့ပါတယ်။ ဆေးလိပ် အနည်းငယ်မှ
အသင့်အတင့် သောက်သူတွေဟာ ဆေးလိပ်လုံးဝ မသောက်သူတွေထက် နှလုံးပြဿနာကြောင့်
မောင်းကန်တံတား
ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်က Colorado မြစ်နားက
Grand Canyon ကျောက်တောင် ပေါ်မှာ ဆောက်ထားတာ ဖြစ်ပါတယ်။
ဖရဲသီးဟာ
ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူ ပြည်သားတွေ အများဆုံး
စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်း ကတောင် ဖရဲသီးကို
စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို
ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့ သစ်သီးဖြစ်ရုံမက
နတ်သမီးလေး ဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ် ဆိုတဲ့အကြောင်းကို တင်ဆက်စရာ
သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။
နှလုံးရောဂါရှိသူတွေ ကိုယ်ဝန် ဆောင်ရင် ကျန်းမာတဲ့ အမျိုးသမီးတွေ ထက် ပိုသိသင့်
တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ နောက်ဆက်တွဲ အန္တရာယ်မဖြစ်အောင် ကာကွယ်နည်းတွေကို သိနားလည်ကြ တာကြောင့် ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့ သူဟာ Stepanian အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတွင်
လူစုလူဝေးဖြင့် မုဒိမ်းပြုကျင့်မှု တစ်ခုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ
ပြင်းထန်နေချိန်တွင် အလားတူ ဖြစ်ရပ်ကြောင့် ကြေကွဲစရာ ကိစ္စတစ်ခု ထပ်မံ
ပေါ်ပေါက်လာခဲ့သည်။ မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်တွင် အရက်မူးနေသူ
(၆)ဦးက ဝိုင်းဝန်း မုဒိမ်းကျင့်ပြီး ရိုက်နှက် နှိပ်စက်သည့်အတွက်
အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ တစ်ဦး 



တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာ တွေ့ရှိချက် ဖြစ်ပါတယ်။ တကယ် လည်း



