ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်ပါဝင်တဲ့ (ICAPP) အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေး ပါတီများ ညီလာခံအဖွဲ့က ဒီကနေ့ နေပြည်တော် လွှတ်တော်အဆောက်အဦးမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ သူရ ဦးရွှေမန်းက မြန်မာနိုင်ငံရဲ့
လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေကို အလေးထား ရှင်းပြခဲ့တယ်လို့
ပြောပါတယ်။