မြန်မာပြည်မှာ
မိမိကိုယ်ပိုင်ကားများကို ထုခွဲရောင်းချကာ ကျောင်းဆောင်သစ်ဆောက်လုပ်နေသော
ကျောင်းအုပ်ကြီးတစ်ယောက်အ ကြောင်းကတော့ နဲနဲဆန်းမည်ဟုထင်ပါသည်။
အထက (၂) ကမာရွတ်၊ ရန်ကုန်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှရီသည် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အတွက် ကျောင်းသားမိဘများကို တစ်ရက်လျှင် တစ်တန်းစီ အစည်းအဝေးခေါ်ယူပြီး ကျောင်းသားမိဘတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်းစီ ထည့်ဝင်ရန် အတင်းအကျပ်လက်မှတ်ထိုးခိုင်းနေပါသဖြင့် ငွေကြေးမတတ်နိုင်သော ကျောင်းသားမိဘများအတွက် အခက်ကြုံနေရပါ သည်။