အရှက်နှင့်ဂုဏ်သိက္ခာကို တန်ဖိုးမထားသော ပုဂ္ဂိုလ်များအား
ခိုင်းနိုင်းပြောဆိုသော မြန်မာဆိုရိုးစကား တစ်ခုရှိသည်။ ရှက်တတ်ရင်
လဲသေဖို့ကောင်းသကွာ ဟူ၍ဖြစ်သည်။ ဤစကားမှာ လွှတ်တော်အမတ်များနှင့်
သမ္မတဦးသိန်းစိန်တို့အတွက် မှန်နေသလိုရှိသည်။ အဘယ်ကြောင့်နည်း။
လွှတ်အမတ်များနှင့် သမ္မတဦးသိန်းစိန်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု
ကတိသစ္စာပြုထားကြသော အမတ်မင်းများသည် ၄င်းတို့ကိုယ်တိုင်ပင် ဖွဲ့စည်းပုံကို
ချိုးဖေါက်နေသောကြောင့်ဖြစ်သည်။