မန္တလေးတိုင်း
ဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျောက္ကာကျေးရွာ၊ မဟာဗောဓိ
ကျောင်းတိုက်ဝင်း အတွင်းရှိ သန္တိသုခ ဓမ္မာရုံတွင် နိုဝင်ဘာလ (၂၄) ရက်နေ့
(၈း၃၀) နာရီ အချိန် တွင် ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအတိုင်ပင်ခံ)၊
မန္တလေးတိုင်း ဒေသကြီး နယ်မြေ တာဝန်ခံ၊ တောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ
ဥက္ကဋ္ဌ၊ သီရိပျံချီ ဦးအောင်သောင်း(၀န်ကြီး-ငြိမ်း) ဇနီး ဒေါ်ခင်ခင်ရီ
မိသားစုတို့၏ (၁၉) ကြိမ်မြောက် ပင့်သံဃာတော် (၁၀၈) ပါး တို့အား ကထိန်လျာ
သင်္ကန်းနှင့် အခြံအရံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို
ကျင်းပရာ ပင့်သံဃာတော်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က “နမောတဿ’’
သုံးကြိမ်ပြိုင်တူ ရွတ်ဆိုရှိခိုး၍ ဖွင့်လှစ်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ
(ဗဟိုအတိုင်ပင်ခံ)၊ မန္တလေးတိုင်း ဒေသကြီး နယ်မြေတာဝန်ခံ၊ တောင်သာ