နိုင်ငံရေး
အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို
ဒီကနေ့ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဆိုတဲ့
အဓိပ္ပာယ်သတ်မှတ်ချက်မူကြမ်းကို ချမှတ်လိုက်ပြီး မြန်မာနိုင်ငံ
အကျဉ်းထောင်များမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားများကို
စိစစ်ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
23 February 2013
အမေရိကန် ဘဏ္ဏာရေးဌာနက မြန်မာဘဏ် ၄ ခုနဲ့ ဆက်သွယ်လုပ်ကိုင်ခွင့်ပြု
အမေရိကန်ပြည်ထောင်စုက
မြန်မာနိုင်ငံမှာရှိတဲ့ဘဏ် ၄ ခုနဲ့ ငွေကြေးကိစ္စတွေဆောင်ရွက်ဖို့
သောကြာနေ့က ခွင့်ပြုလိုက်ပါတယ်။ အမေရိကန် ဘဏ္ဏာရေးဌာနရဲ့ထုတ်ပြန်ချက်မှာ
အမေရိကန် ကုမ္ပဏီတွေ၊ တသီးပုဂ္ဂလိကတွေ၊ ဘဏ္ဏာရေး အဖွဲ့အစည်းတွေအနေနဲ့
မြန်မာ့စီးပွါးရေးဘဏ်၊ မြန်မာရင်းနှီးမြုပ်နှံမှုနဲ့
ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နဲ့ ဧရာဝတီဘဏ်တွေကို
ဆက်သွယ်လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။
ခွင့်ပြုချက်မရှိပဲ ဓာတ်ဆီဆိုင်ဖွင့်မှု မန္တလေးမြို့ခံတွေ ကန့်ကွက်
မန္တလေးမြို့လယ်၊
၂၅လမ်းနဲ့ ၈၆-၈၇ လမ်းကြားမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက
ဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်ကို ကန့်ကွက်တဲ့အနေနဲ့
မြို့ခံလူတစ်စုက ၂၅ လမ်းတလျှောက်က အိမ်တွေ၊ ဈေးဆိုင်တွေမှာ ဒီကနေ့
ဗီနိုင်း ပိုစတာတွေကို လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။
အဲဒီလို ဆောင်ရွက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ရေး ဦးစီးဆောင်ရွက်နေသူ ဦးမောင်မောင်သန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ၁၉၈၁ မီးရယ်၊ အဲ့ရှေ့က ကျွန်တော်တို့ မမှီလိုက်တဲ့ မီးရယ် ၂ ကြိမ်လောင်ဖူးပါတယ်၊ အဲ့တော့
အဲဒီလို ဆောင်ရွက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ရေး ဦးစီးဆောင်ရွက်နေသူ ဦးမောင်မောင်သန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ၁၉၈၁ မီးရယ်၊ အဲ့ရှေ့က ကျွန်တော်တို့ မမှီလိုက်တဲ့ မီးရယ် ၂ ကြိမ်လောင်ဖူးပါတယ်၊ အဲ့တော့
ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက်သူများ အမျိုးမျိုးနှောက်ယှက်ခံရ
ကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့
အစိုးရနဲ့ KIO အဖွဲ့ရဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေ
စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကုအညီပေးဘို့ လွန်ခဲ့တဲ့
အပတ်အတွင်းက သွားရောက်ခဲ့တဲ့ မြန်မာ့လူမူဘ၀ဖွံဖြိုးတိုးတက်ရေးကွန်ယက်က
ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ အဖွဲ့ ဟာ မနေ့က KIO ဌာနချုပ်ရှိရာ
လိုင်ဇာမြို့က နေပြန်လာခဲ့ပါတယ်။
ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီးကို စစ်တွေမြို့တွင်ကျင်းပ
by မာရုသူရ
23-2-2013 နေ့တွင် စစ်တွေမြို့တွင် ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီးကို ရခိုင်ရိုးရာထုံးတမ်းအစဉ်အလာအရ ဆက်လက်ဆင်ယင်ဆင်နွဲကျင်းပခဲ့ပါသည်။
ရခိုင်ပဋိပက္ခအရေးအခင်းကြောင့် ရထားပွဲတော်ကို ယခင်နှစ်များကဲ့သို့
ကျင်းပခြင်းမပြုပဲ ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ပါသည်။
အနိုင်ရသည့်အသင်းအား ဆုကြေးငွေ ၁၀၀၀၀၀(တစ်သိန်းကျပ်နှင့်)
ရှုံးနိမ့်သည့်အသင်းအား ၇၀၀၀၀(ကျပ်ခုနစ်သောင်းတိတိ)ချီးမြှင့်ခဲ့ပါသည်။ ရထားဆွဲပွဲ ပထမပွဲစဉ်တွင် ဘောက်သီးစုရပ်ကွက်နှင့် မြို့သူကြီးရပ်ကွက်တို့ယှဉ်ပြိုင်ခဲ့ရာ ဘောက်သီးစုရပ်ကွက်မှ အနိုင်ရရှိသွားခဲ့ပါသည်။ — ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီး ကျင်းပ (17 photos)
From : RSV
ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး
Subscribe to:
Posts (Atom)