ရှေးဟောင်းသုတေသနဌာနမှ သထုံဒေသရှိ သမီးတော်ကုန်းကို နိုဝင်ဘာ လကုန်ပိုင်းတွင်
ပြန်လည်
တူးဖော်တော့မည် ဖြစ်ပြီး ၎င်းမှ ရရှိသည့် သုတေသန ပြုချက်ဖြင့်သာ သုဝဏ္ဏဘူမိသည်
မည်သည့် မြို့ပြနိုင်ငံ ဖြစ်သည်ကို ဆုံးဖြတ်သင့်ကြောင်း သမိုင်း
သုတေသီများက ပြောဆိုလိုက်သည်။
နိုဝင်ဘာလကုန်ပိုင်းတွင် ရန်ကုန်၌
ကျင်းပမည့် ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေသန စာတမ်းဖတ်ပွဲနှင့်
ပတ်သက် ပြီး သုဝဏ္ဏဘူမိသည် ပျူမြို့ပြနိုင်ငံ ဖြစ်ကြောင်း
ကြိုတင်ရေးသားချက်များနှင့် ပတ်သက်၍ ပြန်လည်တုံ့ပြန် ပြောဆို
ခြင်းများလည်း ဖြစ်သည်။
“ဟုတ်တိပတ်တိ
သထုံမှာ သုတေသနလုပ်တာ မရှိခဲ့ဘူး။ အခု အစပျိုးပြီးတော့ လုပ်တော့မယ်
ဆိုတော့ ကျနော်တို့ ဝမ်းသာပါတယ်။ အသစ်အသစ် တွေ့ရှိမှုတွေ တွေ့လာရင် ရလာတဲ့
သုတေသန တွေ့ရှိချက်နဲ့ သုဝဏ္ဏဘူမိဟာ မွန်လား၊ ပျူလား ဆိုတာ ပညာရှင်တွေ
ဆုံးဖြတ်ပေါ့ဗျာ” ဟု သမိုင်းသုတေသနဌာနမှ အငြိမ်းစား လက်ထောက်
ညွှန်ကြားရေးမှူး ဦးစံဝင်း က မဇ္ဈိမကို ပြောသည်။

မော်လမြိုင်မြို့
ပြည်နယ်ခန်းမ၌ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့်
‘ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိ’ စာတမ်းဖတ်ပွဲ (Photo: Citizen Journalist)