ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
7 October 2012
ရိုဟင်ဂျာအရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြော
လူနည်းစုရခိုင်ဗုဒ္ဓဘာသာ အဆောက်အအုံများအား အကြမ်းဖက်ခြင်းအား ပြင်းထန်စွာချုပ်ချခြင်း
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူမျိုးများနှင့် ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် လုံးဝလက်ခံနိုင်စရာ အကြောင်းကိစ္စမဟုတ်ပါ။ ယခုဖြစ်ပျက်ခဲ့မူများသည် ဘာသာရေးအစွန်းရောက်သူ လူတစ်စုကြောင့် ဖြစ်ပျက် ခဲ့သည်ဟု ဖြေရှင်းချက်ပေးသော်လည်း တာဝန်အရှိဆုံးလူများမှာ ထိုနိုင်ငံတွင် အုပ်ချုပ်သောအစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိသည်ဟု ယူဆပါသည်။ ယခုဖြစ်ပျက်ခဲ့သော အကြောင်းအရာများနှင့်ပတ်သတ၍ ကမ္ဘာ့လူအခွင့်အရေးအဖွဲ့ အစည်းတော်တော်များများ နူတ်ဆိတ်နေကြသည်ကို တွေ့ရသဖြင့်လဲ အလွန်ဝမ်းနည်းမိပါသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်ခဲ့မူများအား အာပေါင်အာရင်း သန်စွာဖြင့် အော်ဟစ်ခဲ့ကြသော HRW အဖွဲ့အစည်းများ ယခုအရေးတွင် တိတ်ဆိတ် နေကြသည်ကို တွေ့ရှိရ၍လဲ အလွန် အံ့သြသင့်မိပါသည်။ ရခိုင်ပြည်နယ်တွင်းဖြစ်ပျက်ခဲ့မူများတွင် လူနည်းစု၊လူနည်းစုဟု တစာစာ အော်နေခဲ့ကြသော HRW အဖွဲ့များသည် ယခု ဘင်္ဂလားဒေရှ့် နိုင်ငံတွင်ဖြစ်ပျက်ခဲ့သော လူနည်းစုဗုဒ္ဓဘာသာဝင်များ၏ အရေးအတွက် တခွန်းတပါဒမှ ပြောဆိုခြင်းမရှိသည်မှာ အလွန် ၀မ်းနည်းစရာကောင်းလှပါသည်။ ဗုဒ္ဓဘာသာ လူနည်းစုများမှ ထောက်ပံ့ငွေမရရှိသောကြောင့် ထမအော်ကြခြင်းလားဟု သံသယ ၀င်မိပါသည်။ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများနှင့် ယခုအရေးတွင် တလုံးတပါဒမှ မပြောဘဲ တိတ်ဆိတ် နေကြသော မိမိတို့ကိုယ်မိမိတို့ လူ့အခွင့်အရေးဖခင်ကြီးများဟု ထင်မှတ်နေကြသော HRW အဖွဲ့များအား ပြင်းပြင်းထန်ထန် ချုပ်ချ ပါကြောင်းနှင့် ပျက်စီးသွားသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ပုထိုးတော်များအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးပါရန်နှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အသက်အိုးအိမ် များအား လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် တာဝန်ယူမူပေးပါရန် သက်ဆိုင်သော နိုင်ငံနှင့်အဖွဲ့အစည်းများအား တောင်းဆိုလိုက်ပါရသည်။
ကမ္ဘာသူကမ္ဘာသားများ ဘာသာရေးအစွန်းရောက်သူများ၏ ရန်မှကင်းဝေးကတ်ပါစီ-----
အားလုံးကို လေးစားစွာဖြင့်
ဦးအောင်မြကျော်
ပြည်နယ်လွတ်တော်ကိုယ်စားလှယ်
ရခိုင်ပြည်နယ်လွှတ်တော်
စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
ဖုန်း ၀၉၅၆၈၀၄၇၉
arakanTime
Abu Hamza ကိုအမေရိကန်မှာ စတင်ရုံးထုတ်
အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ Abu Hamza al-Masri။ (ဇန်န၀ါရီလ ၂၄ ရက်၊ ၂၀၀၃)။
ပညာရေး ပြင်ရန် အတွေးအခေါ် ပြင်ဖို့လိုဟု ၈၈ ပြော
အမ်းမြို့ တရားရုံး ဆုံးဖြတ်ချက် မျှတမူ မရှိ၍ ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေး အသနားခံ
တိုင်ကြားသူမှာ မလှဝင်းကြည် ဖြစ်ပြီး ယမန်နေ့ (အောက်တိုဘာ ၆
ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ
KIA ကချင်ပြည်နယ် အနှံ အပြား မိုင်းထောင် နေ
ကိုင်းကြိုးလွင်တောင်ယာစုနဲ့ နန့်မလင်းတော ကြား အမတ်ကြီးကုန်းရွာကို သွားတဲ့လမ်းပေါ်မှာ KIA ထောင်ထားတဲ့မိုင်းကို နင်းမိပြီး မိုင်းပေါက်ကွာလို့ တစ်ယောက်သေ ဆုံးသွားတယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်ကဲ့သို့ KIA က ထောင်ထားတဲ့ မိုင်းအားဒေသခံ ရွာသူရွာသားများ နင်းမိခြင်းဖြစ်စဉ်များ မကြာခဏဖြစ်ပွား လျက်ရှိတယ်လို့သိရပါတယ်။
ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ခွန်ပအို့ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးကျော်လေးနှင့် လုပ်ငန်းကြီးကြပ်သူ ဦးဝင်းမြင့်တို့(၂)ဦးဟာ KIA က ထောင်ထားတဲ့ မိုင်းနင်းမိပေါက်ကွဲလို့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ထို့အတူ ဇန်န၀ါရီလ (၂၉) ရက်နေ့မှာလည်း ဖားကန့်မြို့နယ်၊ လိုက်ဆဲတောင်တက်ကားလမ်းမှာ ဆိုင်ကယ်တစ်စီး ၀ါးဆစ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဦးလက်ခိုမန်း(၃၄နှစ်)ရဲ့ ၀ဲပေါင်ရိုးကျိုး ဒဏ်ရာ ရရှိပြီး မောင်ပိုင်(၂၇နှစ်)ရဲ့ ၀ဲဘက်ပေါင်ခြေသလုံး မိုင်းစထိမှန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့နှစ်ဦး အနေနဲ့ ဖားကန့်မြို့နယ်၊ တာမခံရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ်မှာ ကချင်တပ်ဖွဲ့ KIA က ထောင်ထားတဲ့ မိုင်း နင်းမိပေါက်ကွဲ သွားခြင်းဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက်နေ့ မှာလည်း KIA တပ်ရင်း ၁၄ မှ ထောင်ထားသောမိုင်းနင်းမိခဲ့ပြီး ဒေသခံ ဦးထွန်းအေးမှာ ညာဘက်ပေါင်ကျိုးသွားသဖြင့် မြစ်ကြီးနားဆေးရုံတက်ရောက်ခဲ့ရပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အလားတူဖြစ်စဉ်မျိုးများစွာရှိခဲ့ပြီး လက်ရှိအချိန်အထိ KIA မှထောင်ထားသော မိုင်းနင်းမိ၍ သေဆုံး/ ဒဏ်ရာရသူ ဒေသခံ အရပ်သား (၁၀၂) ယောက် ရှိနေပြီလို့ သိရပါတယ်။ KIA မှ အစိုးရတပ်အတွက် ရည်ရွယ်ထောင်ထားသော မိုင်းများဟာ ဒေသခံများ အတွက် အန္တရာယ် ဖြစ်လျက်ရှိသဖြင့် ဒေသခံ ရွာသူရွာသားများဟာ စိုးရိမ်ကြောက်ရွံ့လျက်ရှိပါတယ်။
ကချင်းသတင်းဌာန
Subscribe to:
Posts (Atom)