တရုတ်ကုမ္ပဏီ
CNPC ၏ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ၌
ဥယျာဉ်ခြံ မြေများပါဝင်သွားခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်ကုမ္ပဏီကိုယ်စား
လျော်ကြေးငွေများထုတ်ပေးနေသည့် မြေယာနှင့်သီးနှံလျော်ကြေးပေးရေးအဖွဲ့၏
လုပ်ငန်းဆောင်ရွက်ချက်များတွင် မသမာမှုများရှိနေခြင်းအပေါ် ဥပဒေနှင့်အညီ
ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ၏ ဗဟိုကော်မတီဝင်
ဒေါ်သွယ်သွယ်စိုး (အမ်း)က ဆိုသည်။
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
25 February 2013
ခမရ ၃၅၃ တပ်ရင်းမှ ရေယာဉ်ခွန်များ အတင်းအဓမ္မ ကောက်ခံနေ
ကုလားတန်မြစ်အတွင်း ရေတပ်မှ ဖြတ်သန်းသွားလာနေသည့် စက်လှများအား အခွန်ကောက်နေစဉ်
ဖေဖောက်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက ကျွဲနင်းကန်ကျေးရွာမှ
ကျောက်တော်မြို့သို့ သွားသော စက်လှေတစ်စီးအား သေနတ်ပစ်၍
အခွန်တောင်းခံခဲ့ကြောင်း ၄င်းစက်လှေပိုင်ရှင် ကိုဌေးကျော်က ပြောသည်။ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ် ရွေးချယ်
အမျိုးသားလွှတ်တော်
ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေကိုတော့ တရားဝင် ပြန်လည် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ထဲမှာ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့လို့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။
အခုလို ခန့်အပ်နိုင်ပေမဲ့ အပြန်အလှန် ညှိနှိုင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ အစိုးရနဲ့ လွှတ်တော်အကြား စာတွေ ပိုပြီးတော့သာ ရွေးချယ် ခဲ့တယ်လို့လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂအဖွဲ့ဝင် ငါးနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်
နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့
ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့နံနက် (၉) နာရီတွင် အထူး လေယာဉ်ဖြင့်
နေပြည်တော်မှ ခရီးစတင်ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်သို့ ပြည်သူ့အသံကဏ္ဍမှတစ်ဆင့်ပေးပို့လာကြသော စာများနှင့်ပတ်သက် ၍
၁။ ပြည်သူများအား မိဘပြည်သူသဖွယ်သဘောထားသော နိုင်ငံတော် သမ္မတကြီး၏ စိတ်ရင်းစေတနာကို အလေးထား၍လည်းကောင်း၊ ပြည်သူများ ၏ အမှန်တစ်ကယ် ထိခိုက်ဆုံးရှုံးနစ်နာမှုများကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်လည်းကောင်း၊ ပြည်သူ လူထုနှင့် နိုင်ငံတော် သမ္မတကြီးအကြား ပေါင်းကူး ဆက်သွယ်ထိတွေ့နိုင်သည့် Communication Channel တစ်ခု ဖြစ်ပေါ်လာစေရန်လည်းကောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဆိုက်တွင် ပြည်သူ့အသံကဏ္ဍအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ချန်ပီယံ တိုက်ပွဲ မပြီးဆုံးသေးဘူး ဆိုတာ ကျွန်တော်တို့ သိထားပါတယ် ( မိုက်ကယ် ကာရစ် )
မန်ယူအသင်းရဲ့
ကွင်းလယ်လူ မိုက်ကယ် ကာရစ်က အသင်းရဲ့ အ၀တ်လဲခန်း ထဲမှာ ကစားသမား အားလုံးက
ချန်ပီယံတိုက်ပွဲ မပြီးဆုံးသေးဘူး ဆိုတာကို သိရှိနားလည် ထားကြောင်း
ဆိုခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန် ပွဲစဉ်၁၁ပွဲကစားဖို့
ကျန်နေချိန်မှာ ၁၂မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတာ
ဖြစ်ပါတယ်။ သို့ပေမဲ့ လက်ကျန်ပွဲစဉ် အားလုံးကို မပေါ့လျော့ပဲ အာရုံစိုက်
ကစားသွားမဲ့ အကြောင်း ကာရစ်က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
ယာယီနိုင်ငံကူးလက်မှတ် အတုလုပ်သည့် မြန်မာရဲဝန်ထမ်းဟောင်းတဦး ဖမ်းဆီးခံရ
မြန်မာ
ရွှေ့ပြောင်းအလုပ်သမားတွေကို ယာယီနိုင်ငံကူးလက်မှတ်အတု
လုပ်ပေးနေတဲ့ မြန်မာရဲဝန်ထမ်းဟောင်းတဦးကို တာ့ခ်ခရိုင်
မဲဆောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) က ဖမ်းဆီးလိုက်တယ်လို့
ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
မဲ ဆောက်မြို့နယ် လဝက ညွှန်ကြားရေးမှူး ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က “အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ်အတု လုပ်ပေးနေတဲ့အဖွဲ့က ဦးအောင်ကိုလတ် (ရန်ကုန်က ရဲဝန်ထမ်းဟောင်း) ကို ဒီကနေ့ပဲ သူငှားရမ်းနေထိုင်ရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် ထိုင်း-မြန်မာချစ်ကြည်ရေး တံတားလမ်းကြားထဲက တိုက်ခန်းမှာ သွားရောက်ဖမ်းမိခဲ့တယ်” လို့ ထိုင်းသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အိန္ဒိယ မူးယစ်ဆေးဝါးမိမှု စစ်တပ်အရာရှိကြီးပါ ဖမ်းမိ
မြန်မာပြည်ကို
ရောင်းချမယ့် အိန္ဒိယရူပီးငွေ သန်း ၁၅၀ တန်ဖိုးရှိ
မူးယစ်ဆေးဝါးတွေ ဖမ်းဆီးခံရမှုမှာ အိန္ဒိယစစ်တပ်က
ဒုတိယဗိုလ်မှူးကြီးတဦး ပါဝင်နေပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မှုးယစ်ဆေးဝါးဖမ်းဆီးမှုမှာ အိန္ဒိယစစ်တပ်က ဒုတိယဗိုလ်မှူးကြီးတဦး ပါဝင်နေမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ တုန်လှုပ်ဖွယ်ရာ သတင်းအနေနဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

(Photo_Indiatimes)
အိန္ဒိယ-မြန်မာနယ်စပ်က မိုရေးမြို့ကို မောင်းနှင်လာတဲ့ ကား ၃
စီးကို မဏိပူရပြည်နယ် ထောင်ဘားခရိုင်က ပါလဲမြို့ စစ်ဆေးရေးဂိတ်ကို
ဖြတ်အပြီးမှာ မဏိပူရပြည်နယ် ကွန်မန်ဒိုရဲအဖွဲ့က လိုက်လံ
ဖမ်းဆီးရရှိလိုက်တာ ဖြစ်ပါတယ်။မာလီ မြောက်ပိုင်းတွင် စစ်သွေးကြွများနှင့် မာလီ မဟာမိတ် တပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှု ဖြစ်ပွား
မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း
ကချင်ပြည်နယ်
အစိုးရအဖွဲ့က မြို့ပတ်လမ်းဖောက်လုပ်ဖို့ဆိုပြီး မြစ်ကြီးနားမြို့၊
မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉) မှာ လမ်းတွေရှင်းနေတာကြောင့်
အဲ့ဒီအနားတ၀ိုက်မှာနေထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကို
မြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး
ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြေတူးစက်တွေနဲ့ ရှင်းလင်းနေတဲ့ အခြေအနေတွေကို ဒေသခံတွေကို ကူညီပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပါတယ်။
မြေတူးစက်တွေနဲ့ ရှင်းလင်းနေတဲ့ အခြေအနေတွေကို ဒေသခံတွေကို ကူညီပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပါတယ်။
ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း
ကချင်လွတ်မြောက်ရေးအဖွဲ့
KIO အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့
တွေ့ဆုံဆွေးနွေးရေးကို ရွှေလီ အစည်းအဝေးမှာ သဘောတူထားတဲ့အတိုင်း ဖေဖော်
ဝါရီလကုန်ပိုင်းမှာ တွေ့ဆုံနိုင်မှာမဟုတ်ပဲ မတ်လထဲကို ရက်ရွှေ့ဆိုင်းဖို့
အကြောင်းကြားထားတယ်လို့ KIO က ပြောပါတယ်။
မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား
ရိုးရာနတ်ကနားပွဲကျင်းပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ
Subscribe to:
Posts (Atom)