မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနှင့် ကပ်ရပ်တည်ရှိသော အိန္ဒိယဘက်ခြမ်း အင်ဖါးမြို့တွင် များမကြာမှီက ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ ဦးကို ထောင် (၂) နှစ် နှင့် ရူပီငွေ ၁၀၀၀၀ စီ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု အိန္ဒိယ ထုတ် The Hindu ဖေါ်ပြသည်။
အိန္ဒိယသို့ အထောက်အထားမဲ့ ခိုးဝင်လာသဖြင့်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ဦးကို စက်တင်္ဘာလ ၂၀ ရက်နေ့ က ထောင်ဒဏ်၂နှစ် နှင့် ဒဏ်ငွေ ရုပီ တစ်သောင်း စီချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
သူတို့ ၂၂ ဦးအား သြဂတ်စ်လ ၃၀ရက်နေ့က အိန္ဒိယနိုင်ငံ အိုင်ဖားလ်မြို့ အရှေ့ဘက် ဟာတာ ဂိုလာဘာတီမှ အိန္ဒိယနိုင်ငံထဲသို့ ခိုးဝင်လာစဉ် အိန္ဒိယရဲက ဖမ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။
သူတို့ အနေဖြင့် ဒဏ်ငွေ ရူပီ ၁၀၀၀၀ ကို မပေးဆောင်နိုင်ပါက နောက်ထပ်ထောင် (၆) လ ကျခံရမည်ဟု အင်ဖားမြို့ တရားသူကြီးက အမိန့်ချမှတ်သည်ဟု သတင်းက ရေးသား ဖေါ်သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၂ ဦးမှာ အိန္ဒိယမှ တဆင့် မြန်မာကို ခိုးဝင်ရန် လာသူ ဟုတ်မဟုတ်ကိုမူ သတင်းစာတွင် တစ်စုံတစ်ရာ ရေးသား ဖေါ်ပြထားခြင်း မရှိပေ။
Narinjara
No comments:
Post a Comment