OIC လို့ခေါ်တဲ့ အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးရုံးဟာ လူသားချင်း စာနာမှုဆိုင်ရာ ရုံးတစ်ရုံး ဖွင့်လှစ်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း OIC သံအမတ် Tariq Bakheet က မနေ့က ကြေညာပါတယ်။
ကူဝိတ်နိုင်ငံမှာရှိတဲ့ OIC အထွေထွေ အတွင်းရေးမှူးရုံးမှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပြီး ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်လို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စအတွက် OIC အတွင်းရေးမှူးချုပ်က အချက်အလက် ရှာဖွေတဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပြီး ဒီသဘောတူညီချက်ကို အင်္ဂါနေ