ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
19 September 2012
အသည်းရောင်အသားဝါဘီပိုးအကြောင်း (Hepatitis B)
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ
စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင် ဆိပ်ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်တစ်စီးနှင့် ရောက်ရှိလာစဉ် ဆိပ်ကမ်းတွင် ကြိုနေသူများထဲမှ ဒေသခံတစ်ဦးက ဖုန်းဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ယူခဲ့ခြင်းနဲ့ ပတ်သက်၍ ကြိုဆိုသော ဒေသခံများအား ကြမ်းကြုတ်သောစကားလုံးများနှင့် ဆဲဆိုခဲ့ကြောင့် သိရသည်။
ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့် ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)မှ သဘောထားကြေငြာချက် ထုတ်ပြန်
အကြမ်းဖက်ခံရသည့် မောင်တောမြို့ နယ်ကျေးရွားများမှ ကျောင်းသားများ ပညာရေးကော်မတီ ကျပ် ၇၉ သိန်းဖြင့်မတည်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုကြောင့် ယခုတိုင် ကျောင်းမတက်ရောက်နိုင်သေးသည့် အထက်တန်း အလယ်တန်း ကျောင်းသား ကျောင်းသူ များ လုံခြုံစိတ်ချစွာ ပညာ သင်ကြားနိုင်ရေး အတွက် ရခိုင်အမျိုးသား ကွန်ယက်မှ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ပညာရေး ကော်မီတီ ကျပ် ၇၉ သိန်းဖြင့် မတည် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
အဆိုပါ ကော်မီတီကို လွန်ခဲ့သည့် ကြာသပတေးနေ့က မောင်တောမြို့ မြို့မဘုန်းတော်ကြီး ကျောင်း တွင် အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Subscribe to:
Comments (Atom)