အင်းလုပ်ငန်းတွေကြောင့် သူတို့လယ်ယာမြေတွေ ရေနစ်မြုပ်နေရတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က တောင်သူလယ်သမားတွေဟာ ဆန္ဒဖော်ထုတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ခွင့်တောင်းခံခဲ့တာကို ညောင်လေးပင် မြို့နယ်ရဲစခန်းက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
ဆန္ဒဖော်ထုတ်ပွဲအတွက် ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတည်းက
တင်ပြတောင်းဆိုခဲ့ပေမယ့် အချိန်ဆွဲထာပြီး တိုင်းရုံးကို သွားရောက်ဖို့
မြို့နယ်က ပြောခဲ့တယ်လို့ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းစီစဉ်ခဲ့သူ
ညောင်လေးပင်မြို့နယ် တော်ပလီကျေးရွာက လယ်သမား ကိုအေးလွင်က
အခုလိုပြောပြပါတယ်။