ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
11 October 2012
၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်
၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံးနေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း
တနင်္သာရီ အစိုးရ အတွင်းရေးမှူးအား ထားဝယ် ၈၈ ကန့်ကွက်
တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးက ၈၈ အဖွဲ့အား ထိပါးပြောဆိုခြင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) က ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဂ) အရ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ အခြေခံဥပဒေကို ဆန့်ကျင်၍ တောင်မရောက် မြောက်မရောက် အဖွဲ့အစည်းများဟု ပြောဆိုသည့် တနင်္သာရီတိုင်း
ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်း ၏ ပြောဆိုချက်အား ရှုံ့ချကန့်ကွက်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။
KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း
ချောက်မြို့တွင် မြစ်ရေကြီးပြီး ကမ်းပါးပြို၊ အိမ်ခြေ ၁၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း
မကွေးတိုင်း
ချောက်မြို့နယ်မှာ အောက်တိုဘာ ၉ ရက်နေ့ကနေစပြီး မိုးသည်းထန်စွာ
ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါး ပြိုကျခဲ့တဲ့အတွက်
စလေတိုက်နယ်က ကျေးရွာအချို့ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
စလေတိုက်နယ် လက်ပံကျွန်းကျေးရွာအုပ်စုက ကျွန်းသစ်အနောက်ရွာနဲ့ ရေလယ်မြောက်ရွာက အိမ်ခြေ ၁၀၀ ကျော်လောက် ရွှေ့ပြောင်းခဲ့ရပြီး လူဦးရေ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတာပါ။
ကမ်းပါးပြိုကျမှုကြောင့် လူအသေအပျောက် တစုံတရာမရှိဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် ရွာသူရွာသားတွေအတွက် နေအိမ်တွေပြန်ဆောက်ဖို့နဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
DVB

ရန်ကုန်မြို့ တရားဥပဒေ စိုးမိုးမှု ရှိရဲ့လား
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ည ဆရာစံလမ်းက မိုးအလင်းဖွင့်တဲ့ SS ကဖေးဝင်းထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ရိုက်ပွဲတခုဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ မနက် ၂ နာရီလောက်မှာ ညကလပ်က ပြန်လာပုံရတဲ့ လူငယ်
Subscribe to:
Comments (Atom)