ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 October 2012

ကိုရီးယား နှင့် မြန်မာ စွမ်းအင်ကဏ္ဍ သဘောတူ



မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် Lee Myung-Bak တို့ တောင်ကိုရီးယား
နိုင်ငံ၊ ဆိုးလ်မြို့ရှိ အိမ်တော်ပြာ Blue House တွင် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စီးပွါးရေး ပူးပေါင်း
ဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဓါတ်ငွေ့လုပ်ငန်းနှင့် လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ
ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်


၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံးနေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း

တနင်္သာရီ အစိုးရ အတွင်းရေးမှူးအား ထားဝယ် ၈၈ ကန့်ကွက်


တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးက ၈၈ အဖွဲ့အား ထိပါးပြောဆိုခြင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) က ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဂ) အရ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ အခြေခံဥပဒေကို ဆန့်ကျင်၍ တောင်မရောက် မြောက်မရောက် အဖွဲ့အစည်းများဟု ပြောဆိုသည့် တနင်္သာရီတိုင်း
ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်း ၏ ပြောဆိုချက်အား ရှုံ့ချကန့်ကွက်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။

KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း


  ကရင် အမျိုးသား အစည်းအရုံး KNU မှ ထိပ်တန်းခေါင်းဆောင် သုံးဦး ထုတ်ပယ်ခြင်း၊ ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်၍ အောက်တိုဘာလ ၁၃ ရက်နေ့၌ မြဝတီမြို့၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ရန် ကနဦး စီစဉ်ထားသော်လည်း ပြန်လည် ဖျက်သိမ်း လိုက်ကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အော်မော်အေး ပြောသည်။

ချောက်မြို့တွင် မြစ်ရေကြီးပြီး ကမ်းပါးပြို၊ အိမ်ခြေ ၁၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း


မကွေးတိုင်း ချောက်မြို့နယ်မှာ အောက်တိုဘာ ၉ ရက်နေ့ကနေစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါး ပြိုကျခဲ့တဲ့အတွက်  စလေတိုက်နယ်က ကျေးရွာအချို့ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
စလေတိုက်နယ် လက်ပံကျွန်းကျေးရွာအုပ်စုက ကျွန်းသစ်အနောက်ရွာနဲ့ ရေလယ်မြောက်ရွာက အိမ်ခြေ ၁၀၀ ကျော်လောက် ရွှေ့ပြောင်းခဲ့ရပြီး လူဦးရေ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတာပါ။
ကမ်းပါးပြိုကျမှုကြောင့် လူအသေအပျောက် တစုံတရာမရှိဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့်   ရွာသူရွာသားတွေအတွက် နေအိမ်တွေပြန်ဆောက်ဖို့နဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

DVB

facebook မှကြည့် ချင်ရင် like လုပ်ပါ