ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 October 2012

တရက်လျှင် မိခင် ၁၀၀၀ နီး ကျ ပါး ကိုယ်ဝန်ပျက်

မြန်မာနိုင်ငံမှာ တနှစ်ကို ကိုယ်ဝန်ဆောင် ၁ သန်းလောက် ကိုယ်ဝန်ဆောင်တဲ့ အနက် မိခင် ၃ သိန်းခွဲလောက် ကိုယ်ဝန်ပျက်ကျမှု ဖြစ်ပွားနေတယ်လို့ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့ဝင် ဒေါက်တာစစ်နိုင်က ပြောပါတယ်။
ဒီအရေအတွက်ဟာ တရက်ကို မိခင် ၉၅၈ ယောက် ကိုယ်ဝန်ပျက်ကျနေတဲ့ သဘောဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆန်းမစ်ပါ့ခ်ဗျူးဟိုတယ်မှာ ကျင်းပတဲ့ World Contraception Day အခမ်းအနားမှာ အစိုးရနဲ့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကိုးကားပြီး သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဒီကိုယ်ဝန်ပျက်ကျမှုတွေထဲမှာ ကိုယ်ဝန်မဆောင်နိုင်လို့ ပျက်တာပါသလို တရားမ၀င် ကိုယ်ဝန်ဖျက်ချတာတွေလည်း ပါတယ်လို့ သူက ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ မီးဖွားသူ ၁ သိန်းမှာ သေဆုံးသူ ၃၁၆ ယောက် ရှိနေပါတယ်။

DVB

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns မြန်မာနိုင်ငံသို့ လာမည်






အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက်ပိုင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိတစ်ဦး၏ ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားအစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက်ရှိနေသည်။
နောက်ဆုံး ဖြေလျှော့မှုအနေဖြင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကဲ့သို့ လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်တော့မည် ဖြစ်သည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Eleven

HTC မိုဘိုင်းဖုန်း၏ တရားဝင်ဆားဗစ်စင်တာများအား ပြည်တွင်း၌ ဖွင့်လှစ်မည်





ထိုင်ဝမ်အခြေစိုက် မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် HTC ၏  တရားဝင်ဆားဗစ်စင်တာများအား လာမည့်နိုဝင်ဘာလအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း HTC မှ Authorized Service Center အဖြစ် ပေးအပ်ထားသည့် KMD ကုမ္ပဏီမှ သိရှိရသည်။ "စင်ကာပူ Branch office ကနေပြီး KMD ကို Authorized Service Center အဖြစ်ပေးလိုက်တာပါ။ လောလောဆယ်တော့ ဆားဗစ်ပဲလုပ်ဦးမှာပါ။ HTC Brand ကို

စစ်တွေတွင် ဟိန္ဒူများကို ဘင်္ဂလီမူဆလင်များအကြမ်းဖက်





Hidu 1ယနေ့ညနေ ၈နာရီခန့်တွင် ဟိန္ဒူများကို စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်(အင်ပါလာ ရပ်ကွက်)မှ ဘင်္ဂလီမူဆလင်များက အကြမ်းဖက်ခဲ့ကြောင်း သိရှိရသည်။
စစ်တွေမြို့ထဲရှိ ဈေးဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်နေကြသော ဟိန္ဒူများသည် အလုပ်မှအပြန် အောင်မင်္ဂလာရပ်ကွက်ရှိ အင်ဘာလာလမ်းမှ ဖြတ်သန်းသွားကြရာတွင်

ထိုင်းတွင် အလုပ်သွားလုပ်မည့်သူများ ကော့သောင်းတွင် သောင်တင်


မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက အလုပ်သမားလောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ပြည်တွင်းအေဂျင်စီတခုနဲ့ ချိတ်ဆက်ပြီး  မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့ပေါ်မှာ ရောက်လာကြပေမယ့် သုံးလေးလကြာ တဲ့အထိ ထိုင်းနိုင်ငံကို မသွားရသေးဘဲ အခက်အခဲ ကြုံနေကြရပါတယ်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က မမြင့်မိုရ်ဟာ ပြီးခဲ့တဲ့

facebook မှကြည့် ချင်ရင် like လုပ်ပါ