ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 October 2012

နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်သူများထံမှ ရွာလူကြီးအချို့ ငွေကောက်ခံခဲ့


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ထီးဝါပလောနှင့် ပနောကလဲခီး(သံပုရာ)ကျေးရွာတို့၌ နိုင်ငံသားစိစစ်ရေး ကဒ်ပြားကို အခမဲ့ လုပ်ဆောင်ပေးနေသော်လည်း ရွာသူရွာသားများနှင့် ကျောင်းသားများမှ ကျေးရွာ လူကြီးများအား ငွေပေးခဲ့ရကြောင်း စိစစ်ရေးကဒ် ပြုလုပ်ခဲ့သူများက ပြောသည်။
မြ၀တီမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) နှင့် နော်ဝေးနိုင်ငံ ဒုက္ခသည် ကောင်စီ (Norwegian Refugee Council -NRC) တို့က ကျေးရွာများ၌ တရွာလျှင် နှစ်ရက်နှုန်းဖြင့် စက်တင်ဘာ လကုန်ပိုင်းမှစ၍ အောက်တိုဘာလ ၅ ရက်နေ့အထိ စိစစ်ရေးကဒ်ရိုက်ပေးရာတွင် ရွာလူကြီး အချို့မှ လူတစ်ဦးလျှင် ကျပ်ငွေ ၁,၀၀၀ မှ ၅,၀၀၀ အထိ ကောက်ခံခဲ့သည်ဟု ထီးဝါပလောရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်တွေ အုပ်စုချင်း တင်းမာမှု ပစ်ခတ်လူစုခွဲ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားစဉ် (ဇွန် ၁၅၊ ၂၀၁၂)

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂလီ အစ္စလာမ် ဘာသာဝင်တွေကြား အောက်တိုဘာလ ၁၂ရက်နေ့ည ၇နာရီအချိန်လောက်က
စပြီးတော့ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူအုပ်ဟာ ထောင်နဲ့ချီ
လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ သေနတ်တွေ မိုးပေါ်ထောင်ဖောက်တာတွေ အထိဖြစ်ပွားခဲ့ရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ရဟန်းတော် သီရိလင်္ကာနိုင်ငံတွင် ပါရဂူဘွဲ့ ရရှိ


စိမ်းလန်းအောင်(ကိန်းသာမြေ)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ ရဟန်းတော် တပါးဖြစ်သော အသျှင်ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို ကေလဏိယတက္ကသိုလ်မှ ပါရဂူဘွဲ့ ကို ရရှိခဲ့သည်ဟု သတင်း  ရရှိသည်။

အဆိုပါ ပါရဂူဘွဲ့အား ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ က ရရှိခဲ့သည်။
အသျှင်ဉာဏုတ္တရသည် ၂၀၀၆-ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ

အမေရိကန်သမ္မတဟောင်းရဲ့ အဖွဲ့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လေ့လာ


အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ Jimmy Carter တည်ထောင်ထားတဲ့ The Carter Center က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှုတွေကို ကူညီနိုင်မယ့်နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ The Carter Center အဖွဲ့ရဲ့ အကြံပေးအရာရှိ Mrs. Sarah Levit- Shore နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် တို့ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က တွေ့ ဆုံဆွေးနွေးတဲ့အခါမှာ Mrs. Sarah ရဲ့ ပြောဆိုချက်တွေကို ကိုဂျင်မီက RFA ကို ပြန်ပြောပြပါတယ်။

ဆရာတော်အရှင်ဥာဏိဿရ မျက်စိဝေဒနာရှင်တွေကို ကူညီနေ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် တောင်တန်းသာသနာပြုဝင်းအတွင်းမှာရှိတဲ့ ဆရာတော်အရှင်ဥာဏိဿရ ရဲ့ သီတဂူ စက္ခုဒါနဆေးရုံမှာ အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင် ရဟန်းရှင်လူပြည်သူတွေလာရောက်ကုသနေကြရာမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မျက်စိဝေဒနာရှင် ၂၀ ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။
Photo: RFA
အရှင်ဥာဏိဿရ
အောက်တိုဘာလ ၁၃ ရက် ဒီနေ့မှာ နောက်ထပ် လူနာ ၇၀ ကိုခွဲစိတ်ကုသပေးဖို့စီစဉ်ထား

facebook မှကြည့် ချင်ရင် like လုပ်ပါ