ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
16 October 2012
စကော့ဒ်တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲလုပ်မည်
ဖိလစ်ပိုင်အစိုးရနဲ့ မူဆလင်သူပုန် ပဏာမငြိမ်းချမ်းရေး လက်မှတ်ထိုး
သမ္မတ Benigno Aquino ဘန်နီနို အကွီနိုနဲ့ Moro Islamic Liberation Front (MILF) မိုရိုအစ္စလာမ်လွတ်မြောက်ရေး တပ်ဦး ဥက္ကဌ Al Haj Muradမူရတ်အီဘရာဟင်တို့က သက်သေအဖြစ်နဲ့ မနီလာမြို့တော်မှာ သမ္မတနန်းတော်မှာ ကျင်းပတဲ့ လက်မှတ်ထိုးပွဲကို တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနဲ့ စစ်ရေးတိုးမြှင့်ဆက်ဆံဖို့ အမေရိကန်စဉ်းစား
အမေရိကန်ဒု နိုင်ငံခြားရေးဝန်ကြီး William J. Burns
အက္ခရာ နံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး အပ်နှံနိုင်ပြီ
ယာဉ်အိုယာဉ်ဟောင်း
ဖျက်သိမ်းရေး စီမံချက်အရ အက္ခရာနံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး
အပ်နှံနိုင်ပြီး ကားတင်သွင်းခွင့်ပါမစ် တစောင်စီ ရရှိမှာ ဖြစ်ကြောင်း
မီးရထားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိ အပ်နှံနိုင်တဲ့ မာဇဒါ အုပ်စုဝင်ကားတွေဟာ ဌာနဆိုင်ရာ အသီးသီးကနေ လေလံပစ်ပြီး အများပြည်သူတွေကို ရောင်းချထားတဲ့ ကားတွေ ဖြစ်ပါတယ်။
လက်ရှိ အပ်နှံနိုင်တဲ့ မာဇဒါ အုပ်စုဝင်ကားတွေဟာ ဌာနဆိုင်ရာ အသီးသီးကနေ လေလံပစ်ပြီး အများပြည်သူတွေကို ရောင်းချထားတဲ့ ကားတွေ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ နှစ် ၅၀ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တောင်းပန်ဖို့ တောင်းဆို
အင်ဒိုနီးရှားနိုင်ငံမှာ
ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ၁၉၆၅ ခုနှစ်တုန်းက မအောင်မြင်တဲ့
အာဏာသိမ်းမှုရဲ့ နှစ်ပတ်လည်နေ့ ကျရောက်ပါတယ်။ အာဏာသိမ်းတာကို အဲဒီတုန်းက
အင်ဒိုနီးရှားက အကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ အင်ဒိုနီးရှား
ကွန်မြူနစ်ပါတီ (ပီကေအိုင်)ကို အပြစ်တင်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ်နဲ့
အင်ဒိုနီးရှားရဲ့ မျက်မှောက်သမိုင်းမှာ အဆိုးရွားဆုံးရက်စက်မှုတခု
ပေါ်ပေါက်ခဲ့ပါတယ်။ ကွန်မြူနစ်လို့ သံသယရှိသူတွေ အနည်းဆုံး လူ ၅ သိန်းကနေ ၂
သန်းလောက်အထိ အသတ်ခံရ၊ ခုံရုံးမတင်ဘဲ ဖမ်းဆီးထောင်ချခံလိုက်ရပါတယ်။
အခုဆိုရင် အဲဒီအဖြစ်အပျက်က နှစ်ပေါင်း ၅၀ ကြာခဲ့ပေမယ့် ဒီအကြောင်းကို ဘယ်သူမှ မပြောကြတော့ပါဘူး။ အခုတော့ အင်ဒိုနီးရှားရဲ့ ထိပ်တန်း လူ့အခွင့်အရေးကော်မရှင်က အဲဒီတုန်းက ဖြစ်ခဲ့တဲ့ လူသတ်မှု၊ အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ဖမ်းဆီးထိန်းသိမ်းမှုတွေကို လူ့အခွင့်အရေးချိုးဖောက်မှုကြီးတရပ် ဖြစ်တယ်လို့ ကြေညာလိုက်ပါပြီ။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရက တရားဝင် တောင်းပန်သင့်သလို၊ ခံခဲ့ရတဲ့ သူတွေနဲ့ မိသားစုတွေကို နစ်နာကြေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။
DVB

Subscribe to:
Comments (Atom)