ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 October 2012

အရန်ဆန် တင်း ၁၀၀ ကို ၃ သိန်း ၃ သောင်းဖြင့် ၀ယ်ပေးရန် တောင်းဆို


လာမယ့် နိုဝင်ဘာမှာ အစိုးရနဲ့ ဆန်လုပ်ငန်းအသင်းက နိုင်ငံတော်အရန်ဆန်တွေကို ၀ယ်ယူတဲ့အခါ အခြေခံဈေး တင်း ၁၀၀ ကို ကျပ် ၃သိန်း ၃ သောင်း သတ်မှတ်ပေးဖို့နဲ့ လယ်သမားတွေဆီက တိုက်ရိုက်ဝယ်ယူဖို့ တောင်သူလယ်သမားအသင်းက တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ဆန်လုပ်ငန်းအသင်း အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အစိုးရပေးတဲ့ ကျပ်ငွေ ၁၀ ဘီလီယံ၊ ပုဂ္ဂလိက

ADSL အင်တာနက်လိုင်းများ ဈေးနှုန်းလျှော့ချ


ကြိုးလိုင်းတယ်လီဖုန်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုရတဲ့ ADSL အင်တာနက်လိုင်း ဈေးနှုန်းတွေကို အကြီးအကျယ် လျှော့ချလိုက်ကြောင်း မြန်မာ့ဆက်သယ်ရေးလုပ်ငန်းက ကြေညာလိုက်ပါတယ်။
နဂိုက ကနဦးတပ်ဆင်ခ အနိမ့်ဆုံး ကျပ် ၆ သိန်း ရှိရာကနေ လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ကျပ် ၅ သောင်း၊ ဒေါ်လာနဲ့ဆို ၆၀ အထိ အကြီးအကျယ်

စစ်တွေတွင် AZG ဆေးခန်းဖွင့်လှစ်မည်ကို မြို့ခံများက ကန့်ကွက်





ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နံနက် (၉) နာရီက AZG ဆေးခန်းဖွင့်လှစ်မည်ကို စစ်တွေမြို့ခံလူထု (၁၃၀) ကျော်က ဆန္ဒထုတ်ဖော်၊ ကန့်ကွက်ခဲ့ခြင်းကြောင့် ဆေးခန်းဖွင့်လှစ်ခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

" သူ့တို့က ART ဆေးအသုံးပြုခွင့်ရမည့် လူနာသုံးရာကျော်ကို အကြောင်းပြပြီး " AZG" က ရခိုင်လူမျိုးတွေကို

17 October 2012

ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား


မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည်  မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိုသို့ အကြောင်းကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။
သူက ပြောကြားရာတွင် သူတို့ထံသို့

တရားရေးအဆောက်အအုံများ လွှဲပြောင်းမည့်အစီအစဉ် ရှေ့နေများ ဆန္ဒပြ

အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် တရားလွှတ်တော် အဆောက်အအုံနဲ့ တရားရုံးတွေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ လွှဲပြောင်းပေးပြီး ပြတိုက်နဲ့ ဟိုတယ်တွေအဖြစ် ပြောင်းလဲမယ့်အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဗဟိုတရားရုံး လွှတ်တော်ရှေ့မှာ ရှေ့နေများ ကွန်ရက်က ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
မနက် ၁၀ နာရီလောက်က စတင်ပြီး မဟာဗန္ဓုလ ပန်းခြံလမ်းအတိုင်း စီတန်းလှည့်လည်ကာ ကမ်းနားလမ်း စုပေါင်းရုံးကြီး အနောက်ဘက်မှာ စခန်းချ ဟောပြောကာ ကြေညာချက်များ ဖတ်ကြားခဲ့တယ်လို့ ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် ဦးကိုနီက ပြောပါတယ်။
အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်များကို ပေးအပ်တာကို မလိုလားဟု အဓိကထား ဖော်ပြထားသည့် ရှေ့နေများ ကွန်ယက်  သဘောထားကြေညာချက်ကို ရှေ့နေ ဦးအောင်သိန်းက ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ရှေ့ဟောင်းအမွေအနှစ်တွေ ပုဂ္ဂလိကပိုင်လုပ်တာကို မကျေနပ်ကြောင်း၊ ပြင်ဆင်ဖို့ စရိတ်မတတ်နိုင်ပါက ယူနက်စကိုထံ မေတ္တာ ရပ်ခံပေးမယ့်အကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ အသက် ၉၁ နှစ်အရွယ် ဦးသန်းတင်က ဟောပြောခဲ့ကြောင်း ဦးကိုနီက ဆိုပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်စိုးက တံဆိပ်တော်ခွန်နှုန်းထား အဆ ၁၀၀ ကျော် တိုးမြှင့်လိုက်တဲ့အတွက် အမှုတန်ဖိုးကြီးတဲ့ ပစ္စည်းအတွက် တရားစွဲပါက တံဆိပ်ခေါင်းဖိုး ကုန်ကျစရိတ် တိုးမြှင့်လိုက်တာကို ပြန်စဉ်းစားပေးဖို့  ဟောပြောခဲ့ပါတယ်။
ဆန္ဒပြပွဲကို ရှေ့နေ ၁၅၀ သာ ခွင့်ပြုခဲ့ပေမယ့် ရှေ့နေ ၃၀၀ လောက် လာရောက်ခဲ့တဲ့အတွက် ကျန်တဲ့ ၁၅၀ က အားပေးသူအဖြစ်နဲ့ လိုက်ပါခဲ့တယ်လို့ ဦးကိုနီက ပြောပါတယ်။ ဆန္ဒဖော်ထုတ်မှုကို ၁၁ နာရီခွဲမှာ လူစုခွဲပြီး အဆုံးသပ်ခဲ့ကြပါတယ်။

ဓါတ်ပုံများကြည့် ရန်

DVB

facebook မှကြည့် ချင်ရင် like လုပ်ပါ