ပဲခူးတိုင်းပြည်မြို့မှာ
ပြီးခဲ့တဲ့ရက်ပိုင်းက တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ရှေ့နေတဦးနဲ့ သူ့ကို
အကူအညီပေးခဲ့သူ လူငယ် ၂ ဦးကို ရဲက တရားစွဲဆိုလိုက်ပါတယ်။
ပြည်မြို့က ရှေ့နေ ဦးမြင့်အေး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းထိုက်အောင် နဲ့ မြို့ခံ မောင်ရေခဲ ခေါ် အောင်ဦးနိုင်တို့ ၃ ဦးကို ပြည်မြို့ အမှတ် ၂ ရဲစခန်း စခန်းမှူး ရဲအုပ် ဦးလှထွန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) ကို ချိုးဖောက်တယ်ဆိုပြီး ခွင့်ပြုချက်