ဧရာဝတီတိုင်း
ကျုံပျော်မြို့နယ် ရှားခဲတိုက်နယ်ကျေးရွာမှာ ဒေသခံ ရွာသား ၃ ဦးကို
ငါးလုပ်ငန်းဦးစီး ဌာနက အင်းထဲမှာ တရားမ၀င် ငါးဖမ်းမှုနဲ့
တရားစွဲထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ရှားခဲအင်းရွာသား ကိုထွန်းထွန်းမိုး၊ ကိုကျော်ကြီးနဲ့ ကိုစိုးတင့်တို့ကို ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီး ဦးအောင်ဆန်းဝင်းက လေလံမရှိဘဲ ငါးဝင်ရောက်ဖမ်းဆီးတဲ့ပြစ်မှု၊ ရေချိုငါး အက်ဥပဒေပုဒ်မ ၄၂ (ခ)နဲ့ ကျုံပျော်တရားရုံးမှာ မနေ့က တရားစွဲဆိုခဲ့ကြောင်း ကိုထွန်းထွန်းမိုးက ပြောပါတယ်။