ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 October 2012

၃၀-၁၀-၁၂ ကြိမ်ချောင်း အခြေအနေ


မောင်တောမြို့နယ် ၊ကြိမ်ချောင်း ကျေးရွာအနီးတွင် ဘင်္ဂလီများအားနေရာ ချ ထားပေးမှု အတည်ဖြစ်မည်ဆိုပါက မောင်တောမြောက်ပိုင်းမှ ရခိုင်တိုင်းရင်း သားကျေးရွာများသည် နေရာပြောင်းရွှေ့ သွားနိုင်ခြေရှိကြောင်း သိရသည်။

ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်များမှ ထွက်ပြေးတိမ်းရှောင်လာကြသော ဘင်္ဂလီများအား မောင်တောမြို့နယ်မြောက်ပိုင်းတွင် နေရာချထားပေးမည်ဟု သိရှိရသဖြင့် ယင်းဒေသတွင်းနေထိုင်ကြသော တိုင်းရင်းသားများသည် မြို့ ပေါ်သို့ နေရာ ပြောင်းရွှေ့လာနိုင်ခြေရှိကြောင်း ဒေသခံများက သုံးသပ်ပြော ဆိုကြပါသည်။

ကြိမ်ချောင်းအနောက်ဘက် ကျွန်းတွင် နေရာချထားမည့်သတင်းသည် လက် ရှိအနေ အထားတွင် အတည်မပြုနိုင်သေးသော်လည်း ဖြစ်နိုင်ခြေအများဆုံး ရှိ ကြောင်း အစိုး ရဆိုင်ရာ အဖွဲ့အစည်းများမှ ပြောပါသည်။

ယင်းအတွက် ပြုန်းမ၊ ခံပြင်၊ တရိန်း အစရှိသော ရခိုင်ကျေးရွာများမှ ဒေသခံများ အခြားနေရာများသို့ ပြောင်းရွှေ့သွားနိုင်ခြေရှိကြောင်း မောင်တော မြို့မှ RSV သတင်းထောက်မှ ပေးပို့ချက်အရ သိရှိရပါသည်။

ဘင်္ဂလီသုံးထောင်ကျော်တို့အား နေရာချထားပေးရန် စီစဉ်လျက်ရှိကြောင်း နှင့် ယခင် ကတည်းက ဘင်္ဂလီများစွာရှိနေပြီး မောင်တောမြို့နယ်တွင် ဘင်္ဂလီ ၉၆ ရာခိုင်နုန်း ရှိနေခြင်းအား ထပ်မံတိုးလိုက်ခြင်းဖြစ်သည့်အတွက် ပိုမိုများပြား သွား နိုင်ကြောင်းလည်း သုံးသပ်ကြပါသည်။

ထိုသို့များပြားလာပြီလာဆိုသည်နှင့် ရခိုင်တိုင်းရင်းသားများအတွက် လွန်စွာ အန္တရာယ်ရှိလာနိုင်ကြောင်းလည်း ယင်းဒေသမှ ရခိုင်များမှ ပြောပါသည်။

Rakhine Straight Views

ရခိုင်ပြည်နယ်တွင် ရခိုင်အိမ်များ၊ ကားများကို လုံခြုံရေးများမှ ရှောင်တခင် စစ်ဆေး

၂၉.၁၀.၂၀၁၂ နှင့် ၂၈.၁၀.၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအ၀င် တခြားမြို့နယ်များ တွင် လည်း စစ်တပ်၊ နစက၊ လုံထိန်း၊ ရဲများစုပေါင်းပြီး ရခိုင်

သားများ၏ လုပ်ငန်းခွင် ၊ အိမ်များကို ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုများ၊ မွှေနှောက်ပြီး ဓား၊လှံများကို လိုက်လံ သိမ်းဆည်းလျက်ရှိကြောင်းက သိရှိရ ပါ သည်။

၂၈.၁၀.၂၀၁၂ ရက်နေ့တွင်လည်း စစ်တွေမြို့ မောလိပ်ရပ်ကွက်၊ ကုန်သည်လမ်း၊ ဦးရွှေဘသိန်း ၀ပ်ရှော့ကိုလည်း နေ့လည် (၃)နာရီလောက်တွင် ၀င်ရောက် မွှေနှောက်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ယောက်မှ ပြောပြပါသည်။

၂၉.၁၀.၂၀၁၂ ရက်နေ့တွင်လည်း စစ်တွေမြို့နှင့် တခြားမြို့နယ်များသို့ ပြေးဆွဲသည့် ခရီးသည်တင် ကားများကိုလည်း စစ်ဆေးလျှက်ရှိကြောင်းကို သိရှိရပါသည်။

ထိုစစ်ဆေးချက်များကြောင့် ခရီးသွားများ စိတ်အနှောက်အယှက်ဖြစ်နေရကြောင်း ၊ ယခုအခါ ဘင်္ဂလီကုလားကျေးရွာများကိုမူ မစစ်ဆေး၊ မရှာဖွေဘဲ ရခိုင်ရပ်ကွက်၊ ရခိုင်ကျေးရွာများကိုသာ စစ်ဆေး၊ ရှာဖွေခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်လျှက်ရှိကြောင်းကို သိရှိရပါသည်။

Rakhine Straight Views

တာလီဘန်တို့ပစ်ခတ်ခြင်း ခံရသူမာလာလာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြ

ယခုလ အစောပိုင်းက တာလီဘန် တို့ ၏ ပစ်ခတ်မှုကို ခံခဲ့ရသော အသက် ၁၄ နှစ် အရွယ်ရှိ ပါကစ္စတန် မိန်းကလေးငယ် မာလာလာ

ယူဆက်ဖ်ဇာအီ သည် ပါကစ္စတန် နိုင်ငံနှင့် ဗြိတိန် နိုင်ငံ တို့တွင် ဆေးကုသမ ခံယူခဲ့ရာ ယခုအခါ သူမ၏ အခြေအနေမှာ တိုးတက် ကောင်းမွန် လာ ကြောင်း ဗြိတိသျှ ဆရာဝန်များက ပြောကြား ခဲ့သည်။

မာလာလာ၏ ကျန်းမာရေး အခြေအနေပြန်လည် ကောင်းမွန် လာသဖြင့် သူမ၏ ဖခင်နှင့် သူမအား ထောက်ခံ အားပေး သူများ က ပျော်ရွှင် လျက် ရှိ သည်။

မာလာလာသည် ပညာရေး ကဏ္ဍ ၌ အယူဝါဒ လွှမ်းမိုးမှု မရှိ စေရေးကို အားပေး ထောက်ခံသူ တစ်ဦးဖြစ်၍ တာလီဘန်တို့က ပစ်ခတ် ခဲ့ခြင်း ဖြစ် သည်။

မာလာလာသည် အံ့သြဖွယ်ရာ ကျန်းမာ လာသည့် အတွက် အလွန် ဝမ်းသာ မိကြောင်း၊သမီးဖြစ်သူ အတွက် ဆုတောင်း ပေးခဲ့သည့် ကမ္ဘာ တစ်ဝှမ်း မှ အားပေး သူများအား ကျေးဇူးတင် ရှိကြောင်း၊ သူမ သေဆုံး သွားသော် လည်း ကမ္ဘာကြီးက ယခုအတိုင်း တည်ရှိ နေမှာ ဖြစ်ကြောင်း၊ သို့သော် သူမသည် ပြန်လည် ရှင်သန် လာခဲ့ပြီ ဖြစ်ကြောင်း မာလာလာ၏ ဖခင်က ပြောကြား ခဲ့ သည်။

မာလာလာသည် ၂ဝဝ၉ ခုနှစ် အတွင်းက ဆွတ်တောင်ကြားမှ တာလီ ဘန်တို့ ဘဝ အကြောင်းကို ရေးသား ခဲ့ပြီးနောက် သူမ၏ သူရသတ္တိ အတွက် ပါကစ္စ တန် အမျိုးသား ငြိမ်းချမ်းရေး ဆုကို ရရှိ ခဲ့သူဖြစ်ပြီး ကလေးငယ် များကို ချီးမြှင့် သည့် နိုင်ငံတကာ ဆိုင်ရာ ငြိမ်းချမ်းရေး ဆုအတွက် လျာထား ခံရသူ တစ်ဦးလည်း

ဖြစ်ကြောင်း သိရသည်။

မြဝတီ

ပြည်ထောင်စုအပေါ်တွင် သစ္စာမဲ့သော သတင်းဌာနများ (BBC, DVB, RFA And VOA) (ပေးစာ)

မြန်မာနိုင်ငံမှာရိုဟင်ဂျာ မရှိတဲ့အကြောင်း နှင့် ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းကို ဘင်္ဂလီဟု ပြောင်း လဲခေါ်ဆိုကြဖို့ကို ရခိုင်နှင့် မြန်မာတိုင်း ရင်းသား ပြည်သူလုထုများ၊ ပြည်တွင်းပြည်ပ

ရခိုင်နှင့် မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများ၊ သမိုင်းသုတေသီများနှင့် နိုင်ငံတော် အစိုးရကပါသမိုင်းဆိုင်ရာအထောက်အထားတွေ နဲ့အတူ ပြည်တွင်း ပြည်ပမီဒီယာများ ကို တောင်းဆိုရှင်းလင်း မေတ္တာရပ်ခံထားသည်မှာ အကြိမ်ပေါင်း မြောက် များစွာရှိခဲ့ပြီးဖြစ်သည်။

ထိုသို့ သော အထက်ပါပြည်သူများ၊ သမိုင်းသုတေသီများနှင့်နိုင်ငံတော်အစိုးရမှပါ တောင်းဆို ရှင်းလင်း မေတ္တာရပ်ခံထားသော်လည်း ပြည်သူများကို အလုပ်အကျွေးပြုသော ပြည်သူ့  လူထုအတွက် သတင်းနဲ့ အလုပ်အကျွေးပြုမည် ဟူသော ကောင်းမြတ်သော ခေါင်းစဉ်အောက်မှာ တိုင်းပြည်နှင့်လူမျိုးမျက်နှာကို ထောက်ထားညှာတာမှုကင်းမဲ့စွာ အများပြည်သူများ၏ ဆန္ဒကို မထီမဲ့မြင် ဖီလာဆန့် ကျင်ပြုလုပ်လျက် သတင်း စာမျက်နှာပေါ်မှာရော.n သတင်းအသံဖိုင်တွေမှာပါ ရိုဟင်ဂျာ ရိုဟင်ဂျာဟု ထပ်ကာ ထပ်ကာ သုံးနှုန်းထားဆဲ သုံးနှုန်းမြဲရှိကြသည်ကို တွေ့ရမြင်ရ ကြားနေကြရသည်။

သတင်းဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော သတင်းသမားများအားလုံးသည် သတင်းသမားများ ကျင့်ဝတ်အပါအ၀င် သတင်းနှင့် မီဒီယာကျင့်ဝတ်များကိုပါ က ကြီးအစ အ အဆုံး A အစ Z အဆုံး အားလုံးနီးပါး သိနားလည်ပြီးသား ဖြစ်ကြသည်။

သို့သော် ထိုအသိတွေဟာ အကျင့်မပါတဲ့အတွက် အသိသာသာလောက်သာဖြစ်ပြီး အကျိုးမရှိ တန်ဖိုးမရှိ ဖြစ်နေသည်ကို သာမန်လူများတောင်မှ ရှင်းလင်းလွယ်ကူစွာ သိမြင်နိုင်ကြမည်ဖြစ်သည်။

ယခုလည်း ကျနော်တို့ မြင်တွေ့ကြားတွေ့နေရသည့် ဦးသူရိန်ကျော်နှင့် RFA ၀ိုင်းတော် သားများ၏ တစ်ဖက်စောင်းနင်း သတင်းထုတ်လွင့်မှုနှင့် " ရိုဟင်ဂျာ ရိုဟင်ဂျာ " ဟု ထပ်ကာအလီလီ ထပ်ကာအလီလီ ရေးသားပြောဆိုနေသော လုပ်ရပ်သည် ရခိုင်လူမျိုးတစ်မျိုးတည်းအပေါ်တွင်သာမက တိုင်းပြည်နှင့် လူမျိုးအပေါ်မှာပါ သစ္စာဖောက်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံသားက ခံယူထားကြသည်။

အလားတူပင် BBC, DVB နှင့် VOA ၀န်ထန်းများအားလုံးသည် မိမိတို့ ထမင်းတစ်လုတ် ရေတစ်မုတ်အတွက် ဒေါ်လာမြက်ကို မြမြလေးစားပြီး အော်နေကြ သည်မှာ အလွန်တရာမှ အော့နှလုံးနာ အံ့သြဖွယ်ရာကောင်းလှသည်။

မိမိတို့ ရခိုင်လူမျိုးများမှာ ကုလားခုတ်၍လည်းသေ၊ စစ်တပ်က မောင်းဖြုတ် ၍လည်းသေ ၊ ကိုယ့်နေရာ ကိုယ့်ဒေသမှာ သေပြီးရင်းသေ ဘ၀အသက်တွေ ပေးဆပ်လိုက်ရတာ ကျန်ရစ်သူ မိသားစုတွေမှာလည်း ဒုက္ခပင်လယ်ထဲတွင် သောကတွေနဲ့ ဒုက္ခသည်တွေဖြစ်လို့ ကျန်ခဲ့ကြရသည်။

ဒါတွေအားလုံးဟာ ပြည်သူတွေကို အလုပ်အကျွေးပြုပါတယ်ဆိုတဲ့ ပြည်ပက ထထအအော်နေကြတဲ့ ခင်ဗျားတို့ရဲ့ အတို့အထောင် သတင်းတင်ဆက်မှုနဲ့ ပြည်ပရောက် ဘင်္ဂလီ အစွန်းရောက်တွေရဲ့ သွေးထိုးလှုံ့ဆော်မှု ပရောဂတွေကြောင့်ဆိုတာ မမေ့ပါနဲ့။

တိုင်းပြည်နှင့်ရခိုင်လူမျိုးတွေအပေါ်မှာသစ္စာမဲ့ခြင်း ဟာ မြန်မာတစ်မျိုးသားလုံး အပေါ်မှာရော ပြည်ထောင်စုအပေါ်မှာပါ သစ္စာမဲ့ခြင်းပဲဖြစ်တယ်ဆိုတာကို ထမင်းတစ်လုပ် ရေတစ်မုတ်သောက်တိုင်း ခင်ဗျားတို့ ပြည်လည်သုံးသပ် နှလုံး မှတ်သွင်းကြစေချင်သည်။

တိုင်းပြည်နှင့် ပြည်ထောင်စုအပေါ်တွင် သစ္စာဖောက်သော လုပ်ရပ်များကိုလည်း ကျနော်တို့က ဘယ်တော့မှ မေ့မည်မဟုတ်ကြောင်း အသိပေးလိုက်သည်။

ခိုင်မျိုးသူ(အမေရိကန်)

မှီငြမ်း။ ။ရခိုင်လူမျိုးတွေ သေကြေပျက်စီးနေရတာ သတင်းဌာနတွေရဲ့ အတို့အထောင် တင်ဆက်မှုတွေကြောင့်ဖြစ်

ဇော်လင်းထွန်း မှ ပို့ ပေးသည်။ 

ရွှေမြန်မာမီဒီယာ

28 October 2012

တိုင်းရင်းသား တပ်ဖွဲ့များ တပ်ပေါင်းစု စစ်ဆင်ရေးကို အဆင့်မြှင့်နေ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင် (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (TSLA) နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော်

(SSA) တို့ ပူးပေါင်း တပ်ဖွဲ့က အစိုးရ ခမရ (၅၀၁)နှင့် ခလရ (၁၄၄) ပူးပေါင်း စစ်ကြောင်းကို ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွပ်ခိုင်မြို့နယ်ခြားရှိ စယ်နေ ကျေးရွာ အနီးတွင် ယမန်နေ့ (၉) နာရီတွင် တိုက်ခိုက် ခဲ့ကြောင်း တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော် ပြောခွင့် ရသူ မိုင်ဖုန်းကျော်က ဆိုပါသည်။

"ကျနော်တို့ တပ်ပေါင်းစုက နယ်လှည့် စည်းရုံးရေး ဆင်းနေတဲ့ အချိန်မှာ အစိုးရ စစ်ကြောင်းက နောက်ကနေ လိုက်လာလို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ တိုက်ပွဲကတော့ (၅) နာရီခန့် ကြာသွားတယ်။ ကြိုကြားပေါ့။ ဒီတိုက်ပွဲမှာ အစိုးရ ဖက်က (၃) ဦး သေပြီး (၈) ဦး ဒါဏ်ရာ ရတယ်လို့ မိုင်းဝီးဆေးရုံမှာ တွေ့ကြတယ်လို့ မျက်မြင် ရွာသား တွေက ကျနော်တို့ကို ပြောပါတယ်" ဟု ဆိုပါသည်။

တိုင်းရင်းသား တပ်ပေါင်းစု တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် ဒေသတခွင်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ် နေစဉ် အစိုးရ စစ်ကြောင်း တို့က နောက်ယောင်ခံ လိုက်လာ သောကြောင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် မန်ဆန်မြို့နယ်၊ မန်တုံမြို့နယ်။ ကွတ်ခိုင်မြို့နယ်နဲ့ နမ်းခမ်းမြို့နယ်ထဲ ဒေသ ထဲတွင် တပ်ရင်း (၁၀) ရင်း ထက်မနဲ လှုပ်ရှား နေပါသည်။ ဗျူဟာမှူးများမှာ မန်ဆန်း၊ မန်တုံနှင့် နမ်းခန်း (မိုင်းဝီ) ၌ အခြေစိုက် ကြပါသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသည် ပြီးခဲ့သည် အောက်တိုဘာ (၂၃) ရက်နေ့တွင် မန်တုံမြို့၌ လာရောက် ညွှန်ကြား ခဲ့ကြပါသည်။

ဤသို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် ပန်ဆေး ပြည်သူ့စစ်နှင့် ပူးပေါင်း ထားသည့် အစိုးရ တပ်ဖွဲ့တို့နှင့် သာပန်းကုန်း-ရှောက်ပန်းကုန်း ကျေးရွာ အနီးတွင် တပ်ပေါင်းစု တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ဤအချိန်မှ စပြီး အစိုးရ၏ စစ်ဆင်ရေးသည် ပိုမို တိုးမြှင့် လှုပ်ရှား လာခဲ့ပါသည်။ ပန်ဆေး ဒေသ တည်နေရာသည် ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသည့် ဒေသဖြစ်ပြီး၊ မြောက်ဖက်ခြမ်းတွင် အစိုးရ အားပေး ထားသော ဘိန်းခြံ စိုက်ပျိုးရေးများ ရှိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ် နေသော ဒေသဖြစ်သည်ဟု ဆိုပါသည်။

ယမာန်နေ့ တိုက်ပွဲကြောင့် ထိုနေ့ ညနေပိုင်း၌ ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လှိုင်း လမ်းမကြီး တလျှောက်တွင် အစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ နေရာ ယူထားကြောင်းနှင့် တိုင်းရင်းသား တပ်ပေါင်းစု ဘက်မှလည်း အင်အားများ ဆက်လက် ဖြည့်တင်း ထားကြောင်း ဆိုပါသည်။

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ရှေတန်း တပ်ဖွဲ့ *အင်တာနက်* ကွတ်ခိုင်နှင့် နမ့်ခမ်း နယ်ထဲ၌ ကေအိုင်အေ တပ်မဟာ (၄) တပ်ဖွဲ့များ ရှိပြီး တအာင် (ပလောင်) ပြည် လွတ်မြောက် ရေး တပ်မတော်မှ တပ်ရင်း (၄) ရင်း ရှိပါသည်။ ၄င်းတို့သည် (၁၁၂) ကွတ်ခိုင်ဒေသ၊ (၂၅၆) က နမ့်ဆန် ဒေသ၊ (၃၆၇) မန်တုံဒေသ၊ (၄၇၈) နမ့်ခမ်း နယ်ထဲ၌ လှုပ်ရှားနေပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ၏ နမ့်မဂွင် တပ်ဖွဲ့များနှင့် ပူးပေါင်း လှုပ်ရှား ကြပါသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIO)၊ တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော် တို့သည် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်ကြပါသည်။

ရှမ်းပြည် တိုးတက်ရေး တပ်မတော်သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ရာဇသံ အကြိမ်ကြိမ် အပေးခံရသော အဖွဲ့ဖြစ်ပါသည်။

အစိုးရ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ပြီးခဲ့သည် စက်တင်ဘာ (၆) ရက်နေ့တွင် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တြိဂံတိုင်းသို့ ရောက်ရှိပြီး၊ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ ဒုဥက္ကဌနှင့် တွေ့ဆုံ ခဲ့ပါသည်။

ဤတွေ့ဆုံပွဲ၌ တပ်ချုပ်သည် ၀တပ်ဖွဲ့ အနေဖြင့် ကချင်နဲ့ ပလောင် တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု မပြုရန် တိုက်တွန်း သွားခဲ့သည်ဟု နီးစပ်သူ တဦးက ဆိုပါသည်။

http://www.mwdmedia.net/2012/10/uwsa-ndaa.html အစိုးရမှ မည်သို့ပင် တိုက်တွန်း နေစေကာမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး မကြေညာရဲသဖြင့် တိုင်းရင်းသား အဖွဲ့များ သည် အပစ်ပင် ရပ်စဲထား သော်လည်း အစိုးရအား သံသယဖြစ်နေခဲ့ပါသည်။ ဤသို့ကြောင့် အစိုးရ တိုက်တွန်း နေမှုသည် အချည်းနှီးသာ ဖြစ်ကြောင်း စစ်ရေး လေ့လာ သူများက ဆိုပါသည်။

အလားတူစွာပင် UNFC အဖွဲ့ထဲ၌ အစိုးရနှင့် အပစ်ရပ်သော အဖွဲ့ (၆)ဖွဲ့နှင့် အပစ် မရပ်ရသေးသော အဖွဲ့ (၅) ဖွဲ့ ဟူ၍ ရှိပါသည်။ အထက်ပါ သံသယကြောင့် အပစ်မရပ်ရသေးသော အဖွဲ့များသည် နယ်မြေ အနေအထား အရ ဆက်စပ်မှု ရှိသော ဒေသ၌ တပ်ပေါင်းစုအသွင် ပူးပေါင်း စစ်ဆင်ရေးများ လှုပ်ရှားနေသလို အပစ်ရပ် ထားသော အဖွဲ့များနှင့်လည်း နိုင်ငံရေး အရ ဆက် လက်လက် တွဲနေကြခြင်း ဖြစ်ပါသည်။

ရွှေဟဿင်္ာသတင်းဌာန

facebook မှကြည့် ချင်ရင် like လုပ်ပါ