ရှမ်းလက်နက်ကိုင်အဖွဲ့တွေ၊
ရှမ်းနိုင်ငံရေးပါတီတွေအပါအ၀င် ကဏ္ဍစုံပါဝင်မယ့် ရှမ်းတိုင်းရင်းသား
ညီလာခံတခုကို ဒီလကုန်ပိုင်းမှာ ကျင်းပဖို့ရှိပြီး ဒုတိယသမ္မတ
စိုင်းမောက်ခမ်းနဲ့ သမ္မတရုံးဝန်ကြီး ၂ ဦး တက်ရောက်မှာ ဖြစ်ပါတယ်။
ညီလာခံမတိုင်ခင် နယ်ပေါင်းစုံက ပြည်သူတွေရဲ့ သဘောထား ကောက်ခံသွားမှာ ဖြစ်ပြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီ ၂ ခု၊ ရှမ်းလူငယ်၊ ရှမ်းအမျိုးသမီး၊ စာပေယဉ်ကျေးမှု၊ လူမှုရေး စတဲ့ အဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့ အနည်းဆုံးပါဝင်မယ်လို့ သိရပါတယ်။
အဲဒီညီလာခံမှာ ကျွမ်းကျင်သူပညာရှင်တွေက အစိုးရနဲ့ ပြည်သူတွေကြား