လူငယ်တွေရဲ့
ဖွံ့ဖြိုးတိုးတက်ရေးကို မြင့်တင်ပေးဖို့အတွက် နိုင်ငံတ၀န်းလုံးက မြန်မာ
လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲ (Myanmar Youth Forum) တခုကို ကျင်းပဖို့
စီစဉ်နေကြပါတယ်။
နိုင်ငံတ၀န်းလုံးက သဘာဝ ပတ်ဝန်းကျင်၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အသိပညာပေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်းစုံက လူငယ်တွေက ချိတ်ဆက်ပြီးတော့ ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပြီး လူငယ် ကိုယ်စားလှယ် ၃၀၀ လောက် တက်ရောက်ဆွေးနွေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။