ဒီကေဘီအေ
(ကလိုထူးဘော) တပ်ရဲ့ မိသားစုဝင်တချို့ကို ထိုင်းအာဏာပိုင်တွေက တရားမ၀င်
နိုင်ငံထဲ ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီကေဘီအေဘက်ကလည်း
နယ်စပ်ဖြတ်ကျော်ဂိတ်တွေ ယာယီပိတ်ထားခဲ့ပါတယ်။
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်စောလားဘွယ်ရဲ့ ယောက္ခမ၊ အဒေါ်နဲ့ တူမ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့အတွက် ဒီကေဘီအေဘက်ကလည်း ပြန်တုံ့ပြန်တဲ့အနေနဲ့ သူတို့ထိန်းချုပ်နယ်မြေထဲက ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေကို ၁ ရက်ကျော် ပိတ်ထားခဲ့တယ်လို့ ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။