ရှမ်းပြည်နယ်
တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး
အင်းလေကန်ရဲ့ သဘာဝပတ်ဝန်းကျင် အနေအထားဟာ တနေ့တခြား ပိုဆိုးဝါးလာတယ်လို့
အင်းလေး အထူးဒေသ ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ကိုရေအေးက ပြောပါတယ်။
ပတ်ဝန်းကျင်ဒေသက အနယ်အနှစ်တွေ ပိုချတာတွေ များပြားလာတဲ့အပြင် တခြားသော ဆိုးကျိုး သက်ရောက်မှုတွေကြောင့် အင်းလေးကန် အခြေအနေဟာ အတော်ဆိုးဝါးနေတယ်လို့ ပြောပါတယ်။
အင်းလေးကန်ထဲကို စီးဝင်တဲ့ချောင်းတွေ မြစ်ဖျားခံတဲ့ ဒေသတွေမှာ သစ်တော ပြုန်းတီးတာတွေကြောင့် နုန်းပို့ချတာတွေ များလာပြီးတော့ အင်းလေးကန်က တိမ်လာတယ်လို့ သူကပြောပါတယ်။