ဖနွမ်ပင် (မဇ္ဈိမ) ။ ။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာသမ္မတ ဦးသိန်းစိန်တက်ရောက်ရန်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လေးရက် တာ နေထိုင်မည်ဖြစ်သည်ဟု ထိပ်သီးအစည်းအဝေး ကျင်းပရေးကော်မတီ၏ ထုတ်ပြန်သည့် အစီအစဉ်တွင် ပါရှိသည်။
သမ္မတသည် အထူးလေယာဉ်ဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့နံနက် ၁ဝ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်ဟု အစီအစဉ်တွင်ပါရှိသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် စတင်ကျင်းပလျက်ရှိသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာသမ္မတ ဦးသိန်းစိန်တက်ရောက်ရန်ရှိ
