နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်ဟာ ဒီနေ့ နေပြည်တော်မှာ နိုင်ငံတော်သံဃာမဟာနယက ဆရာတော်တွေ၊
အစ္စလာမ်ဘာသာ အကြီးကဲတွေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တည်ငြိမ်ရေးနဲ့
အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးတို့ကို
ဆွေးနွေးအကြံဥာဏ် တောင်းခံခဲ့ပါတယ်။
သတင်းစာပါ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေနဲ့ ဆုံးရှုံးနစ်နာခဲ့တာတွေကို ဘာသာရေးခေါင်းဆောင်တွေကို ရှင်းလင်းပြောဆိုပါတယ်။
ဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်းဟာ ရာဇာဝတ်မှုတခုအပေါ်ကို မကျေနပ်ပြီး ဥပဒေအရ အရေးယူတာကို လက်ခံရမယ့်အစား အုပ်စုတခုနဲ့ တခု