တရုတ်-မြန်မာနယ်စပ်
လမ်းကြောင်းမှာ တရားမ၀င်ကုန်သွယ်မှု ထိန်းချုပ်ရေး ဆောင်ရွက်တဲ့
သီတင်းနှစ်ပတ်အတွင်း အခွန်ငွေ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲ
ကောက်ခံရရှိခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။
အခုလ ၁ ရက်ကစပြီး စီးပွားကူးသန်းဝန်ကြီးဌာနက ဦးဆောင်တဲ့ Mobile Team အဖွဲ့တွေက စစ်ဆေးခဲ့ရာမှာ တွေ့ရှိတဲ့ တရားမ၀င်ကုန်ပစ္စည်းတွေကို လိုင်စင်ပေးဆောင်စေပြီး တရားဝင်ကုန်သွယ်ခွင့်ပြုခဲ့ရာမှာ အခုလို အခွန်ကောက်ခံရရှိတာ ဖြစ်ပါတယ်။
ဒါကြောင့် နယ်စပ်ကုန်သွယ်မှုပမာဏလည်း တိုးတက်လာတယ်လို့ စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။