ထိုင်းအစိုးရက
လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မတိုင်ခင် နိုင်ငံသားစိစစ်မှု မလုပ်တဲ့
ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ရင်းနိုင်ငံတွေဆီ
ပြန်လည်ပို့ဆောင်မယ်လို့ ထိုင်းအလုပ်သမားရေးရာဌာန အကြီးတန်းအရာရှိတဦးက
ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား (၁ သိန်း ၈ သောင်း ၄ ထောင်) က နိုင်ငံသားစိစစ်ရေး မလုပ်ကြတဲ့အကြောင်းနဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံက ၄ သောင်းခွဲ။ ကမ္ဘောဒီးယားနိုင်ငံက ၄ သောင်း နဲ့ လာအိုနိုင်ငံက ၉ သောင်း ၉ ထောင် ပါတယ်လို့ ထိုင်းအလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ် Pravit Khiengpol ပြောကြားချက်ကို ထိုင်းသတင်းမှာ ရေးပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ (ဧာတ်ပုံ - thairath)
လာအိုအစိုးရကတော့ သူတို့ထံက တာဝန်ရှိသူတွေကို စေလွှတ်ပြီး
နိုင်ငံသားစိစစ်ရေး