အစိုးရက
နိုင်ငံခြားရပ်ခြားကို ထွက်ပြီး အလုပ်လုပ်သူတွေထံကနေ ကောက်ခံနေတဲ့
အက်ဖ်အီးစီ ၁၀၀ ကို ဆက်မကောက်တော့ဘဲ လျှော့ပေါ့ပေးလိုက်ပါတယ်။
နိုင်ငံခြားမှာ ထွက်အလုပ်လုပ်တဲ့ အလုပ်သမား တဦးချင်းစီက အစိုးရ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို ပေးသွင်းနေရတဲ့ အက်ဖ်အီးစီ ၁၀၀ ကို နိုဝင်ဘာလ ၁၉ ရက်နေ့ကစတင်ပြီး ပေးသွင်းဖို့ မလိုတော့ဘူးလို့ နေပြည်တော် အလုပ်သမားဦးစီးဌာနက ပြောပါတယ်။
အလုပ်သမားတွေအတွက် ကုန်ကျစရိတ် သက်သာရအောင် လျှော့ပေါ့ပေးတာလို့ အလုပ်သမားဦးစီးဌာန အရာရှိတဦးက ပြောပါတယ်။