ရခိုင်ပြည်နယ်
မောင်တောမြို့နယ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ သရေကုန်းပေါင် ကျေးရွာအုပ်စုမှာ
နိုဝင်ဘာလ ၁၉ ရက်နေ့ညက အနည်းဆုံး နေအိမ် ၉ လုံး ရှို့မီးကြောင့် မီးလောင်မှု
ဖြစ်ပွားခဲ့တယ်လို့ မောင်တောမြို့ မွတ်ဆလင် ဒေသခံတဦးက ပြောပါတယ်။
“နေအိမ် ၉ လုံးပါ၊ လူမရှိတဲ့အိမ် ၃ လုံး၊ မွတ်စလင်အိမ်တွေကို ရခိုင်တွေ ရှို့တာပါ။ အဲဒါကို အာဏာပိုင်အဖွဲ့အစည်းတွေက ကိုယ့်အိမ်ကိုယ် မီးရှို့တယ်လို့ ပြောတယ်။ မီးကတော့လောင်နေပြီလေ။ ဒါကို ငြိမ်းတဲ့လူတွေကိုတောင် အပေါ်ကို သေနတ်ပစ်ပြီး လှန့်တယ်ကြားတယ်။ ရခိုင်တွေ ရှို့တာမဟုတ်ဘူး။ မွတ်စလင်အိမ်တွေကို မွတ်စလင်တွေပဲ မီးရှို့တယ်လို့ ပြောတယ်။”
လူမနေတဲ့အိမ် ၃ လုံးဟာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့်