နိုင်ငံတကာ မီဒီယာအများစုက ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေများဖြင့်
ခိုးထွက်ပြီး မလေးရှားသို့ သွားလာနေကြသူများမှာ မြန်မာနိုင်ငံတွင်
လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေး တိမ်းရှောင် လာရသူ
ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း ထုတ်ဖေါ်ရေးသား နေကြခြင်းမှာ မဟုတ်မမှန်ဘဲ
လိုသည်ထက် တမင်ချဲ့ကား ရေးသားနေကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက
ယမန်နေ့က သတင်း ထုတ်ဖေါ် ရေးသားလိုက်သည်။
ဘင်္ဂလာဒေခ်ျ့မှအကြီးဆုံး သတင်းဌာန တစ်ခု ဖြစ်သော United News of
Bangladesh (UNB) က ယမန်နေ့က Bangladesh join Rohingya in search of
opportunity တွင် ထိုသို့ ထုတ်ဖေါ် ရေးသားလိုက်ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်္ဘာလ ၇ ရက်နေ့ အတွင်း လူပေါင်း ၂၄၅ ဦးကို