ရန်ကုန်တက္ကသိုလ်
ဘွဲ့နှင်းသဘင်ခမ်းမမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားပြောကြားခဲ့တဲ့
မိန့်ခွန်းထဲမှာ `ရိုဟင်ဂျာ´ဆိုတဲ့အသုံးအနှုန်းကိုသုံးသွားတာကြောင့်
များစွာမှ စိတ်ပျက်ဝမ်းနည်းမိပြီး စိုးရိမ်စရာလည်းဖြစ်တယ်လို့
ရခိုင်အမျိုးသားကွန်ယက်က ပြောဆိုလိုက်ပါတယ်။
ကွန်ယက်ဥက္ကဌ ဦးတင်ထူးအောင်က ` ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးက သမ္မတက `ရိုဟင်ဂျာ´ လို့သုံးသွားတာဟာ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ရှုပ်ထွေးမှုတွေဖြစ်စေနိုင်ပါတယ်´ လို့ ပြောပါတယ်။
ရခိုင်မှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ လူမျိုး၊ ဘာသာပြဿနာမဟုတ်ဘဲ လူ့ယဉ်ကျေးကမ္ဘာမှာနေထိုင်တဲ့သူတွေ အကြမ်းဖက်ခံရတာဖြစ်ပါတယ်လို့လည်းသူက ဆိုပါတယ်။
ယနေ့ နေ့လည်မှာ ရန်ကုန်မြို့က၎င်းကွန်ယက်ရုံးခန်းမှာ သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။

ရှင်းလင်းပြောကြားနေသော ရခိုင်အမျိုးသားကွန်ယက် ဥက္ကဌ ဦးတင်ထူးအောင်