ထိုင်းနိုင်ငံမှာ
ကျင်းပမယ့် ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားမယ့်
မြန်မာအသင်းဟာ အုပ်စုကနေပြီး ဆီမီးဖိုင်နယ် တက်ရောက်ဖို့ မျှော်လင့်သလို
ပွဲတိုင်းဟာ ခက်ခဲလိမ့်မယ်လို့ မြန်မာအသင်း တာဝန်ရှိသူက
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့Golden Tulip Hotel မှာ အာဆီယံ ဆူဇူကီးဖလားအကြို သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ရဲ့ ကစားကွက်တွေပေါ်မှာ အခြေခံပြီး ကစားကွက်တွေကို အပြောင်းအလဲလုပ်သွားမယ်လို့ မြန်မာလက်ထောက်နည်းပြနဲ့ မန်နေဂျာ ဦးတင်မြင့်အောင်က ပြောပါတယ်။

အာဆီယံဆူဇူကီးဖလားအကြို သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ- အံ့ဖုန်းမြတ်)
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဆူဇူးကီဖလားမှာ မြန်မာအသင်းဟာ ဗီယက်နမ်၊
ထိုင်း၊ ဖိလစ်ပိုင်တို့နဲ အုပ်စုတခုတည်းမှာ ရောက်နေသလို ဗီယက်နမ်အသင်းနဲ့
နိုဝင်ဘာ ၂၄ ရက် စနေနေ့မှာ ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။